သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ဆော်ဒီအကြား ပါကစ္စတန် စေ့စပ်ပေးလို


အီရန်သမ္မတ Hassan Rouhani နှင့် တွေ့ဆုံဆွေးနွေးနေသည့် ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan။
အီရန်သမ္မတ Hassan Rouhani နှင့် တွေ့ဆုံဆွေးနွေးနေသည့် ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan။

ပါကစ္စတန်ရဲ့အိမ်နီးချင်း အီရန်နိုင်ငံဟာ ဆော်ဒီအာရေဗျနဲ့ရော အမေရိကန်နဲ့ပါ တင်းမာမှု မြင့်နေတာကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ အီရန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး သံတမန်ရေး ထိုးစစ်တရပ်ကို စတင်လိုက်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ပြောကြားလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အစ္စလာမ်နိုင်ငံကြီး ၂ ခုဖြစ်တဲ့ အီရန်နဲ့ရော ဆော်ဒီနဲ့ပါ ကာလကြာရှည်ကတည်းက နီးစပ်တဲ့ဆက်ဆံရေးတွေ ရှိခဲ့တာကြောင့် အီရန်နဲ့ ဆော်ဒီတို့ကြားက ပဋိပက္ခကို အစွမ်းကုန် ကာကွယ်သွားလိုတဲ့ ဆန္ဒရှိကြောင်း ဝန်ကြီးချုပ် Khan က အီရန်သမ္မတ Hassan Rouhani နဲ့ ကျယ်ပြန့်စွာ ဆွေးနွေးမှုတွေ အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ပြဿနာတွေက ရှုပ်ထွေးနေတယ်ဆိုတာ သူနားလည်ကြောင်း၊ ဒါပေမယ့် တွေ့ဆုံ ဆွေးနွေးမှုတွေကတဆင့် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း Khan က အလေးထားပြောသွားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လာမယ့် အင်္ဂါနေ့မှာ ဆော်ဒီနိုင်ငံကို သူ သွားရောက်ဖို့ စီစဉ်ထားကြောင်းလည်း ကြေညာသွားပါတယ်။

အရင်တုန်းကလည်း ပါကစ္စတန်နိုင်ငံဟာ ဆော်ဒီနဲ့ အီရန်ကြား ဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးခဲ့တဲ့ အစဉ်အလာရှိကြောင်း၊ အခုတကြိမ်လည်း လုပ်ပေးဖို့ အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ် Khan က ပြောပါတယ်။

ဒီပြဿနာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍ ပါဝင်ပတ်သက်နေတယ်ဆိုတာကို အသိအမှတ်ပြုပေမယ့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် သူ့ရဲ့အားထုတ်မှုဟာ ပါကစ္စတန်နိုင်ငံရဲ့ အစပျိုး လုပ်ဆောင်မှုစစ်စစ်သာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Khan က ဆိုပါတယ်။

----------------------------------------

(Unicode)







အီရန်နဲ့ ဆော်ဒီအကြား ပါကစ္စတန် စေ့စပ်ပေးလို
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG