(Zawgyi/Unicode)
အီရန္ႏ်ဴကလီးယားဆုိင္ရာ ၂၀၁၅ ႏုိင္ငံတကာ စာခ်ဳပ္ပါ သေဘာတူညီခ်က္ေတြကုိ မလုိက္နာေတာ့တဲ့ ေနာက္ဆုံး လုပ္ရပ္တခုအေနနဲ႔ Fordo ႏ်ဴကလီးယား စက္႐ုံက ဗဟုိခြာစက္ေတြထဲ ဓာတ္ေငြ႔ေတြ ျဖည့္သြင္းေတာ့မွာျဖစ္ေၾကာင္း အီရန္ႏုိင္ငံက ဒီေန႔ပဲ ေၾကညာလုိက္ပါတယ္။
ဗဟုိခြာစက္ ၁,၀၄၄ ခုကုိ ယူေရနီယံဓာတ္ေငြ႔ေတြ မနက္ျဖန္စတင္ ျဖည့္သြင္းမွာျဖစ္ေၾကာင္း သမၼတ Hassan Rouhani က ေျပာလုိက္တာပါ။ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ႐ုရွား၊ ဂ်ာမနီ၊ တ႐ုတ္ႏုိင္ငံတုိ႔နဲ႔ အီရန္ႏုိင္ငံၾကား သေဘာတူညီခ်က္အရ Fordo ႏ်ဴကလီးယား စက္႐ုံကုိ သုေတသန လုပ္ငန္းအျဖစ္သာ ေျပာင္းလဲ အသုံးျပဳဖုိ႔ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။
အီရန္ႏုိင္ငံကေတာ့ သေဘာတူညီခ်က္အရ သန္႔စင္ထားတဲ့ ယူေရနီယံေတြ သိမ္းဆည္းခြင့္ ပမာဏကုိ မၾကာေသးခင္ကပဲ ေက်ာ္လြန္စုေဆာင္းခဲ့သလုိ သန္႔စင္မႈ အဆင့္အတန္းကုိလည္း ေက်ာ္လြန္ထုတ္လုပ္ခဲ့တာပါ။
စာခ်ဳပ္ပါ က်န္ႏုိင္ငံေတြ အေနနဲ႔ အီရန္အေပၚ ပိတ္ဆုိ႔ဒဏ္ခတ္မႈေတြကုိ ေျဖေလွ်ာ့ဖုိ႔ သေဘာတူညီခ်က္အတုိင္း လုိက္နာမယ္ဆုိရင္ သူလုပ္ေနတာေတြကုိ ျပန္လည္႐ုပ္သိမ္းေပးမွာျဖစ္ေၾကာင္းလည္း အီရန္သမၼတက ႐ုပ္ျမင္သံၾကား မိန္႔ခြန္းထဲမွာ ထည့္ေျပာသြားပါတယ္။
တီဟီရန္ၿမိဳ႕ေတာ္မွာရွိတဲ့ အေမရိကန္သံ႐ုံးကို သိမ္းပုိက္ခဲ့တဲ့ အႏွစ္ ၄၀ ျပည့္အၿပီး ေနာက္တရက္မွာပဲ ယူေရနီယံ ထုတ္လုပ္မႈေတြ တုိးျမွင့္မယ့္အေၾကာင္း အီရန္အစိုးရက ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။
၂၀၁၅ သေဘာတူညီခ်က္ကုိ မလုိက္နာေတာ့ပဲ ဗဟုိခြာစက္ေတြကုိ ယူေရနီယံေတြသုံးၿပီး ျပန္လည္ လည္ပတ္ေတာ့မွာျဖစ္ေၾကာင္း အီရန္က မေန႔တုန္းက ေၾကညာခဲ့တဲ့ အေပၚမွာေတာ့ ႏ်ဴကလီးယားနဲ႔ အက်ပ္ကုိင္တဲ့လုပ္ရပ္အျဖစ္ အေမရိကန္ အဆင့္ျမင့္ အရာရွိတေယာက္က တုံ႔ျပန္ခဲ့တာပါ။
၂၀၁၅ သေဘာတူညီခ်က္မွာ ပါ၀င္ၾကတဲ့ ဥေရာပႏုိင္ငံေတြ စုိးရိမ္ေအာင္ အီရန္က ႀကိဳးပမ္းတဲ့ လုပ္ရပ္အျဖစ္နဲ႔လည္း ေျပာဆုိခဲ့ပါတယ္။
အီရန္ရဲ႕ ေၾကညာခ်က္နဲ႔ ပတ္သက္လုိ႔ သမၼတ Donald Trump ကုိ ဗြီအုိေအက ေမးျမန္းရာမွာေတာ့ ေစာင့္ၾကည့္သြားမွာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။
[Unicode Version]
နျူကလီးယားလုပ်ငန်းတွေ တိုးမြှင့်ဖို့ အီရန်ကြေညာ
အီရန်နျူကလီးယားဆိုင်ရာ ၂၀၁၅ နိုင်ငံတကာ စာချုပ်ပါ သဘောတူညီချက်တွေကို မလိုက်နာတော့တဲ့ နောက်ဆုံး လုပ်ရပ်တခုအနေနဲ့ Fordo နျူကလီးယား စက်ရုံက ဗဟိုခွာစက်တွေထဲ ဓာတ်ငွေ့တွေ ဖြည့်သွင်းတော့မှာဖြစ်ကြောင်း အီရန်နိုင်ငံက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
ဗဟိုခွာစက် ၁,၀၄၄ ခုကို ယူရေနီယံဓာတ်ငွေ့တွေ မနက်ဖြန်စတင် ဖြည့်သွင်းမှာဖြစ်ကြောင်း သမ္မတ Hassan Rouhani က ပြောလိုက်တာပါ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ၊ တရုတ်နိုင်ငံတို့နဲ့ အီရန်နိုင်ငံကြား သဘောတူညီချက်အရ Fordo နျူကလီးယား စက်ရုံကို သုတေသန လုပ်ငန်းအဖြစ်သာ ပြောင်းလဲ အသုံးပြုဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံကတော့ သဘောတူညီချက်အရ သန့်စင်ထားတဲ့ ယူရေနီယံတွေ သိမ်းဆည်းခွင့် ပမာဏကို မကြာသေးခင်ကပဲ ကျော်လွန်စုဆောင်းခဲ့သလို သန့်စင်မှု အဆင့်အတန်းကိုလည်း ကျော်လွန်ထုတ်လုပ်ခဲ့တာပါ။
စာချုပ်ပါ ကျန်နိုင်ငံတွေ အနေနဲ့ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျှော့ဖို့ သဘောတူညီချက်အတိုင်း လိုက်နာမယ်ဆိုရင် သူလုပ်နေတာတွေကို ပြန်လည်ရုပ်သိမ်းပေးမှာဖြစ်ကြောင်းလည်း အီရန်သမ္မတက ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။
တီဟီရန်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးကို သိမ်းပိုက်ခဲ့တဲ့ အနှစ် ၄၀ ပြည့်အပြီး နောက်တရက်မှာပဲ ယူရေနီယံ ထုတ်လုပ်မှုတွေ တိုးမြှင့်မယ့်အကြောင်း အီရန်အစိုးရက ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၅ သဘောတူညီချက်ကို မလိုက်နာတော့ပဲ ဗဟိုခွာစက်တွေကို ယူရေနီယံတွေသုံးပြီး ပြန်လည် လည်ပတ်တော့မှာဖြစ်ကြောင်း အီရန်က မနေ့တုန်းက ကြေညာခဲ့တဲ့ အပေါ်မှာတော့ နျူကလီးယားနဲ့ အကျပ်ကိုင်တဲ့လုပ်ရပ်အဖြစ် အမေရိကန် အဆင့်မြင့် အရာရှိတယောက်က တုံ့ပြန်ခဲ့တာပါ။
၂၀၁၅ သဘောတူညီချက်မှာ ပါဝင်ကြတဲ့ ဥရောပနိုင်ငံတွေ စိုးရိမ်အောင် အီရန်က ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။
အီရန်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ သမ္မတ Donald Trump ကို ဗွီအိုအေက မေးမြန်းရာမှာတော့ စောင့်ကြည့်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။