သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ဒဏ်ခတ်မှုအသစ်တွေ ကန် ချမှတ်


နျူးကလီးယား ဆိုင်ရာ ၆ နိုင်ငံ သဘောတူညီချက်က နုတ်ထွက်မယ်လို့ အီရန် သမ္မတက ကြေညာပြီး နာရီပိုင်းအတွင်းမှာဘဲ အီရန်နိုင်ငံရဲ့ သတ္တု လုပ်ငန်းတွေ အပေါ် အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ သမ္မတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အီရန် နိုင်ငံရဲ့ သံ၊ သံမဏိ၊ အလျူမီနီယံနဲ့ ကြေးဝါ တို့ ပါဝင်ပြီး ဒီသတ္တုတွေဟာဆိုရင် အီရန် နိုင်ငံရဲ့ရေနံလုပ်ငန်းပြီးရင် အခွန်အများဆုံး ရရှိနေတဲ့ ပို့ကုန်တွေ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ အုပ်ချုပ်ရေး အမိန့်နဲ့ ထုတ်ပြန်တဲ့ ဒီကြေညာချက်ဟာ ၂၀၁၅ အီရန် နျူးကလီးယား သဘောတူညီချက်နေ အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် တနှစ် အကြာမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။၂၀၁၅ သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ သန့်စင် ယူရေနီယံနဲ့ Heavy Water ခေါ် ရေလေး မသိုလှောင်ရဘူးဆိုတဲ့ တားမြစ်ချက်ကို အီရန်ကလည်းလိုက်နာတော့မှာ မဟုတ်ဘူးလို့ အီရန် သမ္မတ Hassan Rohani က အစောပိုင်းမှာ ကြေညာခဲ့တာပါ။

ဒီနိုင်ငံ တကာ သဘောတူညီချက်က အမေရိကန် နုတ်ထွက်ပြီး အီရန် အပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာတာနဲ့ အတူ စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ တခြားနိုင်ငံတွေကလည်း သူတို့ တာဝန်ယူထားတဲ့ အတိုင်း မလိုက်နာကြတော့တဲ့ အပြင် အီရန်ရဲ့ ရေနံနဲ့ ဘဏ်လုပ်ငန်း ထိခိုက်အောင် လုပ်ဖို့ အမေရိကန်ကို ခွင့်ပြု ထားကြတယ်လို့လည်း အီရန် သမ္မတက ဆိုပါတယ်။ အခု ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ရက် ၆၀ အချိန်ပေးထားပြီး တကယ်လို့ မရုပ်သိမ်းခဲ့ရင် အီရန် နောက်ထပ်လုပ်လာမယ့် ခြေလှမ်းကတော့ အဆင့်မြင့် သန့်စင်ပြီး ယူရေနီယံတွေ ထုတ်လုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG