သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရား၀င္မေၾကညာတဲ႔ အီရန္ ႏ်ဴကလီးယားစက္႐ံုမွာ ယူေရနီယံ အေထာက္အထားေတြ႔႐ွိ


(Zawgyi/Unicode)

အီရန္ႏုိင္ငံက တရား၀င္ ေၾကညာထားျခင္း မရွိတဲ့ ႏ်ဴကလီးယား စက္ရုံတည္ေနရာ တစ္ခုမွာ ယူေရနီယံ ဓါတ္မုန္ေတြကို ေတြ႕ရွိခဲ့တယ္လို႔ ကုလသမဂၢ အႏုျမဴ စြမ္းအင္ ေအဂ်င္စီ (IAEA) က တနလၤာေန႔က ေျပာပါတယ္။

သတင္းဌာနေတြက ရရွိရွိခဲ့တဲ့ လွ်ိဳ႕၀ွက္ အစီရင္ခံစာ တစ္ခုမွာ IAEA က လူလုပ္ ယူေရနီယီ ဓါတ္္မုန္ေတြ ရွာေဖြ ေတြ႕ရွိတာကို အတည္ျပဳခဲ့ ျပီး တရား၀င္ မေၾကညာထားတဲ့ အဲဒီ ေနရာကိုေတာ့ အစီရင္ခံစာ မွာ ထုတ္ေဖာ္ ေရးသာထားျခင္း မရွိပါဘူး။

အဲဒီ အစီရင္ခံစာထဲမွာပဲ အီရန္ဟာ ယူေရနီယံ သန္႔စင္မႈေတြကို ေျမေအာက္မွာ ရွိတဲ့ Fordow စက္ရုံမွာ လုပ္ေဆာင္ေနၾကာင္း အတည္ျပဳ ထားပါတယ္။ အီရန္နဲ႔ တစ္ျခား အင္အားၾကီး ႏုိင္ငံေတြ ၂၀၁၅ ခုႏွစ္မွာ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္အရ အဲဒီ ေနရာမွာ ယူေရနီယံ သန္႔စင္တာေတြ လုပ္ေဆာင္ခြင့္ မျပဳပါဘူး။ အေမရိကန္ႏုိင္ငံက ျပီးခဲ့တဲ့ႏွစ္က အဲဒီ စာခ်ဳပ္ကေန ႏုတ္ထြက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ကေတာ့ IAEA က ေစာင့္ၾကည့္ေနတဲ့ Bushehr စက္ရုံက ဒုတိယ ႏ်ဴကလီးယား ဓါတ္ေပါင္းဖိုတစ္ခုကို အီရန္တို႔ ကြန္ကရစ္ေတြနဲ႔ ေလာင္းခ် ပိတ္ဖုံးခဲ့ပါတယ္။ အီရန္တို႔က သူတို႔ရဲ႕ ႏ်ဴကလီးယား စီမံကိန္းဟာ တိုင္းျပည္ကို လွ်ပ္စစ္ ဓါတ္အားေပးဖို႔လို႔ ေျပာျပီး ၿငိမ္းခ်မ္းစြာ အသုံးျပဳဖို႔အတြက္ ရည္ရြယ္တယ္လို႔ ေျပာဆိုထားခဲ့တာပါ။

ေလာေလာဆယ္မွာေတာ့ ယူေရနီယံ သန္႔စင္မႈကို ၂၀၁၅ ခုႏွစ္က ခြင့္ျပဳ ထားတဲ့ ၃.၆၇ ရာခိုင္ႏွဳန္းထက္ ပိုၿပီး ၄.၅ ရာခိုင္ႏွဳန္း ပိုမို သန္႔စင္ ထုတ္လုပ္မယ္လို႔ ဆိုပါတယ္။

....................

တရားဝင်မကြေညာတဲ့ အီရန် နျူကလီးယားစက်ရုံမှာ ယူရေနီယံ အထောက်အထားတွေ့ရှိ

(Unicode)

အီရန်နိုင်ငံက တရားဝင် ကြေညာထားခြင်း မရှိတဲ့ နျူကလီးယား စက်ရုံတည်နေရာ တစ်ခုမှာ ယူရေနီယံ ဓါတ်မုန်တွေကို တွေ့ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က တနင်္လာနေ့က ပြောပါတယ်။

သတင်းဌာနတွေက ရရှိရှိခဲ့တဲ့ လျှို့ဝှက် အစီရင်ခံစာ တစ်ခုမှာ IAEA က လူလုပ် ယူရေနီယီ ဓါတ်မုန်တွေ ရှာဖွေ တွေ့ရှိတာကို အတည်ပြုခဲ့ ပြီး တရားဝင် မကြေညာထားတဲ့ အဲဒီ နေရာကိုတော့ အစီရင်ခံစာ မှာ ထုတ်ဖော် ရေးသာထားခြင်း မရှိပါဘူး။

အဲဒီ အစီရင်ခံစာထဲမှာပဲ အီရန်ဟာ ယူရေနီယံ သန့်စင်မှုတွေကို မြေအောက်မှာ ရှိတဲ့ Fordow စက်ရုံမှာ လုပ်ဆောင်နေကြာင်း အတည်ပြု ထားပါတယ်။ အီရန်နဲ့ တစ်ခြား အင်အားကြီး နိုင်ငံတွေ ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အဲဒီ နေရာမှာ ယူရေနီယံ သန့်စင်တာတွေ လုပ်ဆောင်ခွင့် မပြုပါဘူး။ အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့နှစ်က အဲဒီ စာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ IAEA က စောင့်ကြည့်နေတဲ့ Bushehr စက်ရုံက ဒုတိယ နျူကလီးယား ဓါတ်ပေါင်းဖိုတစ်ခုကို အီရန်တို့ ကွန်ကရစ်တွေနဲ့ လောင်းချ ပိတ်ဖုံးခဲ့ပါတယ်။ အီရန်တို့က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ တိုင်းပြည်ကို လျှပ်စစ် ဓါတ်အားပေးဖို့လို့ ပြောပြီး ငြိမ်းချမ်းစွာ အသုံးပြုဖို့အတွက် ရည်ရွယ်တယ်လို့ ပြောဆိုထားခဲ့တာပါ။

လောလောဆယ်မှာတော့ ယူရေနီယံ သန့်စင်မှုကို ၂၀၁၅ ခုနှစ်က ခွင့်ပြု ထားတဲ့ ၃.၆၇ ရာခိုင်နှုန်းထက် ပိုပြီး ၄.၅ ရာခိုင်နှုန်း ပိုမို သန့်စင် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG