သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားနယ်စပ် အကြမ်းဖက်မှု လေးဦးသေဆုံး ၂၀ကျော် ဒဏ်ရာရ


ဗင်နီဇွဲလား နိုင်ငံ ဘရာဇီးနယ်စပ်ဘက်မှာ ဗင်နီဇွဲလားကို ပေးပို့ဖို့ရှိတဲ့ စာနာမှုအကူအညီတွေ နယ်စပ်ဂိတ်တွေမှာ ရောက်နေချိန်မှာပဲ လုံခြုံရေး အဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ အကြား စနေနေ့က ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ ခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဗင်နီဇွဲလားစစ်ဘက်က တပ်ဖွဲ့ဝင် ၆၀ ကျော် အတိုက်အခံဘက်ကို ကူးပြောင်းတဲ့အကြောင်း တာဝန်ရှိသူ တွေကပြောပါတယ်။ ကြည်းတပ်ဗိုလ်မှူး Hugo Parra က အတိုက်အခံဘက်ကို ကူးပြောင်းတဲ့အကြောင်း စနေနေ့ကကြေညာပြီး အတိုက်အခံ ခေါင်းဆောင် Juan Guaido ကို ဗင်နီဇွဲလားရဲ့ တရားဝင်သမ္မတအဖြစ် သူ အသိအမှတ်ပြုတယ်လို့ ဗွီအိုအေကိုပြောပါတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ကို ချီးကျူးတဲ့အကြောင်းကို အတိုက်အခံခေါင်းဆောင် Juan Guaido က Twitter မှာ ရေးပါတယ်။ “သူတို့ဟာ တပ်ပြေးတွေမဟုတ်ပါဘူး၊ လူထုနဲ့ အခြေခံဥပဒေဘက်မှာ ရပ်တည်ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတာပါ” လို့ Juan Guaido ကရေးပါတယ်။

အမေရိကန်သမ္မတ Trump ကလည်း Guaido ဘက်ကို သူထောက်ခံတဲ့အကြောင်း Twitter မှာရေးပြီး “ဗင်နီဇွဲလား လူထုဟာ သူတို့နိုင်ငံနဲ့ သူတို့အနာဂတ်ကို ပြန်ရယူဖို့ အဆင်သင့်ဖြစ်နေပြီး သမိုင်းမှတ်တမ်းတင်မယ့် အဆင့်မှာ ရောက်နေကြပြီ” လို့ပြောပါတယ်။

အမေရိကန် ဒုသမ္မတ Mike Pence က ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် Juan Guaido နဲ့ ကိုလံဘီယာ နိုင်ငံBogota မှာ တွေ့ဆုံသွားဖို့ရှိတဲ့ အကြောင်းကို စနေနေ့ညက ကြေညာခဲ့ပါတယ်။

XS
SM
MD
LG