သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယား လွတ်လပ်ရေး လူပေါင်းထောင်ချီ ဆန္ဒပြတောင်းဆို


လွတ်လပ်ရေးအတွက် ချီတက်ဆန္ဒပြနေသည့် ကက်ရှ်မီးယား ဒေသခံများ။ (အောက်တိုဘာ ၅၊ ၂၀၁၉)
လွတ်လပ်ရေးအတွက် ချီတက်ဆန္ဒပြနေသည့် ကက်ရှ်မီးယား ဒေသခံများ။ (အောက်တိုဘာ ၅၊ ၂၀၁၉)

အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ၂ လကြာ ရှိခဲ့ပြီဖြစ်တဲ့ အငြင်းပွားဖွယ် ကန့်သတ်ထိန်းချုပ်မှုတွေကို အိန္ဒိယအစိုးရက ဖယ်ရှားပေးရေး ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယား ဒေသခံတွေ စနေနေ့က ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် Chris Van Hollen က အိန္ဒိယနိုင်ငံ ခရီးစဉ်အပြီး ပါကစ္စတန်ကို ရောက်ရှိလာတဲ့နေ့နဲ့ ဆန္ဒပြပွဲက တိုက်ဆိုင်နေတာပါ။ ကက်ရှ်မီးယားကို သူ့အစီအစဉ်နဲ့သူ သွားရောက်ပြီး အခြေအနေ လေ့လာလိုတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Van Hollen ကို အိန္ဒိယက ခွင်မပြုခဲ့ပါဘူး။

ပါကစ္စတန်အရှေ့ပိုင်း Multan မှာ အမေရိကန် အထက်လွှတ်တော်အမတ် Van Hollen က အငြင်းပွားပိုင်နက်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ ဆက်သွယ်ရေး ပြန်ဖွင့်ဖို့နဲ့ လူ့အခွင့်အရေးကို အသေအချာ ကာကွယ်ပေးဖို့ အိန္ဒိယ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသက ဆန္ဒပြသူတွေကတော့ ကက်ရှ်မီးယား ဒေသကို နှစ်နိုင်ငံစလုံးက လွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အိန္ဒိယဘက်ခြမ်းကို သူတို့နည်း သူတို့ဟန်နဲ့ ထိုးဖောက်မယ်လို့ အခိုင်အမာ ပြောဆိုထားတဲ့ ဆန္ဒပြသူတွေက အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား ကက်ရှ်မီးယား နယ်မြေကို ပိုင်းခြားထားတဲ့ Line of Control ကို ဦးတည်ချီတက်ခဲ့ကြပါတယ်။

ပါကစ္စတန်ဘက်ကရော အိန္ဒိယဘက်ကရော လွတ်လပ်ရေး လိုချင်တယ်လို့ ကြွေးကြော် ချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေက နှစ်နိုင်ငံ ထိန်းချုပ်မျဉ်းဆီ တနင်္ဂနွေနေ့မှာ ရောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဆန္ဒပြသူတွေ နယ်စပ်ကို မရောက်စေရေး ကာကွယ်တဲ့အနေနဲ့ ဒေသခံရဲတပ်ဖွဲ့က နှစ်နိုင်ငံ ထိန်းချုပ်မျဉ်းနဲ့ ကီလိုမီတာ အနည်းငယ်အကွာမှာ အတားအဆီးတွေ ချထားပါတယ်။

အိန္ဒိယရဲ့ မွတ်စလင်အများစု နေထိုင်ရာ တခုတည်းသောပြည်နယ် ကက်ရှ်မီးယားဒေသရဲ့ ဆယ်စုနှစ်ပေါင်းများစွာ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်အတန်းကို ကြဂုတ်လ ၅ ရက်နေ့က အိန္ဒိယအစိုးရက ပယ်ဖျက်ခဲ့တာပါ။

---------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG