သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS တို့ စုပြုံမြှုပ်ထားတဲ့ ရုပ်အလောင်းတွေ အီရတ်ပြန်ဖေါ်


အီရတ်နိုင်ငံ အနောက်မြောက်ဘက် Sinjar ဒေသမှာ IS အစ္စလာမ်မစ်စစ်သွေးကြွတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားခဲ့တဲ့ အလောင်းတွေကို အီရတ်အစိုးရက ပြန်ဖော်နေပါတယ်။ ကုလသမဂ္ဂရဲ့ အကူအညီနဲ့ လုပ်ကိုင်တဲ့ အလောင်းတူးဖော်ရေး လုပ်ငန်းတွေကို Kocho ရွာမှာ မနေ့ စနေနေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

Sinjar ဒေသတခုလုံးကို ၂၀၁၄ ခုနှစ်မှာ IS စစ်သွေးကြွတွေ ဝင်ရောက်သိမ်းပိုက်ပြီး Yazidi အမျိုးသားတွေကို သတ်ဖြတ်ခဲ့သလို ထောင်နဲ့ချီတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကိုလည်း အတင်းအကြပ် ခေါ်ဆောင်သွားခဲ့ပါတယ်။

အမျိုးသမီးတွေကိုတော့ လိင်ကျွန်တွေအဖြစ် အတင်းအကြပ် လုပ်ကိုင်ခိုင်းပြီး ယောင်္ကျားလေး တွေကိုတော့ ဂျီဟတ် အယူဝါဒတွေကို သွတ်သွင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း Yazidi လူမျိုးအတော်များများ ပျောက်ဆုံးနေပါသေးတယ်။

Sinjar ဒေသကနေ IS အစွန်းရောက်တွေဆုတ်ခွါသွားတဲ့ ၂၀၁၅ နိုဝင်ဘာလကစပြီး လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာပေါင်း ၇၀ ကျော် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလောင်းတူးဖော်ရေးလုပ်ငန်းတွေမှာတော့ IS တို့ ပြန်ပေးဆွဲတာခံခဲ့ရတဲ့ Kocho ရွာသူ တဦးဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Nadia Murad လည်း ပါဝင်လုပ်ကိုင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG