သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရတ္ဆႏၵျပပြဲ လူ ၂၀၀ ေက်ာ္ေသၿပီး ၿမဳိ႕ေတာ္မွာ curfew ထုတ္


အီရတ္ဆႏၵျပပြဲ

(Zawgyi/Unicode)

အစိုးရ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြျဖစ္ပြားေနတာေၾကာင့္ အီရတ္ အာဏာပိုင္ေတြဟာ ျမိဳ႕ေတာ္ ဘက္ဂဒက္ျမိဳ႕မွာ curfew အမိန္႔ ထုတ္ျပန္ ထားပါတယ္။ ဆႏၵျပသူေတြနဲ႔ လုံျခံဳေရးတပ္ဖြဲ႕ေတြအၾကား ရုန္းရင္းဆန္ခတ္မႈေတြ ျဖစ္အျပီးမွာ အခုလို ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။ curfew အမိန္႔ဟာ သန္းေခါင္အခ်ိန္ စတင္မွာျဖစ္ျပီး မနက္ ၆ နာရီမွာအထိ ျဖစ္ပါတယ္။

ေအာက္တိုဘာလ အေစာပိုင္းက စျပီး ျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြေအတြင္း အီရတ္ႏုိင္ငံ တစ္၀ွမ္း ဆႏၵျပသူေတြနဲ႔ လုံျခံဳေရးတပ္ဖြဲဲ႔၀င္ေတြၾကား အၾကမ္းဖက္မႈ ျဖစ္ပြားတာေၾကာင့္ ခုခ်ိန္ထိ ေသဆုံးသူ ၂၀၀ ေက်ာ္သြားျပီျဖစ္ပါတယ္။

အဆင့္ျမင့္ပညာေရးဌာန၀န္ၾကီး Qusay al-Suhali က ပညာေရးေလာကနဲ႔ ဆႏၵျပပြဲေတြ အၾကား ပိုင္းျခားထားဖို႔ သတိေပးခဲ့ေပမဲ့လည္း ျမိဳ႕ေတာ္ ဘက္ဂဒက္မွာ တနလၤာေန႔က ေက်ာင္းသားေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။

ဘက္ဂဒက္နဲ႔ အီရတ္ ေတာင္ပိုင္းက ၿမိဳ႕ေတြက ဆႏၵျပပြဲေတြဟာ ကနဦးပိုင္းမွာ အလုပ္အကိုင္ ရရွိေရးနဲ႔ ျမိဳ႔ေတြရဲ႕ ၀န္ေဆာင္မႈေတြ တိုးျမွင့္ေရး အတြက္ စတင္ ဆႏၵျပခံတာျဖစ္ေပမဲ့ တစ္ျဖည္းျဖည္း ၾကီးထြားလာျပီး အခုတာ့ လူဦးေရး သန္း ၄၀ ရွိ ေရနံ ၾကြယ္၀တဲ့ႏုိင္ငံအတြင္း အဂတိလိုက္စားမႈ ပေပ်ာက္ေရး ေတာင္းဆိုလာခဲ့ၾကပါတယ္။

၀န္ၾကီးခ်ဳပ္ Abdel Abdul-Mahdi က ဆႏၵျပသူေတြရဲ႕ ေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာမယ္လို႔ ကတိေပးထားခဲ့ေပမဲ့ မျငိမ္မသက္မႈေတြ အဆုံးသတ္သြားေအာင္ မလုပ္ႏုိင္ခဲ့ပါဘူး။ ဒါဟာ သူအာဏာရလာျပီးေနာက္ပိုင္း သူ႔အတြက္ အၾကီးအက်ယ္ စိန္ေခၚမႈတစ္ခု ျဖစ္ပါတယ္။ အီရတ္ ပါလီမန္ကလည္း ေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာမယ္လို႔ ေျပာထားေပမဲ့ ခုခ်ိန္ထိေတာ့ သေဘာတူညီခ်က္ မရေသးပါဘူး။ အခုထိ လႊတ္ေတာ္အမတ္ ၄ ေယာက္က ဆႏၵျပသူေတြနဲ႔ ပူးေပါင္းခဲ့ေၾကာင္း AFP သတင္းတစ္ပုဒ္က ဆိုပါတယ္။

................

တိုက္႐ိုက္ လင့္ခ္


အီရတ်ဆန္ဒပြပွဲ လူ ၂၀၀ ကျော်သေပြီး မြို့တော်မှာ curfew ထုတ်

(Unicode)

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ပွားနေတာကြောင့် အီရတ် အာဏာပိုင်တွေဟာ မြို့တော် ဘက်ဂဒက်မြို့မှာ curfew အမိန့် ထုတ်ပြန် ထားပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်အပြီးမှာ အခုလို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ curfew အမိန့်ဟာ သန်းခေါင်အချိန် စတင်မှာဖြစ်ပြီး မနက် ၆ နာရီမှာအထိ ဖြစ်ပါတယ်။

အောက်တိုဘာလ အစောပိုင်းက စပြီး ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအေတွင်း အီရတ်နိုင်ငံ တစ်ဝှမ်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား အကြမ်းဖက်မှု ဖြစ်ပွားတာကြောင့် ခုချိန်ထိ သေဆုံးသူ ၂၀၀ ကျော်သွားပြီဖြစ်ပါတယ်။

အဆင့်မြင့်ပညာရေးဌာနဝန်ကြီး Qusay al-Suhali က ပညာရေးလောကနဲ့ ဆန္ဒပြပွဲတွေ အကြား ပိုင်းခြားထားဖို့ သတိပေးခဲ့ပေမဲ့လည်း မြို့တော် ဘက်ဂဒက်မှာ တနင်္လာနေ့က ကျောင်းသားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဘက်ဂဒက်နဲ့ အီရတ် တောင်ပိုင်းက မြို့တွေက ဆန္ဒပြပွဲတွေဟာ ကနဦးပိုင်းမှာ အလုပ်အကိုင် ရရှိရေးနဲ့ မြို့တွေရဲ့ ဝန်ဆောင်မှုတွေ တိုးမြှင့်ရေး အတွက် စတင် ဆန္ဒပြခံတာဖြစ်ပေမဲ့ တစ်ဖြည်းဖြည်း ကြီးထွားလာပြီး အခုတာ့ လူဦးရေး သန်း ၄၀ ရှိ ရေနံ ကြွယ်ဝတဲ့နိုင်ငံအတွင်း အဂတိလိုက်စားမှု ပပျောက်ရေး တောင်းဆိုလာခဲ့ကြပါတယ်။

ဝန်ကြီးချုပ် Abdel Abdul-Mahdi က ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမယ်လို့ ကတိပေးထားခဲ့ပေမဲ့ မငြိမ်မသက်မှုတွေ အဆုံးသတ်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ သူအာဏာရလာပြီးနောက်ပိုင်း သူ့အတွက် အကြီးအကျယ် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ အီရတ် ပါလီမန်ကလည်း တောင်းဆိုချက်တွေကို လိုက်လျောမယ်လို့ ပြောထားပေမဲ့ ခုချိန်ထိတော့ သဘောတူညီချက် မရသေးပါဘူး။ အခုထိ လွှတ်တော်အမတ် ၄ ယောက်က ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ကြောင်း AFP သတင်းတစ်ပုဒ်က ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG