သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ Fordow ႏ်ဴကလီးယားစက္႐ုံ ျပန္လည္ပတ္


အီရန္ႏိုင္ငံက Fordow ႏ်ဴကလီးယားစက္႐ံု

(Zawgyi/Unicode)

အီရန္ႏိုင္ငံက Fordow ႏ်ဴကလီးယားစက္႐ံုမွာ ယူေရနီယံသန္႔စင္မႈေတြ ျပန္လည္ လုပ္ေဆာင္ေနၿပီလို႔ အီရန္အႏုျမဴစြမ္းအင္ေအေအဂ်င္စီက ဒီကေန႔ ေၾကညာလိုက္ပါတယ္။

အီရန္နဲ႔ ႏိုင္ငံတကာၾကား ၂၀၁၅ ခုႏွစ္က ရ႐ွိထားတဲ့ Nuclear ဆုိင္ရာ သေဘာတူညီခ်က္ထဲမွာ Fordow Nuclear စက္႐ံုမွာ ယူေရနီယံ သန္႔စင္တာနဲ႔ သန္႔စင္မႈနဲ႔ဆက္စပ္တဲ့ လုပ္ရပ္ေတြ မလုပ္ဖုိ႔ တားျမစ္ထားတာျဖစ္ပါတယ္။

ကုလလသမဂၢအႏုျမဴစြမ္းအင္ေအဂ်င္စီ IAEA တာဝန္႐ွိသူတေယာက္ေ႐ွ႕မွာ ဗုဒၶဟူးေန႔ညက သန္႔စင္မႈေတြကို ျပန္လည္စတင္ခဲ့တယ္လို႔ အီရန္အႏုျမဴစြမ္းအင္ေအေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။

Fordow စက္႐ံုမွာ ယူေရနီယံေတြရဲ႕ သန္႔စင္အဆင့္ကုိ ၄.၅ ရာခိုင္ႏႈန္း အထိျဖစ္ေအာင္ သန္႔စင္သြားမယ္လို႔လည္း ဆိုပါတယ္။ ဒီအဆင့္ဟာ ၂၀၁၅ အီရန္ႏ်ဴကလီးယား သေဘာတူညီခ်က္မွာ ခြင့္ျပဳထားတဲ့ သန္႔စင္အဆင့္ထက္ နည္းနည္းပိုမ်ားပါတယ္။ ဒါေပမဲ့ ဒီအဆင့္စာ Nuclear လက္နက္ ထုတ္လုပ္ႏိုင္ဖုိ႔လိုတဲ့အဆင့္ထက္ေတာ့ အမ်ားႀကီးနည္းပါတယ္။

စာခ်ဳပ္ထဲကေန ႏုတ္ထြက္ခဲ့တဲ့ အေမရိကန္က အီရန္ေရနံတင္ပို႔မႈအပါအဝင္ အီရန္စီးပြားေရး ထိခိုက္ေအာင္ ပိတ္ဆို႔ ဒဏ္ခတ္မႈေတြလုပ္ေနတာ သက္သာေအာင္ တျခား စာခ်ဳပ္ပါႏုိင္ငံေတြက ကူညီမလုပ္ေပးဘူးလို႔ဆိုၿပီး စာခ်ဳပ္ပါအခ်က္ေတြကို ခ်ဳိးေဖာက္ေနတာျဖစ္ပါတယ္။

ခုလိုစာခ်ဳပ္အရတားျမစ္ထားတဲ့ စက္႐ံုမွာ သန္႔စင္မႈေတြျပန္လုပ္ေနတဲ့အျပင္ အေစာပိုင္းထဲက အီရန္မွာ ပိုင္ဆိုင္ခြင့္ျပဳထားတဲ့ ယူေရနီယံပမာဏကို တိုးျမွင့္ခဲ့သလို ယူေရနီယံသန္႔စင္အဆင့္ကိုလည္း ျမွင့္တင္ခဲ့ပါတယ္။

ခုလိုအီရန္ရဲ႕ ေဆာင္႐ြက္မႈေတြန႔ဲ ပတ္သက္လို႔ ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ေအဂ်င္စီ IAEA ဘုတ္အဖဲြ႔ဝင္ေတြ Austria ႏိုင္ငံ Vienna ၿမိဳ႕ေတာ္မွာ ဒီကေန႔ ေတြ႔ဆံုေဆြးေႏြးၾကမွာျဖစ္ပါတယ္။

အီရန္ Fordow ႏ်ဴကလီးယားစက္႐ုံ ျပန္လည္ပတ္
please wait

No media source currently available

0:00 0:01:21 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အီရန် Fordow နျူကလီးယားစက်ရုံ ပြန်လည်ပတ်

အီရန်နိုင်ငံက Fordow နျူကလီးယားစက်ရုံမှာ ယူရေနီယံသန့်စင်မှုတွေ ပြန်လည် လုပ်ဆောင်နေပြီလို့ အီရန်အနုမြူစွမ်းအင်အေအေဂျင်စီက ဒီကနေ့ ကြေညာလိုက်ပါတယ်။

အီရန်နဲ့ နိုင်ငံတကာကြား ၂၀၁၅ ခုနှစ်က ရရှိထားတဲ့ Nuclear ဆိုင်ရာသဘောတူညီချက်ထဲမှာ Fordow Nuclear စက်ရုံမှာ ယူရေနီယံသန့်စင်တာနဲ့ သန့်စင်မှုနဲ့ဆက်စပ်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ တားမြစ်ထားတာဖြစ်ပါတယ်။

ကုလလသမဂ္ဂအနုမြူစွမ်းအင်အေဂျင်စီ IAEA တာဝန်ရှိသူတယောက်ရှေ့မှာ ဗုဒ္ဓဟူးနေ့ညက သန့်စင်မှုတွေကို ပြန်လည်စတင်ခဲ့တယ်လို့ အီရန်အနုမြူစွမ်းအင်အေအေဂျင်စီက ပြောကြားခဲ့ပါတယ်။

Fordow စက်ရုံမှာ ယူရေနီယံတွေရဲ့ သန့်စင်အဆင့်ကို ၄.၅ ရာခိုင်နှုန်း အထိဖြစ်အောင် သန့်စင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအဆင့်ဟာ ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်မှာ ခွင့်ပြုထားတဲ့ သန့်စင်အဆင့်ထက် နည်းနည်းပိုများပါတယ်။ ဒါပေမဲ့ ဒီအဆင့်စာ Nuclear လက်နက် ထုတ်လုပ်နိုင်ဖို့လိုတဲ့အဆင့်ထက်တော့ အများကြီးနည်းပါတယ်။

စာချုပ်ထဲကနေ နုတ်ထွက်ခဲ့တဲ့ အမေရိကန်က အီရန်ရေနံတင်ပို့မှုအပါအဝင် အီရန်စီးပွားရေး ထိခိုက်အောင် ပိတ်ဆို့ ဒဏ်ခတ်မှုတွေလုပ်နေတာ သက်သာအောင် တခြား စာချုပ်ပါနိုင်ငံတွေက ကူညီမလုပ်ပေးဘူးလို့ဆိုပြီး စာချုပ်ပါအချက်တွေကို ချိုးဖောက်နေတာဖြစ်ပါတယ်။

ခုလိုစာချုပ်အရတားမြစ်ထားတဲ့ စက်ရုံမှာ သန့်စင်မှုတွေပြန်လုပ်နေတဲ့အပြင် အစောပိုင်းထဲက အီရန်မှာ ပိုင်ဆိုင်ခွင့်ပြုထားတဲ့ ယူရေနီယံပမာဏကို တိုးမြှင့်ခဲ့သလို ယူရေနီယံသန့်စင်အဆင့်ကိုလည်း မြှင့်တင်ခဲ့ပါတယ်။

ခုလိုအီရန်ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ဘုတ်အဖွဲ့ဝင်တွေ Austria နိုင်ငံ Vienna မြို့တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

XS
SM
MD
LG