သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လုပ်ရပ် အစိုးရဖြုတ်ချရေးအဖြစ် အီရန်စွပ်စွဲ


 အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif
အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif

အီရန်ရဲ့ နိုင်ငံတကာနဲ့ ရေနံကုန်သွယ်ရေး ပျက်သွားအောင် အမေရိကန်ဘက်က လုပ်နေတာဟာဆိုရင် အီရန် အစိုးရကို ဖြုတ်ချပြီး အီရန်ဘက်က အညံ့ခံ ဒူးထောက်လာအောင် ကြိုးပမ်းမှု ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif က စွပ်စွဲလိုက်ပါတယ်။

အမေရိကန် ရုပ်သံ Fox News Sunday အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အီရန် နိုင်ငံခြားရေး ဝန်ကြီး Zarif က အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu၊ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး John Bolton ၊ နောက် ဆော်ဒီအာရေးဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုက ခေါင်းဆောင်တွေ ပါတဲ့ B အဖွဲ့က သမ္မတ Donald Trump မလုပ်လိုတဲ့ ထိပ်တိုက်တွေ့ရေးဆီကို တွန်းပို့ဖို့ ကြိုးစားနေတာလို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ကို စစ်ပွဲတွင်း ရောက်လာအောင် သူတို့က ကြိုးစားနေကြတာလို့ နိုင်ငံခြားရေး ဝန်ကြီး Zarif က ပြောပါတယ်။ ရည်မှန်းချက်ကတော့ အနည်းဆုံး အီရန် အစိုးရ အပြောင်းအလဲ အတွက် ရည်မှန်းတာ လို့လည်းသူက ပြောဆိုခဲ့ပါတယ်။

အလားတူ Fox News အစီအစဉ်မှာဘဲ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး John Bolton က ပြောဆိုတာမှာတော့ အမေရိကန်ရဲ့ ရည်မှန်းချက်က အစိုးရ ပြောင်းလဲဖို့ မဟုတ်ဘူး၊ ဒါပေမယ့် ပြုမူလုပ်ဆောင်မှု ပြောင်းလဲရေး ဖြစ်တယ် အထူးသဖြင့်တော့ အီရန်ရဲ့ နျူးကလီးယား လက်နက် အစီအစဉ်တွေနဲ့ ပဲ့ထိန်းဒုံး စမ်းသပ်မှုတွေကို အဆုံးသတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အီရန် ပြည်သူတွေ အနေနဲ့ ပိုပြီး ကောင်းမွန်တဲ့ အစိုးရနဲ့ ထိုက်တန်ပါတယ်လို့လည်း Bolton က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG