သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အယာတိုလာခါေမနီပုံ မီးရႈိ႕ဆႏၵျပမႈ အီရန္-အီရတ္ ဆက္ဆံေရးပ်က္ယြင္း


အီရတ္မွာ ဆႏၵျပသူေတြက အီရန္ႏိုင္ငံဥေသွ်ာင္ရဲ႕ ပုံတူအ႐ုပ္ေတြကို မီးတင္ရႈိ႕ၾကသလို Karbala ၿမိဳ႕က အီရန္ ေကာင္စစ္ဝန္႐ုံးကိုလည္း မီးတင္ရႈိ႕ၾကပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြေၾကာင့္ အိမ္နီးခ်င္း အီရတ္ႏိုင္ငံနဲ႔ ပတ္သက္တဲ့ ႏွစ္ ၄၀ ၾကာ အီရန္ရဲ႕မူဝါဒဟာလည္း ထိခိုက္လာေနပုံရပါတယ္။ ကိုင္႐ိုၿမိဳ႕ေတာ္ကေန Edward Yeranian ေပးပို႔ထားတဲ့သတင္းလႊာကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

အီရတ္ႏိုင္ငံမွာ ဆႏၵျပသူေတြက အီရန္ႏိုင္ငံဥေသွ်ာင္ Ayatollah Ali Khamenei နဲ႔ သူ႔ရဲ႕ ထိပ္တန္းတပ္မႉးျဖစ္သူ ဗိုလ္ခ်ဳုပ္ႀကီး Qassem Suleimani တို႔ရဲ႕ ပုံတူ႐ုပ္ေတြကို မီးတင္ရႈိ႕ၾကသလို အီရန္က ၾကားခံအျဖစ္ အသုံးျပဳေနတဲ့ ရွီးယားလက္နက္ကိုင္ေတြ ကို ဆန႔္က်င္ကန႔္ကြက္တဲ့ ေႂကြးေက်ာ္သံေတြကိုလည္း ေအာ္ဟစ္ၾကပါတယ္။

ရွီးယားမြတ္ဆလင္ေတြရဲ႕ ဘာသာေရး အထြဋ္အျမတ္ၿမိဳ႕ျဖစ္တဲ့ Karbala ၿမိဳ႕က အီရန္ေကာင္စစ္ဝန္႐ုံး တစိတ္တပိုင္းကို လူငယ္ အမ်ားစုျဖစ္တဲ့ အီရတ္ဆႏၵျပသူေတြက တနဂၤေႏြေန႔မွာ မီးတင္ရႈိ႕ၿပီး လူငယ္ေတြဟာ အေဆာက္အဦးအျပင္ဘက္က တံတိုင္းေတြ ေပၚမွာ ကခုန္ၾကပါတယ္။

အီရတ္မွာေရာ လက္ဘႏြန္မွာပါ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲေတြျဖစ္တာ ျပည္ပႏိုင္ငံေတြက ေသြးထိုးလႈံ႕ေဆာ္တာေၾကာင့္ ျဖစ္ တယ္လို႔ အီရန္ႏိုင္ငံဥေသွ်ာင္ ခါေမနီက ၿပီးခဲ့တဲ့သီတင္းပတ္မွာ စြပ္စြဲေျပာဆိုတဲ့အေပၚ အီရတ္ႏိုင္ငံသားေတြ ေဒါသထြက္ ၾကပါတယ္။

“အီရတ္နဲ႔ လက္ဘႏြန္မွာ အဓိက႐ုဏ္းေတြနဲ႔ မတည္မၿငိမ္ ႐ုတ္႐ုတ္သဲသဲျဖစ္ေအာင္ အေမရိကန္နဲ႔ အေနာက္ ႏိုင္ငံေတြ၊ ပင္လယ္ေကြ႕ ႏိုင္ငံေတြက အားေပးအားေျမႇာက္ လုပ္ေနၾကတာပါ။”

အီရတ္ႏိုင္ငံရဲ႕ ထိပ္တန္း ရွီးယားေခါင္းေဆာင္ Grand Ayatollah Ali Sistani က ဘယ္လို ျပင္ပအင္အားစုကမွ သူတို႔ျဖစ္ေစခ်င္ တဲ့အတိုင္းျဖစ္ေအာင္ ၾသဇာလႊမ္းမိုးတာမ်ိဳး အျဖစ္မခံဖို႔ ေသာၾကာေန႔ ဝတ္ျပဳဆုေတာင္းပြဲေတြမွာ သူ႔ကိုယ္စား ဦးေဆာင္ ဆု ေတာင္းေပးသူ Seyyid Ali Safi ကေနတဆင့္ အီရတ္လူထုကိုေျပာပါတယ္။ ျပင္ပအင္အားစု ဆိုတာကေတာ့ အီရန္ႏိုင္ငံကို ရည္ၫႊန္းတာပါ။

လက္ရွိ အီရတ္ဆႏၵျပပြဲေတြနဲ႔ အီရန္ရဲ႕မူဝါဒအေပၚ ေထာက္ျပေဝဖန္သူကေတာ့ အီရန္သမၼတေဟာင္း Abolhassan Bani Sadr ျဖစ္ၿပီး သူက ျပင္သစ္ဘာသာနဲ႔ ဗြီအိုေအကို အခုလိုေျပာပါတယ္။

“အီရတ္မွာေရာ လက္ဘႏြန္မွာပါ လူထုေထာက္ခံတဲ့ ဆႏၵျပပြဲေတြ ဆက္ျဖစ္ေနတာေၾကာင့္ အီရန္ အစိုးရက ဖန္တီးေနတဲ့ အီရတ္၊ ဆီးရီးယား၊ လက္ဘႏြန္တို႔နဲ႔ ေပါင္းစည္းညီၫြတ္ေရး ႏွစ္ ၄၀ နီးပါးၾကာ မူဝါဒကို ယိုင္နဲ႔ေစခဲ့ၿပီ ျဖစ္ပါတယ္။”

အသက္ေသြးေခြၽးေတြ ရင္းၿပီးေတာ့ေရာ ဘ႑ာေငြေၾကးေတြ သုံးၿပီးေတာ့ပါ ႏွစ္ ၄၀ ၾကာ ႀကိဳးပမ္းခဲ့တာေတြဟာ ဒီဆႏၵျပပြဲေတြ ျဖစ္လာတာနဲ႔အတူ ဘယ္လိုျဖစ္ၿပီးေတာ့ ဒီေလာက္ျမန္ျမန္ က်ရႈံးသြားရတာလဲဆိုတာ အီရန္ႏိုင္ငံဥေသွ်ာင္ Ayatollah Khamenei အေနနဲ႔ သူ႔လူထုကိုေတာင္ ရွင္းမျပႏိုင္ပါဘူးလို႔ အီရန္သမၼတေဟာင္း Bani Sadr ကေျပာပါတယ္။

(Unicode)

အယာတိုလာခါမေနီပုံ မီးရှို့ဆန္ဒပြမှု အီရန်-အီရတ် ဆက်ဆံရေးပျက်ယွင်း

အီရတ်မှာ ဆန္ဒပြသူတွေက အီရန်နိုင်ငံဥသျှောင်ရဲ့ ပုံတူအရုပ်တွေကို မီးတင်ရှို့ကြသလို Karbala မြို့က အီရန် ကောင်စစ်ဝန်ရုံးကိုလည်း မီးတင်ရှို့ကြပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့် အိမ်နီးချင်း အီရတ်နိုင်ငံနဲ့ ပတ်သက်တဲ့ နှစ် ၄၀ ကြာ အီရန်ရဲ့မူဝါဒဟာလည်း ထိခိုက်လာနေပုံရပါတယ်။ ကိုင်ရိုမြို့တော်ကနေ Edward Yeranian ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အီရတ်နိုင်ငံမှာ ဆန္ဒပြသူတွေက အီရန်နိုင်ငံဥသျှောင် Ayatollah Ali Khamenei နဲ့ သူ့ရဲ့ ထိပ်တန်းတပ်မှူးဖြစ်သူ ဗိုလ်ချုုပ်ကြီး Qassem Suleimani တို့ရဲ့ ပုံတူရုပ်တွေကို မီးတင်ရှို့ကြသလို အီရန်က ကြားခံအဖြစ် အသုံးပြုနေတဲ့ ရှီးယားလက်နက်ကိုင်တွေ ကို ဆန့်ကျင်ကန့်ကွက်တဲ့ ကြွေးကျော်သံတွေကိုလည်း အော်ဟစ်ကြပါတယ်။

ရှီးယားမွတ်ဆလင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်မြို့ဖြစ်တဲ့ Karbala မြို့က အီရန်ကောင်စစ်ဝန်ရုံး တစိတ်တပိုင်းကို လူငယ် အများစုဖြစ်တဲ့ အီရတ်ဆန္ဒပြသူတွေက တနင်္ဂနွေနေ့မှာ မီးတင်ရှို့ပြီး လူငယ်တွေဟာ အဆောက်အဦးအပြင်ဘက်က တံတိုင်းတွေ ပေါ်မှာ ကခုန်ကြပါတယ်။

အီရတ်မှာရော လက်ဘနွန်မှာပါ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်တာ ပြည်ပနိုင်ငံတွေက သွေးထိုးလှုံ့ဆော်တာကြောင့် ဖြစ် တယ်လို့ အီရန်နိုင်ငံဥသျှောင် ခါမေနီက ပြီးခဲ့တဲ့သီတင်းပတ်မှာ စွပ်စွဲပြောဆိုတဲ့အပေါ် အီရတ်နိုင်ငံသားတွေ ဒေါသထွက် ကြပါတယ်။

“အီရတ်နဲ့ လက်ဘနွန်မှာ အဓိကရုဏ်းတွေနဲ့ မတည်မငြိမ် ရုတ်ရုတ်သဲသဲဖြစ်အောင် အမေရိကန်နဲ့ အနောက် နိုင်ငံတွေ၊ ပင်လယ်ကွေ့ နိုင်ငံတွေက အားပေးအားမြှောက် လုပ်နေကြတာပါ။”

အီရတ်နိုင်ငံရဲ့ ထိပ်တန်း ရှီးယားခေါင်းဆောင် Grand Ayatollah Ali Sistani က ဘယ်လို ပြင်ပအင်အားစုကမှ သူတို့ဖြစ်စေချင် တဲ့အတိုင်းဖြစ်အောင် သြဇာလွှမ်းမိုးတာမျိုး အဖြစ်မခံဖို့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတွေမှာ သူ့ကိုယ်စား ဦးဆောင် ဆု တောင်းပေးသူ Seyyid Ali Safi ကနေတဆင့် အီရတ်လူထုကိုပြောပါတယ်။ ပြင်ပအင်အားစု ဆိုတာကတော့ အီရန်နိုင်ငံကို ရည်ညွှန်းတာပါ။

လက်ရှိ အီရတ်ဆန္ဒပြပွဲတွေနဲ့ အီရန်ရဲ့မူဝါဒအပေါ် ထောက်ပြဝေဖန်သူကတော့ အီရန်သမ္မတဟောင်း Abolhassan Bani Sadr ဖြစ်ပြီး သူက ပြင်သစ်ဘာသာနဲ့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“အီရတ်မှာရော လက်ဘနွန်မှာပါ လူထုထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာကြောင့် အီရန် အစိုးရက ဖန်တီးနေတဲ့ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်တို့နဲ့ ပေါင်းစည်းညီညွတ်ရေး နှစ် ၄၀ နီးပါးကြာ မူဝါဒကို ယိုင်နဲ့စေခဲ့ပြီ ဖြစ်ပါတယ်။”

အသက်သွေးချွေးတွေ ရင်းပြီးတော့ရော ဘဏ္ဍာငွေကြေးတွေ သုံးပြီးတော့ပါ နှစ် ၄၀ ကြာ ကြိုးပမ်းခဲ့တာတွေဟာ ဒီဆန္ဒပြပွဲတွေ ဖြစ်လာတာနဲ့အတူ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်မြန်မြန် ကျရှုံးသွားရတာလဲဆိုတာ အီရန်နိုင်ငံဥသျှောင် Ayatollah Khamenei အနေနဲ့ သူ့လူထုကိုတောင် ရှင်းမပြနိုင်ပါဘူးလို့ အီရန်သမ္မတဟောင်း Bani Sadr ကပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG