သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရပိတ်ရမှု Trump နဲ့ ဒီမိုကရက်အမတ်တွေ အပြန်အလှန်ပြစ်တင်


အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးအတွက် သူတောင်းထားတဲ့ ဘတ်ဂျက် ချမပေးတာကြောင့် သူ့ဘက်က အလျော့ပေးမှာမဟုတ်ဘူးဆိုပြီး သမ္မတ Donald Trump ဘက်က ခိုင်မာစွာ ရပ်တည်နေသလို ဒီမိုကရက်တွေဘက်ကလည်း သမ္မတရဲ့ တောင်းဆိုမှုအပေါ် ခိုင်မာစွာ ဆန့်ကျင်နေကြတာကြောင့် လက်ရှိမှာ အမေရိကန်အစိုးရ ယန္တရားတချို့ အနည်းဆုံး ကြာသပတေးနေ့အထိ ပိတ်ထားရမယ့် အခြေအနေကနေ သီတင်းပတ် အနည်းငယ်ကြာတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ နယ်စပ်တံတိုင်း၊ ဒါမှမဟုတ် နယ်စပ် ခြံစည်းရိုး တည်ဆောက်မယ့်ကိစ္စကို ဒီမိုကရက် အားလုံးနီးပါးက ထောက်ခံခဲ့ကြပေမယ့် အဲဒီကိစ္စကို သမ္မတရွေးကောက်ပွဲအတွင်း သူ့ မဲဆွယ်စည်းရုံးမှုရဲ့ အရေးပါတဲ့အကြောင်းအရာအဖြစ် ပြောင်းလဲလိုက်ပြီးတဲ့နောက်မှ ကန့်ကွက်လာကြခြင်းဖြစ်ကြောင်း သမ္မတ Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ မရှိမဖြစ် လိုအပ်နေတဲ့ နယ်စပ်လုံခြုံရေးအတွက် ဒီမိုကရက်တွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ အိမ်ဖြူတော်မှာ တယောက်ထဲ ထိုင်စောင့်နေခဲ့ရတယ်လို့ ပြောပါတယ်။

နယ်စပ်လုံခြုံရေးကိစ္စတွေအတွက် အမိမြေလုံခြုံရေးဝန်ကြီး Kirstjen Nielsen နဲ့ သမ္မတ Trump တို့ တနင်္လာနေ့မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒီမိုကရက်ခေါင်းဆောင်တွေကတော့ အခုလို အစိုးရ ယန္တရားတွေ ရပ်ဆိုင်းထားရတာဟာ သမ္မတ Trump ကြောင့်ဖြစ်တယ်လို့ အပြစ်တင်လိုက်ကြပြီး သမ္မတရဲ့ ဆုံးဖြတ်ချက်တွေဟာ တိုင်းပြည် ကသောင်းကနင်း ဖြစ်သွားစေတယ်လို့ ပြောပါတယ်။

အစိုးရပိတ်ရမှု Trump နဲ့ ဒီမိုကရက်အမတ်တွေ အပြန်အလှန်ပြစ်တင်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG