သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်တောင်ပိုင်း အဓိကရုဏ်း ဟိန္ဒူဘုရားကျောင်းတွေ အဖျက်ဆီးခံရ


Ghotki-Pakistan
Ghotki-Pakistan

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ခရိုင်က Ghotki မြို့မှာ တနင်္ဂနွေနေ့က ဟိန္ဒူဘုရားကျောင်း အများအပြားကို အမျက်ဒေါသထွက်နေတဲ့ အကြမ်းဖက်လူအုပ်ကနေ ဖျက်ဆီးခဲ့ကြပါတယ်။ ဟိန္ဒူဘာသာဝင် ၄၀% လောက်နေထိုင်တဲ့ Ghotki မြို့မှာ ပုဂ္ဂလိကကျောင်း တကျောင်းရဲ့ ကျောင်းအုပ်ကနေ အခြားဘာသာရေးနဲ့ ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုကြောင်း ကျောင်းသားတဦးရဲ့ ဖခင်ကနေ စွပ်စွဲပြောဆိုပြီးနောက်မှာ စနေနေ့ကစပြီး လူတွေ အမျက်ဒေါသ ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ကတော့ ဟိန္ဒူဘုရားကျောင်း သုံးကျောင်းကို လူအုပ်ကနေ ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဘုရားကျောင်းအတွင်း ရှိနေတဲ့ ဝတ်ပြုဆုတောင်းတဲ့ နေရာတွေကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်လို့ မြို့ခံတွေနဲ့ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေက အတည်ပြု ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အကြမ်းဖက်လူအုပ်ဟာ ဘာသာရေးအရ စော်ကားပြောဆိုခဲ့တယ်ဆိုတဲ့ ဟိန္ဒူဘာသာဝင် ကျောင်းအုပ်ရဲ့ ပုဂ္ဂလိကကျောင်းကို ဖျက်ဆီးခဲ့ကြသလို အခြား ဟိန္ဒူတွေရဲ့ အိမ်တွေကိုလည်း ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးခဲ့ကြပါတယ်။ ဒါပေမယ့် မြို့အာဏာပိုင်တွေဘက်က အခြေအနေကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ အရန်တပ်ဖွဲ့တွေရဲ့ အကူအညီကို ယူခဲ့ပါတယ်။

အကြမ်းဖက် ဆန္ဒပြမှုတွေ ပိုပြီးဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် တနင်္ဂနွေနေ့က တမြို့လုံးကို အာဏာပိုင်တွေက ပိတ်ဆို့ထားပါတယ်။ အလားတူ တမန်တော် မိုဟာမက်နဲ့ပတ်သက်လို့ စော်ကားပုတ်ခတ် ပြောဆိုခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကျောင်းအုပ်ကိုလည်း တနင်္ဂနွေနေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲဘက်က အတည်ပြု ပြောကြားခဲ့ပါတယ်။

----------------------

[Unicode Version]





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG