သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ နျူကလီးယားလက်နက်ပုန်းတွေ ရှိနေသလား


အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်မှာ လျှို့ဝှက် နျူကလီးယားလက်နက် သိုလှောင်ရုံတခုရှိတယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က စွပ်စွဲလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြာသပတေးနေ့ကပြောတဲ့ မိန့်ခွန်းအတွင်း ဝန်ကြီးချုပ် နေတန်ညာဟုက “အီရန်နိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်လုပ်ရေး ရည်မှန်းချက်ကို မစွန့်လွှတ်သေးပါဘူး” လို့ တီဟီရန်မြို့တော်၊ Truquzabad ခရိုင်က အဆောက်အဦးတခုရဲ့ တည်နေရာပြမြေပုံနဲ့ ဓာတ်ပုံတွေကို ထုတ်ကိုင်ပြပြီး ပြောသွားပါတယ်။

အဲဒီအဆောက်အဦးမှာ “အီရန်ရဲ့ လျှို့ဝှက်လက်နက်အစီအစဉ်က လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ အမြောက်အများကို သိုလှောင်ထားတယ်” လို့ ဝန်ကြီး နေတန်ညာဟုက ဆိုပါတယ်။

အဲဒီအဆောက်အဦးအကြောင်း အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ IAEA နဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတချို့ကို သူ အသိပေးခဲ့ပြီး IAEA အနေနဲ့ ချက်ခြင်း စစ်ဆေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီစွပ်စွဲချက်အပေါ် အီရန်ဘက်က ချက်ခြင်းတုံ့ပြန်ပြောဆိုတာ မရှိသေးပေမဲ့ နျူကလီးယားလက်နက် ထုတ်လုပ်တဲ့အစီအစဉ် မရှိ ဘူးလို့ ငြင်းထားတာပါ။

အီရန်မှာ နျူကလီးယားလက်နက်ပုန်းတွေ ရှိနေသလား
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG