သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယား သန့်စင်မှု အရှိန်မြှင့်


(Zawgyi / Unicode)

အီရန်နိုင်ငံ ၊ တဟီရန်မြို့တော်က အမေရိကန်သံရုံးကို အစွန်းရောက် အီရန်ကျောင်းသားတွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့နေ့ အနှစ် ၄၀ ပြည့်ခဲ့မြောက်တဲ့နေ့မှာပဲ အီရန်တို့က ယူရေနီယံ သန့်စင်မှုကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ကြေညာခဲ့ပါတယ်။

အီရန်ရဲ့ အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ Ali Akbar Saleihi က အီရန်တို့အနေနဲ့ ဒါဇင်ပေါင်းများစွာ ရှိတဲ့ အဆင့်မြင့် ဗဟိုခွာစက်တွေနဲ့ နျူးကလီးယား စက်ရုံကို လည်ပတ်နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်က အီရန်နဲ့ တစ်ခြား ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေအကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်မှာ ပါဝင်တဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဒီ ကြေညာချက်ကို အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦးက အီရန်ဟာ နျူးကလီးယားနဲ့ ဆက်လက် ခြိမ်းခြောက် အကျပ်ကိုင်နေတာ ဖြစ်ပြီး ဒီကိစ္စအတွက် စိတ်ပူပန်နေတဲ့ ဥရောပနိုင်ငံတွေဆီကနေ လိုက်လျောချက်တွေ ရရှိအောင် ကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အီရန်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီကိစ္စကို ကျွန်တော်တို့ ကြည့်နေကြောင်း VOA ကို ပြောကြားခဲ့ပါတယ်။

အီရန် နျူးကလီးယား အကြီးအကဲ Saleihi ရဲ့ ပြောကြားချက်မှာ အီရန်ဟာ IR-1 အမျိုးအစားထက် ယူရေနီယံ သန့်စင်မှုကို ပိုပြီးလုပ်နိုင်တဲ့ IR-6 အမျိုုးအစား ဗဟိုခွာစက်တွေကို အသုံးပြုနေပြီလို့ ဆိုပါတယ်။ ၂၀၁၅ သဘောတူချက်က IR-1 အမျိုးအစားကိုသာ အသုံးပြုဖို့ ခွင့်ပြုထားခဲ့တာပါ။ Saleihi က အီရန်တို့အနေနဲ့ ဒီ့ထက် ပိုမြန်တဲ့ IR-9 လို့ခေါ်တဲ့ ဗဟိုခွာစက်တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

..................


(Unicode)





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG