သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အသေခံဗုံးခွဲမှုကြောင့် ဆီးရီးယားမှာ ကန် ၄ ဦး သေဆုံး


ဆီးရီးယား နိုင်ငံ မန်ဘိချ်မြို့က ပေါက်ကွဲမှု မြင်ကွင်း။
ဆီးရီးယား နိုင်ငံ မန်ဘိချ်မြို့က ပေါက်ကွဲမှု မြင်ကွင်း။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း Manbij မြို့ က စားသောက်ဆိုင် တခု အပြင်ဘက် လူအုပ်ထဲကို အသေခံဗုံးခွဲသမား တယောက် တိုက်ခိုက်တဲ့ အတွက် အမေရိကန် ၄ ဦး သေဆုံးသွားပြီး အမေရိကန် တပ်ဖွဲ့တွေ လုံး၀ ရုပ်သိမ်း လိုက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ IS အုပ်စုက ချက်ချင်းဘဲ ကြေညာလိုက်ပြီး ဒီဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုဟာ ဆီးရီးယား တိုက်ခိုက်ရေး သမားတဦး ဖြစ်တယ်၊ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ကင်းလှည့် အဖွဲ့ကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် တပ်ဖွဲ့ဝင် နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ Manbij မြို့က ဆရာဝန်တွေက ဗွီအိုအေကို ပြောပါတယ်။

ဒဏ်ရာရသူတွေကို အိမ်နီးချင်း အီရတ် နိုင်ငံက ဆေးရုံတွေဆီ အမြန်ဆုံး ပို့ပေးခဲ့ရတယ်လို့ အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့က ဆိုပါတယ်။ အမေရိကန် စစ်ဘက် ကြေညာချက်ထဲမှာတော့ အရပ်သား ဝန်ထမ်း တဦးနဲ့ ကာကွယ်ရေး လုပ်ငန်း ကန်ထရိုက်တာ တဦးလည်း ပေါက်ကွဲမှုကြောင့် သေဆုံးရပြီး တပ်ဖွဲ့ဝင် နောက်ထပ် သုံးဦး ဒဏ်ရာ ရတယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုမှာ အရပ်သား ၉ဦးမက သေဆုံးရတယ်လို့လည်း ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG