သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယား အရေး ကန်-EU အပြုသဘော ဆွေးနွေး


President Hassan Rouhani visits the Bushehr nuclear power plant just outside the port city of Bushehr, Iran, Jan. 13, 2015, in this photo released by the Iranian Presidency Office.
President Hassan Rouhani visits the Bushehr nuclear power plant just outside the port city of Bushehr, Iran, Jan. 13, 2015, in this photo released by the Iranian Presidency Office.

အီရန် နျူကလီးယားအရေး သဘောတူညီချက်မှာ အပြောင်းအလဲတွေလုပ်ဖို့ ဥရောပက လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပြီးခဲ့တဲ့သီတင်း ပတ်က အပြုသဘောဆောင် ဆွေးနွေးတာတွေရှိခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကချုပ်ဆိုတဲ့ သမိုင်းဝင်သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဆုံးဖြတ်လာမယ်ဆိုရင် တခြားလုပ်ဆောင်နိုင်ဖွယ်ရာ အစီအစဉ်တွေကိုလည်း ရေးဆွဲနေတယ်လို့ ပြော ပါတယ်။

ဦးဆောင်စေ့စပ်ညှိနှိုင်းနေသူ နိုင်ငံခြားရေးဌာန၊ မူဝါဒရေးဆွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး Brian Hook က သတင်းထောက်တွေ ကို ဗုဒ္ဓဟူးနေ့မှာ အဲဒီလိုပြောတာပါ။ အီရန် နျူကလီးယားအရေး သဘောတူညီချက်ထဲက အားနည်းချက်တွေလို့ သမ္မတထရမ့်ပ် ကမြင်တာတွေကို ဖြေရှင်းမယ့် ဖြည့်စွက်သဘောတူညီချက်တခုရဖို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့နဲ့ အမေရိကန်က ဆွေးနွေးနေတာ ဖြစ်ပြီး နောက်ဆုံးရက် သတ်မှတ်ထားတဲ့ မေလမှာ သဘောတူညီချက် ရပါ့မလားဆိုတာ သူမခန့်မှန်းနိုင်ဘူးလို့ Brian Hook က ပြောပါတယ်။

အီရန်အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု လျှော့ပေါ့ သက်သာခွင့်ကို အီရန်နျူကလီးယားအရေး သဘောတူညီချက်ထဲမှာ ပါတဲ့အတိုင်း သက်တမ်း ထပ်တိုးပေးမလားဆိုတာ မေလ ၁၂ ရက်နေ့မှာ သမ္မတထရမ့်ပ်အစိုးရက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG