သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကန်တပ်တွေနှုတ်ဆက်ဖို့ အီရတ်ကို ရုတ်တရက်သွားရောက်


သမ္မတ Trump နဲ့ ဇနီးတို့ အီရတ်မှာရှိတဲ့ တပ်ဖွဲ့တွေနှင့် တွေ့ဆုံစဉ်။
သမ္မတ Trump နဲ့ ဇနီးတို့ အီရတ်မှာရှိတဲ့ တပ်ဖွဲ့တွေနှင့် တွေ့ဆုံစဉ်။

အီရတ်မှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေဆီကို အမေရိကန်သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ကြေညာမထားပဲ သွားရောက်ခဲ့ပါတယ်။

သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့ဟာ အီရတ်စံတော်ချိန် ညနေ ၇ နာရီ ၁၆ မိနစ်မှာ အီရတ်အနောက်ပိုင်းက al-Asad လေတပ် အခြေစိုက်စခန်းကို ရောက်သွားတာပါ။

ဒါဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသကို သမ္မတ Trump အနေနဲ့ ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး သမ္မတ Trump က အခုလို လာရောက်တာဟာ ခရစ္စမတ်မှာ အမေရိကန်တပ်သားတွေကို ကျေးဇူးတင်ကြောင်း ပြောဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အခုလို အီရတ်ကိုလာရတဲ့ နောက်ကြောင်းရင်းတခုကတော့ ဒီဒေသမှာ စစ်မှုထမ်းနေသူ အားလုံး ကို ကျေးဇူူးတင်စကား ကိုယ်တိုင်ပြောချင်လို့ပါ။ ဒီဒေသတလွှားမှာ တာဝန် ထမ်းဆောင်နေသူတွေ အားလုံးဟာ အီရတ်နဲ့ ဆီးရီးယားမှာ ကာလီဖိတ်နိုင်ငံ တည်ထောင်ဖို့ ကြိုးစားနေတဲ့ အိုင်အက်စ် စစ်သွေးကြွတွေ အားလုံးနီးပါးကို ခြေမှုန်း နိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂ နှစ် သမ္မတ တာဝန်ယူခဲ့ချိန်က ဒီအဖွဲ့က သိပ်အင်အားကြီးတဲ့ အဖွဲ့ဖြစ်ပေမယ့် ဒီကနေ့တော့ သူတို့ လွှမ်းမိုးနိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် စစ်မှုထမ်းတွေရဲ့ လုပ်ရပ်ဟာ သိပ်ကို အောင်မြင်ပါတယ် လို့ပြောသွားတာပါ။”

အီရတ်မှာ ရှိတဲ့ အမေရိကန်တပ်သားတွေနဲ့ အကြီးတန်းစစ်တပ် ခေါင်းဆောင် တွေရဲ့ အောင်မြင်မှု၊ အနစ်နာခံမှုနဲ့ တာဝန်ကျေမှုတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ခရစ်စမတ် နှုတ်ခွန်းဆက်ဖို့ ခရစ်စမတ်ညမှာ အခုလို အီရတ်ကို သွားရောက်တာဖြစ်ကြောင်း သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders ကလည်း ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက သူ့တွစ်တာကနေ ပြောကြားခဲ့ပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေကို ခြေမှုန်းပြီးလုနီးပါး ဖြစ်နေတာကြောင့် ဆီးရီးယားက အမေရိကန်တပ်တွေ ပြန်ရုတ်သိမ်းဖို့ သူ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သမ္မတ Trump က ခုခံကာကွယ်ပြောဆိုခဲ့တာပါ။ ဒေသတွင်းက လက်ကျန် အိုင်အက်စ် စစ်သွေးကြွ မှန်သမျှကို ခြေမှုန်းဖို့လည်း တူရကီက သဘောတူခဲ့တယ်လို့ သမ္မတ Trump က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG