သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဝန်ကြီးချုပ် တရုတ်ပြည်ကို တနှစ်အတွင်း ၃ ကြိမ်မြောက်သွားရောက်


၂၀၁၈ နိုဝင်ဘာတုန်းက ပါကစ္စတန် ဝန်ကြီးချုပ် နှင့် တရုတ်သမ္မတ
၂၀၁၈ နိုဝင်ဘာတုန်းက ပါကစ္စတန် ဝန်ကြီးချုပ် နှင့် တရုတ်သမ္မတ

ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan ဟာ ဒီနေ့ အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို နိုင်ငံတော် အလည်အပတ်ခရီး သွားရောက်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ တရုတ် သမ္မတ Xi Jinping၊ ဝန်ကြီးချုပ် လီကာရှင်းတို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွေအပြင် ကက်ရှမီးယား ဒေသမှာ အိန္ဒိယနိုင်ငံရဲ့ မကြာသေးမီက အရေးယူဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ Khan ရဲ့ အခု ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ မဟာဗျူဟာ ဆက်ဆံရေး တိုးမြှင့်ရေး ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ကက်ရှမီးယားဒေသက ကိုယ်ပိုင်အုပ်ချုပ်မှု တစ်စိတ်တစ်ပိုင်း ရထားတဲ့ အခွင့်အရေးကို သြဂုတ်လအတွင်း အိန္ဒိယ ဟိန္ဒူ အမျိုးသားရေးဝါဒီ အစိုးရက ရုပ်သိမ်းခဲ့သလို့ မူဆလင် အများစုရှိတဲ့ ဒီဒေသကို ဖိနှိပ် ချုပ်ချယ်မှုတွေ တိုးမြှင့် လုပ်ဆောင်ခဲ့တာကြောင့် ပါကစ္စတန်ဟာ အိန္ဒိယနိုင်ငံနဲ့ တင်းမာမှု မြင့်တက်နေခဲ့ပါတယ်။ ဒီဒေသကို နှစ်နိုင်ငံစလုံးက အပြည့်အ၀ ပိုင်တယ်လို့ ပြောကြားထားခဲ့ကြတာပါ။

ဝန်ကြီးချုပ် Khan အနေနဲ့ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့အတူ သိမ်းပိုက်ခံ ဂျမူးနဲ့ ကက်ရှ်မီးယားက အဖြစ်အပျက်တွေကြောင့် ထွက်ပေါ်လာတဲ့ တောင်အာရှက လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်သွားမယ်လို့လည်း ပါကစ္စတန် ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

တရုတ်နိုင်ငံကလည်း ကက်ရှ်မီးယား ဒေသအတွင်း အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံး လုပ်ရပ်ကို လက်မခံနိုင်စရာ ကိစ္စတစ်ခုအဖြစ် ပယ်ချထားခဲ့ပြီး အငြင်းပွားနေတဲ့ ဒေသအတွင်း တစ်ဖက်သက် အပြောင်းအလဲတွေ လုပ်တဲ့အပေါ် သတိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း အိန္ဒိယနိုင်ငံနဲ့ အငြင်းပွားနေတဲ့ နယ်စပ်အတွင်းက အလွန်သေးငယ်တဲ့ ကက်ရှ်မီးယား နယ်မြေငယ်တစ်ခုကို ထိန်းချုပ်ထားပါတယ်။ အိန္ဒိယကတော့ အခုကိစ္စကို ပြည်တွင်းရေးကိစ္စအဖြစ် သဘောထားပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ် Khan ရဲ့ တရုတ်နိုင်ငံ ခရီးဟာ လွန်ခဲ့တဲ့ တစ်နှစ်က အာဏာရလာပြီး နောက်ပိုင်း တတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။

....................

{Unicode}







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG