သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အီရန် လူအစုအပြုံလိုက်သတ်ဖြတ်ခဲ့မှု ပြန်စုံစမ်းဖို့ AI တိုက်တွန်း


အီရန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၅ ထောင်လောက်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို ဖုံးကွယ်ထားမှု အတွက် လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ အပြစ်ရှိတယ်လို့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Amnesty International ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

၁၉၈၈ ခုနှစ် အတွင်း အီရန် အတိုက်အခံ အဖွဲ့တွေကို ထောက်ခံသူတွေကို ပစ်မှတ်ထားတဲ့ သတ်ဖြတ်မှုတွေ၊ ပျောက်ဆုံးမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဘက်က စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က လိုလားနေတာပါ။ ပျောက်ဆုံးသွားခဲ့ရသူတွေရဲ့ မိသားစု အများအပြားကတော့ သူတို့ချစ်ခင်ရသူတွေ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို မသိကြရသေးပါဘူး။

အီရန် အစိုးရဘက်ကတော့ သတ်ဖြတ်မှုတွေကို ဘယ်တုန်းကမှ ၀န်ခံခဲ့တာ မရှိသလို ပျောက်ဆုံးသွားသူတွေ ဘာတွေ ဖြစ်ခဲ့သလဲ ဒါမှမဟုတ်လည်း ရုပ်အလောင်းတွေ ဘယ်မှာလဲ ဆိုတာကိုလည်း ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။ အရင် ဘာသာရေး ခေါင်းဆောင် Rouhollah Khomeini ရဲ့ Fatwa - ဘာသာရေးဆိုင်ရာ ညွှန်ကြားချက် အရ ထောင်ချခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဘယ်လိုမျိုး သုတ်သင်ခံခဲ့ရသလဲ ဒါမှမဟုတ်လည်း ဘယ်လို ပုံစံ ပျောက်ဆုံးသွားသလဲ ဆိုတာတွေကို ရာနဲ့ချီတဲ့ တွေ့ဆုံမေးမြန်းမှုတွေ၊ စာရွက်စာတမ်း အထောက်အထားတွေကနေ တဆင့် AI အဖွဲ့ကြီးက အသေးစိတ် ထုတ်ပြန်လိုက်တာပါ။

ဒီထဲက အများအပြားကတော့ ၁၉၈၈ ခုနှစ်တုန်းက အီရန်နိုင်ငံကို လက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ အီရတ် အခြေစိုက် မတရားအသင်း အတိုက်အခံ အဖွဲ့ အီရန် ပြည်သူ့ မူဂျာဟစ်ဒင် အဖွဲ့ PMOI ကို ထောက်ခံသူတွေ ဖြစ်ပါတယ်။ နောက်ပိုင်း သတင်းပတ်တွေ အကြာ ဇူလိုင်လကုန်နဲ့ စက်တင်ဘာလ အစောပိုင်း ကာလ အတွင်းမှာတော့ အီရန် အစိုးရက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အတိုက်အခံတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားခဲ့တယ်လို့လည်း AI အဖွဲ့ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG