သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်က တရုတ်ဟိုတယ် အကြမ်းဖက်တိုက်ခိုက်ခံရ


ကြယ် ၅ ပွင့် Zaver Pearl Continental ဟိုတယ် (မတ်၊ ၀၈၊ ၂၀၁၉)
ကြယ် ၅ ပွင့် Zaver Pearl Continental ဟိုတယ် (မတ်၊ ၀၈၊ ၂၀၁၉)

ပါကစ္စတန် နိုင်ငံတွင်းမှာ တရုတ် စီမံခန့်ခွဲတဲ့ အာရေးဗျ ပင်လယ် Gwadar ရေနက် ဆိပ်ကမ်း အနီးက ကြယ် ၅ ပွင့် ဟိုတယ်တခုကို စနေနေ့တုန်းက အကြမ်းဖက်ဝါဒီတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် အာဏာပိုင်တို့က ပြောပါတယ်။

ဟိုတယ် အပေါ်ဆုံးထပ်ထိရောက်တဲ့ လှေကား အတက်အဆင်း တခုထဲမှာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေကို ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့က အလျင်အမြန် ဝိုင်းရံထားလိုက်နိုင်ပြီး ဟိုတယ်မှာ တည်းခိုသူ အားလုံးကို ဘေးအန္တရာယ် ကင်းကင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

၃ နာရီ နီးပါးကြာ အပြန်အလှန် သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူ အားလုံး သေဆုံးခဲ့ပြီး ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေက ခိုအောင်းနိုင်ခြေရှိတဲ့ နေရာအားလုံးကို ရှာဖွေခဲ့တယ်လို့လည်း ပြောပါတယ်။

ရေနက်ဆိပ်ကမ်းကြီးကို အပေါ်စီးက မြင်ရတဲ့ တောင်ကုန်းထိပ်မှာ ရှိတဲ့ Zaver Pearl Continental ဟိုတယ်က အနောက်တောင်ပိုင်း ဆိပ်ကမ်းမြို့မှာ အထင်ကရဖြစ်ပြီး တရုတ် ဧည့်သည်တွေ တည်းခိုလေ့ ရှိပါတယ်။

ဒီတိုက်ခိုက်ရေး သမားတွေက ဟိုတယ် ဝန်ထမ်းတွေ အတွက် ထားတဲ့ ဝင်ပေါက်ကနေ ဝင်လာခဲ့ကြတာလို့လည်း ပြောဆိုကြပါတယ်။ ဒီတိုက်ခိုက်မှုက သူတို့ လက်ချက် ဖြစ်တယ်လို့ ခွဲထွက်ရေး အုပ်စု Baluchistan လွတ်မြောက်ရေးတပ် BLA က ပြောဆိုထားပါတယ်။

သေနတ်သမားတွေလို့ ဆိုသူ ၄ ဦးရဲ့ ပုံတွေကိုလည်း လူမှုကွန်ယက်ကနေ တဆင့် BLA အဖွဲ့က ထုတ်ပြန်ထားပြီး ဒီလူတွေက ဝင်ရောက်စီးနင်းခဲ့တာလို့လည်း ပြောဆိုပါတယ်။ ဒီပြောဆိုချက် အပေါ် သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။

ပါကစ္စတန် ဆိုင်ရာ တရုတ် သံရုံးကတော့ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ပါကစ္စတန် စစ်တပ်ရဲ့ ရဲရင့်တဲ့ ဆောင်ရွက်ချက်ကို ချီးကျူးပါကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပါကစ္စတန်က တရုတ်ဟိုတယ် အကြမ်းဖက်တိုက်ခိုက်ခံရ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG