သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်အက်စ်လက်ချက် အီရတ်မှာ ရှီယာ ၁၀ ဦးကျော် သေဆုံး


အီရတ်နိုင်ငံ Karbala မြို့တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့်ကား။ (စက်တင်ဘာ ၂၁၊ ၂၀၁၉)
အီရတ်နိုင်ငံ Karbala မြို့တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့်ကား။ (စက်တင်ဘာ ၂၁၊ ၂၀၁၉)

အီရတ်နိုင်ငံမှာ ရှီယာတွေရဲ့ ဘာသာရေးမြို့ဖြစ်တဲ့ Karbala မှာ လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရတဲ့ ဗုံးဖောက်ခွဲမှုကို သူတို့လုပ်ဆောင်တာလို့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က စနေနေ့မှာ ကြေညာပါတယ်။

သောကြာနေ့က Karbala မြောက်ပိုင်းက စစ်ဆေးရေးဂိတ်မှာ ဘတ်စ်ကားတစင်း ဗုံးဖောက်ခွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးတာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဒီဗုံးပေါက်ကွဲစေတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ကားပေါ်မှာ လာထားသူလို့ သံသယရှိသူတဦးကို ဖမ်းမိခဲ့တယ်လို့ လုံခြုံရေးတပ်တွေက ပြောပါတယ်။

အီရတ်နိုင်ငံမှာ ရှီယာတွေ စုဝေးချိန်မှာ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတဲ့ ဆူနီအစွန်းရောက်အဖွဲ့ကို ၃ နှစ်လောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ၂၀၁၇ မှာတော့ ဒီ အိုင်အက်စ်အစွန်းရောက်တွေကို ချေမှုန်းတဲ့စစ်ပွဲ အောင်နိုင်ကြောင်း အီရတ်က ကြေညာခဲ့တာပါ။

ဂျီဟတ် မြေအောက်အဖွဲ့ဟာ အီရတ်နိုင်ငံတလွှား အစိုးရတပ်ချထားတဲ့ နေရာတွေ၊ အထူးသဖြင့် စစ်ဆေးရေးဂိတ်တွေကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပေမယ့် အခုလို ရှီယာတွေရဲ့ ဘာသာရေးပွဲအတွက် စုဝေးမှုတွေကို တိုက်ခိုက်တာကတော့ ရှားပါတယ်။

ဒီနှစ်ထဲ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတခုကတော့ Karbala မှာ ဘုရားဖူး ၃၀ ကျော် သေဆုံးခဲ့ရတဲ့ ဒီလဆန်းတုန်းက တိုက်ခိုက်မှု ဖြစ်ပါတယ်။

--------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG