သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ဆန္ဒပြပွဲ သေဆုံးသူ ရာကျော်ပြီ


အီရတ်လုံခြုံရေးတပ်ဖွဲ့၏ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် ဆန္ဒပြသူများ။ (အောက်တိုဘာ ၅၊ ၂၀၁၉)
အီရတ်လုံခြုံရေးတပ်ဖွဲ့၏ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် ဆန္ဒပြသူများ။ (အောက်တိုဘာ ၅၊ ၂၀၁၉)

အီရတ်နိုင်ငံက အစိုးရဆန့်ကျင်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ကြား ထိပ်တိုက်ဖြစ်ကြတဲ့ ဆန္ဒပြပွဲ ၆ ရက်မြောက် တနင်္ဂနွေနေ့မှာတော့ သေဆုံးသူ ၁၀၄ ဦး ရှိသွားခဲ့ပြီး ဆန္ဒပြပွဲတွေ နောက်နေ့အထိ ဆက်ဖြစ်မယ့် အခြေအနေ ရှိပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ဒဏ်ရာရသူ ၆,၁၀၀ ကျော် ရှိသွားပြီလို့ အီရတ် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုလိုက်ပြီး အဲဒီအထဲမှာ ၁,၂၀၀ ကျော်က လုံခြုံရေးအဖွဲ့ဝင်တွေလို့ ဆိုပါတယ်။ သေဆုံးရသူ ၁၀၄ ဦးထဲမှာ ၈ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေလို့လည်း သူက ပြောပါတယ်။

စနေတညလုံး အစိုးရစည်းဝေးပွဲတွေ လုပ်ခဲ့ပြီးနောက် ဆန္ဒပြသူတွေ စိတ်ပြေပျောက်စေဖို့အတွက် ပြုပြင်ပြောင်းလဲရေးလုပ်မယ့် အစီအစဉ်အသစ်တွေကို အီရတ်အစိုးရအဖွဲ့က တနင်္ဂနွေမနက် အစောပိုင်းမှာ ရုတ်တရက် ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ မြေယာသုံးစွဲခွင့်၊ စစ်တပ်ထဲဝင်နိုင်မယ့် အထောက်အပံ့ပေးရေး၊ ဆင်းရဲသား မိသားစုတွေကို လူမှုဖူလုံရေး စတိုင်ပင်တိုးပေးမယ့် အစီအစဉ်အပါအဝင် အလုပ်လက်မဲ့ လူငယ်တွေကို သက်မွေးဝမ်းကျောင်း လေ့ကျင့်သင်ကြားပေးမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ရာပေါင်းများစွာ တနင်္ဂနွေနေ့က စုဝေးပြီး ဆက်လက် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေ ရှေ့မတိုးနိုင်အောင် စစ်သားတွေက လူအုပ်ထဲကို ပစ်ခတ်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် စနေနေ့ညအချိန် ကောက်ခံရတဲ့ စာရင်းအရ လူ ၁၉ ဦး သေဆုံးခဲ့ရပါတယ်။

ရေနံကြွယ်ဝချမ်းသာပြီး လူပေါင်း သန်း ၄၀ လောက်ရှိတဲ့ အီရတ်မှာ အလုပ်အကိုင် ရှားပါးမှု၊ ရေနဲ့ လျှပ်စစ်မီးလို လူထုဝန်ဆောင်မှုကဏ္ဍ ညံ့ဖျင်းတာတွေကို အစောပိုင်းမှာ ထောက်ပြ ဆန္ဒပြခဲ့ကြရာက နောက်ပိုင်း အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေ အဆုံးသတ်ဖို့အထိပါ တောင်းဆို ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။

-------------------------------

(Unicode)

အီရတျဆန်ဒပွပှဲ သဆေုံးသူ ရာကြောျပွီ

အီရတျနိုငျငံက အစိုးရဆန့ျကငြျသူတှနေဲ့ လုံခွုံရေးတပျဖှဲ့ကွား ထိပျတိုကျဖွဈကွတဲ့ ဆန်ဒပွပှဲ ၆ ရကျမွောကျ တနငျ်ဂနှနေေ့မှာတော့ သဆေုံးသူ ၁၀၄ ဦး ရှိသှားခဲ့ပွီး ဆန်ဒပွပှဲတှေ နောကျနေ့အထိ ဆကျဖွဈမယ့ျ အခွအေနေ ရှိပါတယျ။





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG