သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူသဘောတူညီမှုဆိုင်ရာ ဆုံးဖြတ်ချက် Trump အင်္ဂါနေ့ကြေညာမည်


အီရန်နဲ့ နျူကလီးယားဆိုင်ရာသဘောတူညီချက် ကနေ အမေရိကန်က ခွဲထွက်မလား အီရန်ကိုအရေးယူ ပိတ်ဆို့မှုတွေ ပြန်လုပ်မလားဆိုတဲ့ကိစ္စတွေကို အမေရိကန်သမ္မတ Donald Trump က ဒီကနေ့ကြေညာမယ်လို့ဆိုပါတယ်။

၂၀၁၅ခုနှစ် တုန်းကလုပ်ထားတဲ့ အီရန်နျူကလီးယားသဘောတူညီချက်ကို သမ္မတထရမ့်က သဘောမကျတဲ့အကြောင်း မကြာခဏ ပြောနေတတ်တာပါ။ ဒီသဘောတူညီချက်အရ နျူကလီးယားလုပ်ဆောင်မှုတွေလျှော့နည်းလာအောင် အီရန်ကိုအရေးယူ ပိတ်ဆို့ဒဏ်ခတ်တာတွေ လျှော့ချဖို့ဆိုတဲ့ကိစ္စဟာ မအောင်မြင်နိုင်တဲ့လုပ်ရပ်ပဲလို့ သမ္မတထရမ့်ကဆိုပါတယ်။

အီရန်ကို ပဲ့ထိန်းတပ် ဒုံးကျည်စမ်းသပ်မှုတွေရပ်တန့်ဖို့ သဘောတူညီချက်က ဘာမှအလုပ်မဖြစ်ဘူး၊ ဒီသဘောတူညီချက်က နျူကလီးယားဆိုင်ရာ စောင့်ကြည့် ကန့်သတ်မှုတွေကို အချိန်လွန်ကုန်ဆုံးစေတဲ့သဘာပဲလို့လည်း သမ္မတထရမ့်ကပြောပါ တယ်။ တကယ်တော့ သမ္မတထရမ့်က အီရန်နဲ့ပတ်သက်ပြီး မတူညီတဲ့သဘောထား၂ခုကြားမှာ ဖိအားပေးခံနေရတာပါ။ ဥရောပခေါင်းဆောင်တွေက အမေရိကန်အနေနဲ့ လက်ရှိသဘောတူညီချက်အတိုင်းဆက်ပြီးရှိနေစေချင်နေပြီး အစ္စရေးက တော့ အီရန်ဟာ လိမ်ညာလှည့်ဖျားနေတာလို့ဆိုနေပါတယ်။

မကြာခင်ကပဲ အိမ်ဖြူတော်ကိုအလည်ရောက်လာတဲ့ ပြင်သစ် သမ္မတ Emmanuel Macron ကတော့ အီရန်သဘောတူညီချက်ဟာ ပြီးပြည့်စုံတာတော့မဟုတ်ဘူး ဒါပေမဲ့ တခြားလမ်းကြောင်းလည်းရှိမနေဘူးလို့ဆိုပါတယ်။ ဗြိတိန်ကလည်း သမ္မတထရမ့်အစိုးရကို လက်ရှိအီရန်နဲ့နျူကလီးယား ဆိုင်ရာသဘောတူညီချက်အတိုင်း ဆက်ပြီးရှိနေစေချင်နေတာပါ။

အီရန် နျူသဘောတူညီမှုဆိုင်ရာ ဆုံးဖြတ်ချက် Trump အင်္ဂါနေ့ကြေညာမည်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG