သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ နဲ႔ ႏ်ဴကလီးယား စစ္မျဖစ္ေအာင္ ဟန္႔တားၾကဖို႔ ပါကစၥတန္၀န္ႀကီးခ်ဳပ္ ပန္ၾကား


ႏွစ္ႏုိင္ငံၾကား ႏ်ဴကလီးယားစစ္ပြဲျဖစ္မယ့္အေရးကို ဟန္႔တားၾကဖို႔ ပါကစၥတန္ ဝန္ႀကီးခ်ဳပ္က တုိက္တြန္းလုိက္ပါတယ္။

ကက္ရွ္မီးယားမွာ လူမစုရ၊ ညမထြက္ရ အမိန္႔ကို ႐ုပ္သိမ္းလိုက္ရင္ ေသြးေခ်ာင္းစီးလာႏိုင္တယ္လို႔ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Imran Khan က ကုလသမၼဂ အေထြေထြညီလာခံမွာ ေျပာၾကားသြားတာပါ။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၅ ရက္ေန႔ကစၿပီး အိႏၵိယအစိုးရက သူတို႔ ထိန္းခ်ဳပ္တဲ့ ကက္ရွ္မီးယား အျခမ္းမွာcurfew အမိန္႔ ထုတ္ၿပီး အဆက္အသြယ္ေတြ ျဖတ္ေတာက္ ေမွာင္ခ်ထားတာ ျဖစ္ပါတယ္။

အိႏၵိယအစိုးရက Jammu နဲ႔ ကက္ရွ္မီးယားကို ဖြဲ႔စည္းပံုအရ ေပးအပ္ထားတဲ့ အထူးအဆင့္အတန္းကို ႐ုပ္သိမ္းလိုက္တဲ့အတြက္ မူဆလင္အမ်ားစု ေနထုိင္ရာ အဲဒီေဒသရဲ႕ အေျခအေနဟာ တေန႔တျခား ဆိုး၀ါးလာၿပီး အိႏၵိယ-ပါကစၥတန္ ႏွစ္ႏုိင္ငံၾကား တင္းမာမႈ ျမင့္မားလာေစခဲ့တာပါ။

“တခုခု ျဖစ္ခဲ့ရင္ေတာ့ အေကာင္းဆံုးကို ေမွ်ာ္လင့္ေပမယ့္ အဆိုးဆံုးအတြက္ ျပင္ဆင္ထားၾကပါ” လို႔လည္း ေျပာသြားပါတယ္။

ကက္ရွ္မီးယားကိစၥဟာ ပါကစၥတန္နဲ႔ ႏွစ္ႏုိင္ငံဆိုင္ရာ ျပႆနာလို႔ အိႏၵိယက ခံယူထားေပမယ့္ ေဆြးေႏြးညႇိႏႈိင္းမယ့္ကိစၥကိုေတာ့ ျငင္းဆန္ထားပါတယ္။

..........................

{Unicode}

အိန္ဒိယ နဲ့ နျူကလီးယား စစ်မဖြစ်အောင် ဟန့်တားကြဖို့ ပါကစ္စတန်ဝန်ကြီးချုပ် ပန်ကြား
နှစ်နိုင်ငံကြား နျူကလီးယားစစ်ပွဲဖြစ်မယ့်အရေးကို ဟန့်တားကြဖို့ ပါကစ္စတန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ကက်ရှ်မီးယားမှာ လူမစုရ၊ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းလိုက်ရင် သွေးချောင်းစီးလာနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ကုလသမ္မဂ အထွေထွေညီလာခံမှာ ပြောကြားသွားတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကစပြီး အိန္ဒိယအစိုးရက သူတို့ ထိန်းချုပ်တဲ့ ကက်ရှ်မီးယား အခြမ်းမှာcurfew အမိန့် ထုတ်ပြီး အဆက်အသွယ်တွေ ဖြတ်တောက် မှောင်ချထားတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက Jammu နဲ့ ကက်ရှ်မီးယားကို ဖွဲ့စည်းပုံအရ ပေးအပ်ထားတဲ့ အထူးအဆင့်အတန်းကို ရုပ်သိမ်းလိုက်တဲ့အတွက် မူဆလင်အများစု နေထိုင်ရာ အဲဒီဒေသရဲ့ အခြေအနေဟာ တနေ့တခြား ဆိုးဝါးလာပြီး အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံကြား တင်းမာမှု မြင့်မားလာစေခဲ့တာပါ။

“တခုခု ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးကို မျှော်လင့်ပေမယ့် အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ” လို့လည်း ပြောသွားပါတယ်။

ကက်ရှ်မီးယားကိစ္စဟာ ပါကစ္စတန်နဲ့ နှစ်နိုင်ငံဆိုင်ရာ ပြဿနာလို့ အိန္ဒိယက ခံယူထားပေမယ့် ဆွေးနွေးညှိနှိုင်းမယ့်ကိစ္စကိုတော့ ငြင်းဆန်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG