သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရှန်ကွေ့က ကန်လေယာဉ်တင်သင်္ဘော အီရန် Drone နဲ့စောင့်ကြည့်


အမေရိကန်သင်္ဘော USS Dwight D. Eisenhower (ဂျူလိုင်၊ ၁၄၊ ၂၀၁၂)
အမေရိကန်သင်္ဘော USS Dwight D. Eisenhower (ဂျူလိုင်၊ ၁၄၊ ၂၀၁၂)

အီရန်ရဲ့ တော်လှန်ရေးပြည်စောင့်တပ်ရဲ့ ထောက်လှမ်းရေး Drone ယာဉ်တခု အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်ကို အောင်မြင်စွာ ဖြတ်မောင်းနိုင်ခဲ့ကြောင်း အီရန်အစိုးရ တစိတ်တပိုင်းပိုင်တဲ့ Tasnim သတင်းဌာနက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်သင်္ဘော USS Dwight D. Eisenhower နဲ့ ပါရှားပင်လယ်ကွေ့က အမေရိကန်စစ်သင်္ဘောနောက်တစီးအပေါ် ပျံသန်းပြီး ထောက်လှမ်းခဲ့တဲ့ Drone ယာဉ်ကတဆင့် ရိုက်ထားတဲ့ ရုပ်သံဖိုင်တွေကိုလည်း ဒီသတင်းမှာ ဖော်ပြထားတာပါ။

သင်္ဘောကင်းပတ်ပေါ်မှာ တိုက်လေယာဉ်တွေ ရပ်ထားတာကို ရုပ်သံဖိုင်မှာ တွေ့နိုင်ပါတယ်။ ဒါကို ဘယ်တုန်းက ရိုက်ထားသလဲဆိုတာကိုတော့ Tasnim သတင်းဌာနက ထည့်မပြောထားပါဘူး။

အီရန်နိုင်ငံ အထီးကျန် ဖြစ်စေဖို့နဲ့ အီရန်နိုင်ငံအပေါ် ဖိအားပိုပေးနိုင်ဖို့ အမေရိကန်အစိုးရက အီရန် တော်လှန်ရေးပြည်စောင့်တပ်ကို အကြမ်းဖက်ဝါဒီအဖြစ် ဒီလအစောပိုင်းတုန်းက သတ်မှတ်ပြီးတဲ့နောက် ဒီသတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါကိုတုန့်ပြန်တဲ့အနေနဲ့ အမေရိကန်တပ်တွေအားလုံးဟာ အကြမ်းဖက်ဝါဒီတွေ ဖြစ်တယ်လို့ အီရန်က သတ်မှတ်လိုက်ပါတယ်။ အီရန်နိုင်ငံကနေ ရေနံတင်သွင်းနေတဲ့နိုင်ငံတွေကို အရေးမယူဘဲ ခွင့်ပြုပေးထားတာတွေကို သမ္မတထရမ့်အစိုးရအနေနဲ့ အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္လာနေ့တုန်းက ကြေညာခဲ့ပါသေးတယ်။

ပါရှန်ကွေ့က ကန်လေယာဉ်တင်သင်္ဘော အီရန် Drone နဲ့စောင့်ကြည့်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG