သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်က သံရုံးဝန်ထမ်းတွေထွက်ခွာဖို့ ကန် ညွှန်ကြား


အရေးပေါ် တာဝန်ယူထားသူတွေကလွဲလို့ ကျန်ဝန်ထမ်းတွေအားလုံး အီရတ်နိုင်ငံက ထွက်ခွာကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ကြောင်း ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဘဂ္ဂဒက်မြို့တော်က သံရုံးနဲ့ Erbil ကောင်စစ်ရုံးတွေမှာ ပုံမှန်ပြည်ဝင်ခွင့်ဗီဇာ လက်ခံတဲ့ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းလိုက်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် အစိုးရအနေနဲ့ အီရတ်နိုင်ငံရောက် အမေရိကန် နိုင်ငံသားတွေအတွက် အရေးပေါ် ဝန်ဆောင်မှုတွေကိုလည်း အကန့်အသတ်နဲ့သာပေးနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ညွှန်ကြားချက်အရ ထွက်ခွာရမယ့်သူတွေ အနေနဲ့ အမြန်ဆုံးထွက်ခွာကြဖို့လည်း သံရုံးထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ အီရန် ဒါမှမဟုတ် အီရန်နိုင်ငံက အားပေးထားတဲ့ အုပ်စုတွေက အရှေ့အလယ်ပိုင်းဒေသက အမေရိကန် တပ်ဖွဲ့တွေကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ သမ္မတ Donald Trump အစိုးရက သတိပေးနေချိန်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာပါ။

အီရန်နိုင်ငံကို တန်ပြန်နိုင်ဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၁၂၀,၀၀၀ စေလွှတ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာကိုတော့ သမ္မတ Trump က ပယ်ချခဲ့ပေမယ့် နောင်တချိန်ချိန်မှာ တပ်တွေအများအပြား ထပ်မံစေလွှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ငြင်းဆန်တာမျိုးတော့ မရှိပါဘူး။

New York Times သတင်းစာရဲ့ ဖော်ပြချက်ဟာ အတုအယောင်သာ ဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ တပ်တွေ စေလွှတ်ဖို့ရှိကြောင်းလည်း သတင်းထောက်တွေကို သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG