သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူသဘောတူညီချက်ကနေ မထွက်ကြဖို့ အီရန် ပန်ကြား


အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif
အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif

အီရန် နျူကလီယားအရေး နိုင်ငံတကာ သဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်သွားတာဟာ တရားမဝင်ကြောင်းနဲ့ သဘောတူ ညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ တခြားနိုင်ငံတွေလည်း အမေရိကန်လို မလုပ်ကြဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ပန်ကြားလိုက်ပါတယ်။

လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီနဲ့ ရုရှားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို မစ္စတာ Zarif က စာပေးပို့ခဲ့ကြောင်း အီရန်အစိုးရ သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖေါ်ပြပါတယ်။ တကယ်လို့ သဘောတူညီချက် ဆက်ပြီးမြဲစေချင်တယ် ဆိုရင် အမေရိကန်ပြည်ထောင်စု နုတ်ထွက်ခဲ့တာကြောင့် အီရန်ရဲ့ဆုံးရှုံးမှုတွေကို ပြန်ဖြည့်ပေးဖို့လည်း ပန်ကြားခဲ့တာပါ။

၂၀၁၅ နျူကလီယား သဘောတူညီချက်ဟာ တိကျမှန်ကန်ပြီး အတိမ်းအစောင်းမခံသလို ဘက်စုံညီမျှတဲ့ ဆွေးနွေးမှုတွေရဲ့ ရလဒ် ဖြစ်တယ် လို့လည်း သူကဆိုပါတယ်။

အမေရိကန် အစိုးရရဲ့ တရားမဝင်နုတ်ထွက်မှုဟာ အမေရိကန်အစိုးရရဲ့ တခြားအစိုးရတွေအပေါ် အနိုင်ကျင့်တဲ့ နည်းမျိုး သုံးတာဖြစ်ပြီး ကုလသမဂ္ဂ ပဋိဉာဉ် စာတန်းပါ မူဝါဒတွေကိုစိန်ခေါ်ရင် တရားဥပဒေစိုးမိုးရေး ကိုမျက်ကွယ်ပြု တာဖြစ်ကြောင်း လည်း မစ္စတာ Zarif ရဲ့ စာမှာ ဖေါ်ပြထားပါတယ်။

အီရန်နဲ့ ရထားတဲ့ ဒီသဘောတူညီချက်ဟာ အီရန်ကို အသာစီးပေးထားတဲ့ တဖက်သတ်ဆန်တဲ့ ဆိုးဝါးတဲ့ သဘောတူညီချက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ဒီသဘောတူညီချက်ကနေ နုတ်ထွက်ကြောင်း သမ္မတ Donald Trump က ပြီးခဲ့တဲ့ လထဲမှာပဲ ကြေညာခဲ့တာပါ။

ဒီသဘောတူညီချက်ဟာ အရင်သမ္မတ အိုဘားမား အစိုးရ လက်ထက်က ညှိနှိုင်းသဘောတူညီချက် တစိတ်တပိုင်းဖြစ်ပြီး အီရန်ကို လာမယ့် ဆယ်နှစ်အတွင်း သူ့ရဲ့ နျူကလီယား လက်နက်အစီအစဉ်တွေ ပြန်စနိုင်အောင် ခွင့်ပြုထားကြောင်းနဲ့ ဒီသဘောတူညီချက်ကနေ အီရန်ရဲ့ ပဲ့ထိမ်းတပ် ဒုံးကျည်အစီအစဉ် ကိုရော ဆီးရီးယားအာဏာရှင်အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတလွှား အစွန်းရောက်တွေကို အီရန် ပံ့ပိုး နေမှုတွေ အတွက်ပါ ဘာမှ တားဆီးတာမျိုးမရှိဘူး လို့လည်း သမ္မတ Trump ကပြောပါတယ်။

နျူသဘောတူညီချက်ကနေ မထွက်ကြဖို့ အီရန် ပန်ကြား
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG