သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ကိုအနိုင်ရတဲ့ အီရတ်အောင်ပွဲ


အီရတ်နိုင်ငံမှာ အစ္စလာမ္မစ် အစွန်းရောက် IS အပေါ် အောင်ပွဲ အထိမ်းအမှတ် အဖြစ်နဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ စစ်တပ်က စစ်ရေးပြ ချီတက်ပွဲကို ကျင်းပပါတယ်။

ဂျီဟဒ် အစွန်းရောက် အဖွဲ့ကို နိုင်ငံတွင်းကနေ အောင်အောင်မြင်မြင် မောင်းထုတ်နိုင်ခဲ့ပြီလို့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi က ကြေညာခဲ့ပြီး နောက်တနေ့မှာဘဲ အခုလို ကျင်းပတာ ဖြစ်ပါတယ်။ စစ်တပ်ချီတက်ပွဲကို နိုင်ငံပိုင် မီဒီယာ တခုတည်းကိုသာ တက်ရောက်ခွင့်ပြုခဲ့ပြီး နိုင်ငံပိုင်မီဒီယာကလည်း တိုက်ရိုက်ထုတ်လွှွင့်ပြသခဲ့တာ မရှိပါဘူး။

ဘဂ္ဂဒက်မြို့လည်က ရင်ပြင်မှာ အီရတ်တပ်ဖွဲ့တွေ ချီတက်ခဲ့ကြသလို ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေလည်း ပျံသန်းခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အီရတ်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်မှု အတွက် ကျေးဇူးတင်ရှိပါကြောင်းနဲ့ အသက်ပေးအပ်ခဲ့ရသူတွေကိုလည်း အမှတ်ရ အောက်မေ့ပါကြောင်း ဝန်ကြီးချုပ် Abadi က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ကိုလည်း အများပြည်သူ အားလပ်ရပ် အဖြစ် ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။ အီရတ်နိုင်ငံတွင်းကနေ အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို မောင်းထုတ်နိုင်ရေး သုံးနှစ်ကြာ စစ်ပွဲက အောင်မြင်စွာ အဆုံးသတ်နိုင်ပြီ ဖြစ်ကြောင်း မနေ့ စနေနေ့က ဝန်ကြီးချုပ်က ကြေညာတာပါ။

အီရတ်တပ်ဖွဲ့တွေက အီရတ်- ဆီးရီးယား နယ်စပ်ကို အပြည့်အ၀ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်းနဲ့ ၊ IS ကို ချေမှုန်းတဲ့ စစ်ပွဲ ပြီးဆုံးသွားပြီလို့ အီရတ် သတင်းထောက်များ သမဂ္ဂက ကျင်းပတဲ့ ညီလာခံမှာ ဝန်ကြီးချုပ် Abadi က ပြောဆိုခဲ့တာပါ။ ဆီးရီးယား စစ်တပ်ကို ရုရှားတို့ အထောက်အကူ ပေးနေတဲ့ ဆီရီးယား နိုင်ငံတွင်း အစ္စလာမ္မစ် အစွန်းရောက် IS ကို ချေမှုန်းနိုင်ခဲ့ပြီလို့ ရုရှား အစိုးရက ကြေညာခဲ့ပြီး ၂ ရက် အကြာမှာ အီရတ်ဘက်က ကြေညာချက် ထွက်လာတာပါ။

IS ကိုအနိုင်ရတဲ့ အီရတ်အောင်ပွဲ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG