သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗင်နီဇွဲလား၊ အီရန်နဲ့ တရုတ် လူ့အခွင့်အရေး ကန် အဓိက ဝေဖန်


အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ပတ်လည် လူ့အခွင့်ရေးဆိုင်ရာ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။ အီရန်၊ တောင်ဆူဒန်၊ Nicaragua နဲ့ တရုတ်နိုင်ငံတို့ရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို ဝန်ကြီး Mike Pompeo က အလေးထား ထောက်ပြထားတာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းရဲ့ လူ့အခွင့်ရေး အခြေနေကို တိုးတက်မြင့်မား လာစေချင်ပေမယ့် ဖြစ်မလာခဲ့ဘူးလို့လည်း ပြောပါတယ်။

လက်တင်အမေရိကနဲ့ ပတ်သက်လို့တော့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ ဆန္ဒသဘောထား လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ပိတ်ပင်တာတွေ၊ အထူးသဖြင့် Venezuela နိုင်ငံမှာ နိုင်ငံရေးလုပ်ပိုင်ခွင့် မရှိတာတွေကို အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ၂၀၁၈ မေလ ၂၀ ရွေးကောက်ပွဲမှာ Nicolas Maduro ပြန်အရွေးခံရတာဟာ လုံးဝလွဲချော်မှု တရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အီဂျစ်နိုင်ငံမှာတော့ အစိုးရရဲ့ လူ့အခွင့်ရေး မှတ်တမ်းဟာ လွန်စွာဆိုးဝါးပြီး ကဏ္ဍ အတော်များများမှာ ပိုဆိုးလာနေတယ်လို့ ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်လို့တော့ ဇင်ကျန်းဒေသမှာ Uighur မူစလင်တွေ အမြောက်အများကို အထိန်းသိမ်းထားတာတွေ အစိုးရက ပိုလုပ်ဆောင်လာတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် သတင်းသမားတွေနဲ့ ရှေ့နေတွေကို ဖမ်းဆီး နှိပ်စက်မှုတွေ ရှိနေပြီး မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို ပြန်ပို့တဲ့ ကိစ္စတွေ ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

တိဘက်ဒေသမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လှုပ်ရှားခွင့်၊ စုဝေးခွင့်တွေနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ဖိနှိပ်ချုပ်ချယ်မှု ရှိနေတယ်လို့လည်း ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG