သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံရုံးအမှုထမ်းတွေ အီရတ်က ထွက်ခွာဖို့ Trump အစိုးရ အမိန့်ထုတ်ပြန်


အရေးပေါ် အခြေအနေအတွက် မလိုအပ်တဲ့ အမေရိကန် ဝန်ထမ်းတွေ အီရတ်နိုင်ငံက ထွက်ခွာကြဖို့ အမေရိကန် ပြည်ထောင်စုက အမိန့်ထုတ်လိုက်ပါတယ်။ အီရန်နိုင်ငံနဲ့ စစ်ဖြစ်တော့မလား ဆိုတဲ့ အမေရိကန် အမတ်တွေ စိုးရိမ်မှုတွေ ရှိနေချိန် အစိုးရက အခုလို အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို အီရန် ဒါမှမဟုတ် အီရန် ကျောထောက်နောက်ခံပြုထား သူတွေ တိုက်ခိုက်လာနိုင်တယ်လို့ သမ္မတ Trump အစိုးရက သတိပေးလိုက်ပြီးတဲ့နောက် ဘဂ္ဂဒက်မြို့ အမေရိကန် သံရုံးနဲ့ Irbil မြို့က အမေရိကန် ကောင်စစ် ဝန်ထမ်းတွေကို လေ ျှာ့ချဖို့ လုပ်လာတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဥပဒေပြုလွှတ်တော် ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ အထက်လွှတ်တော် နိုင်ငံခြားရေး ဆက်ဆံရေး ကော်မတီဝင် ထိပ်တန်း ဒီမိုကရက် တဦးဖြစ်တဲ့ Robert Menendez က Trump အစိုးရဟာ ဘာကြောင့် ဒီလို ဆုံးဖြတ်ရတယ် ဆိုတာ သူတို့ကို အသိမပေးခဲ့ဘူး။

အီရန်ကို စစ်တိုက်မယ့် အစီအစဉ် တစုံတရာ ရှိတယ်ဆိုရင် သူတို့ နိုင်ငံခြား ဆက်ဆံရေး ကော်မတီကို နောက်ဆုံး အခြေအနေတွေကို အသိပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အီရန်ကို လက်တုံ့ပြန်ဖို့ အတွက် အမေရိကန် တပ်သား တသိန်းကျော် လွှတ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတပုဒ်ကိုတော့ သမ္မတ Trump က ငြင်းဆန်ပေမယ့် စစ်သားတွေ အများကြီး စေလွှတ်ချထားဖို့ ရှိတယ်ဆိုတာကိုတော့ မငြင်းဆန်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG