(Zawgyi / Unicode)
အေမရိကန္က ခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြေၾကာင့္ စီးပြားေရး က်ဆင္းလာတဲ့ အီရန္ႏုိင္ငံမွာ ေလာင္စာဆီေစ်းႏႈန္းေတြကို ႐ုတ္တရက္ တုိးျမႇင့္လိုက္တဲ့အေပၚ စိတ္ဆိုးေဒါသထြက္ေနၾကတဲ့ အီရန္ျပည္သူေတြ ၿမိဳ႕ ၅ ၿမိဳ႕မွာ လမ္းေပၚထြက္ ဆႏၵျပလာၾကပါတယ္။ အင္တာနက္အြန္လုိင္းကေနလည္း ျပစ္တင္ ေျပာဆိုလာၾကတာပါ။
အစိုးရပုိင္ National Iranian Oil Products Distribution Company က ႀကိဳတင္အသိမေပးဘဲ ေလာင္စာဆီေစ်းႏႈန္းေတြကို မေန႔ ေသာၾကာေန႔မနက္ အေစာပိုင္းမွာပဲ ၅၀ ရာခိုင္ႏႈန္းထိ ႐ုတ္တရက္ တိုးျမႇင့္လိုက္တာပါ။
အစိုးရက ေထာက္ပံ့ေပးေနတဲ့ ေလာင္စာဆီေစ်းႏႈန္းကို တလီတာ ၈ ဆင့္ကေန ၁၃ ဆင့္ထိ တိုးၿပီး သတ္မွတ္လိုက္တာ ျဖစ္ပါတယ္။ ခြဲတမ္းက် ေရာင္းေပးမယ့္ အစီအစဥ္သစ္အရ ကိုယ္ပိုင္ကားတစင္းအတြက္ ေစ်းႏႈန္းသစ္နဲ႔ တလကို လီတာ ၆၀ ၀ယ္ယူခြင့္ရၾကမွာ ျဖစ္ပါတယ္။ ခြဲတမ္းရတာထက္ ပိုၿပီး ၀ယ္ယူမယ္ဆိုရင္ေတာ့ ေလာင္စာဆီ တလီတာကို ၂၆ ဆင့္ထိ ေပးၾကရမွာျဖစ္ပါတယ္။
ေစ်းႏႈန္းအသစ္နဲ႔ ဆီေတြကို ခုလို ခြဲတမ္းက် ၀ယ္ယူခြင့္ရမယ့္ စနစ္သစ္က အီရန္ႏုိင္ငံထဲက ၃ ပုံ ၁ ပုံေလာက္ရွိတဲ့ ႏြမ္းပါးျပည္သူ သန္း ၆၀ ကို ေငြေၾကးေထာက္ပံ့ေပးဖို႔ ျဖစ္တယ္လို႔ ဒုသမၼတ Mohammad Bagher Nobakht ကို ကိုးကားၿပီး အီရန္အစိုးရ ႐ုပ္ျမင္သံၾကားဌာနက ေၾကညာသြားပါတယ္။
လာမယ့္ ၁၀ ရက္အတြင္း ေငြေၾကးေထာက္ပ့ံေပးသြားမွာ ျဖစ္တယ္လို႔လည္း ဒုသမၼတက ေျပာပါတယ္။
ဒါေပမယ့္လည္း အီရန္ႏုိင္ငံသား အေတာ္မ်ားမ်ားကေတာ့ ဒါကို လက္မခံၾကသလို စီးပြားေရး ခက္ခဲေနတဲ့အခ်ိန္မွာ သူတို႔အေပၚ ပိုၿပီး ၀န္ပိေအာင္လုပ္တဲ့ လုပ္ရပ္လို႔ ႐ႈျမင္ေနၾကတာလည္း ျဖစ္ပါတယ္။
အီရန္ရဲ႕ အဓိက၀င္ေငြဘ႑ာျဖစ္တဲ့ ေရနံတင္ပို႔မႈအေပၚ အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔ခဲ့တာေၾကာင့္ ဒီႏွစ္ထဲ အီရန္ရဲ႕ စီးပြားေရး ၉ ရာခုိင္ႏႈန္းထိ က်ဆင္းသြားႏုိင္တယ္လို႔ ကမၻာ့ဘဏ္က ခန္႔မွန္းထားပါတယ္။
----------------------------------
(Unicode)
အီရန်လောင်စာဈေးမြှင့်လို့ ပြည်သူတွေ ဆန္ဒပြ
အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး ကျဆင်းလာတဲ့ အီရန်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ရုတ်တရက် တိုးမြှင့်လိုက်တဲ့အပေါ် စိတ်ဆိုးဒေါသထွက်နေကြတဲ့အီရန်ပြည်သူတွေ မြို့ ၅ မြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြလာကြပါတယ်။ အင်တာနက်အွန်လိုင်းကနေလည်း ပြစ်တင် ပြောဆိုလာကြတာပါ။
အစိုးရပိုင် National Iranian Oil Products Distribution Company ကကြိုတင်အသိမပေးဘဲ လောင်စာဆီဈေးနှုန်းတွေကို မနေ့ သောကြာနေ့မနက် အစောပိုင်းမှာပဲ ၅၀ ရာခိုင်နှုန်းထိ ရုတ်တရက် တိုးမြှင့်လိုက်တာပါ။
အစိုးရက ထောက်ပံ့ပေးနေတဲ့ လောင်စာဆီဈေးနှုန်းကို တလီတာ ၈ ဆင့်ကနေ ၁၃ ဆင့်ထိ တိုးပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ခွဲတမ်းကျ ရောင်းပေးမယ့် အစီအစဉ်သစ်အရ ကိုယ်ပိုင်ကားတစင်းအတွက် ဈေးနှုန်းသစ်နဲ့ တလကို လီတာ ၆၀ ဝယ်ယူခွင့်ရကြမှာ ဖြစ်ပါတယ်။ ခွဲတမ်းရတာထက် ပိုပြီး ဝယ်ယူမယ်ဆိုရင်တော့ လောင်စာဆီ တလီတာကို ၂၆ ဆင့်ထိ ပေးကြရမှာဖြစ်ပါတယ်။
ဈေးနှုန်းအသစ်နဲ့ ဆီတွေကို ခုလို ခွဲတမ်းကျ ဝယ်ယူခွင့်ရမယ့် စနစ်သစ်က အီရန်နိုင်ငံထဲက ၃ ပုံ ၁ ပုံလောက်ရှိတဲ့ နွမ်းပါးပြည်သူ သန်း ၆၀ ကို ငွေကြေးထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ဒုသမ္မတ Mohammad Bagher Nobakht ကို ကိုးကားပြီး အီရန်အစိုးရ ရုပ်မြင်သံကြားဌာနက ကြေညာသွားပါတယ်။
လာမယ့် ၁၀ ရက်အတွင်း ငွေကြေးထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။
ဒါပေမယ့်လည်း အီရန်နိုင်ငံသား အတော်များများကတော့ ဒါကို လက်မခံကြသလို စီးပွားရေး ခက်ခဲနေတဲ့အချိန်မှာ သူတို့အပေါ် ပိုပြီး ဝန်ပိအောင်လုပ်တဲ့ လုပ်ရပ်လို့ ရှုမြင်နေကြတာလည်း ဖြစ်ပါတယ်။
အီရန်ရဲ့ အဓိကဝင်ငွေဘဏ္ဍာဖြစ်တဲ့ ရေနံတင်ပို့မှုအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် ဒီနှစ်ထဲ အီရန်ရဲ့ စီးပွားရေး ၉ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။