သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ရုရှားသွားရောက်မည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ရုရှားသမ္မတ Vladimir Putin ၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ နဲ့ အခုတပတ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ဗင်နီဇွဲလား၊ အီရန် နဲ့ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ကြားဝင်နှောက်ယှက်မှုအပါအဝင် ကိစ္စရပ်အတော်များများ နဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား ပြဿနာတွေဖြစ်နေချိန်မှာပဲ ရုရှားအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး Pompeo ဟာ မော်စကိုမြို့ကို ဒီကနေ့မှာ သွားရောက်မှာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် နဲ့ ပထမဆုံးရုရှားနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ဗင်နီဇွဲလားမှာ ဒီမိုကရေစီနည်းအရရွေးချယ်တင်မြှောက်ထားတဲ့ အတိုက်အခံခေါင်းဆောင် Juan Guaido မထောက်ခံဘဲ ဆန့်ကျင်လုပ်ဆောင်နေတယ်လို့ ဒုသမ္မတ Mike Pence နဲ့ ဝန်ကြီး Pompeo အပါအဝင် အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူတွေကတော့ စွပ်စွဲပါတယ်။ ဗင်နီဇွဲလားမှာ ရုရှားဘက်ကလုပ်နေတာတွေနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ စိုးရိမ်တယ်လို့ သူက သတင်းထောက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောပါတယ်။

ဝန်ကြီး Pompeo ဟာ ရုရှားနိုင်ငံကို မနက်ဖြန်မှာ ရောက်မှာဖြစ်ပြီး၊ မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံး သံတမန်တွေ သံရုံးဝန်ထမ်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက်တော့ သူဟာ အမေရိကန်စီးပွားရေးသမားတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဂျာမန်နာဇီတွေကို တိုက်ခဲ့စဉ်ကျဆုံးသွားခဲ့တဲ့ အညတရစစ်သည်တွေရဲ့ ဂူဗိမာန်ကိုလည်း သွားရောက် ပန်းခွေချဂုဏ်ပြုမှာဖြစ်ပါတယ်။ အဲဒီနောက် အင်္ဂါနေ့မှာတော့ ဝန်ကြီးပွန်ပီယိုဟာ ရုရှားသမ္မတ ပူတင်၊ နိုင်ငံခြားဝန်ကြီး လက်ဗရော့တို့ နဲ့ အင်္ဂါနေ့ကျရင် ဆိုချီမြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

XS
SM
MD
LG