သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီး Jim Mattis နုတ်ထွက်ဖို့ရှိ


Jim Mattis

အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဖြစ်ကြောင်း သမ္မတ Donald Trump က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဆီးရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေအားလုံး ပြန်လည် ရုပ်သိမ်းမယ့်ကိစ္စနဲ့ ကမ္ဘာ့ အရေးအရာတွေမှာ သမ္မတ Trump တဦးထဲသဘောနဲ့ လုပ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ သမ္မတနဲ့ အခြေအတင် ဖြစ်ခဲ့ပြီးတဲ့နောက် မရိန်းတပ်ဖွဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ ဝန်ကြီး Mattis အခုလို ရာထူးကနေ နုတ်ထွက်ဖို့ ဖြစ်လာခဲ့တာပါ။

သမ္မတ Trump အစိုးရအဖွဲ့အတွင်း နိုင်ငံခြားရေးရာတွေမှာ အလေးစားခံရဆုံး ပုဂ္ဂိုလ်လို့ ယူဆရတဲ့ ဝန်ကြီး Mattis ဟာ ပြင်းထန်ပြီး အချိန်မရွေး ပြောင်းလဲတတ်တဲ့ သမ္မတရဲ့ ပေါ်လစီတွေကို ပျော့ပြောင်းလာအောင် ၂ နှစ်လောက် မအောင် မမြင် အပြင်းအထန် ကြိုးစားပြီးတဲ့နောက် ရာထူးကနေ ဖေဖော်ဝါရီလကုန်မှာ အနားယူမှာ ဖြစ်ကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပြန်လည် ရုပ်သိမ်းမှာဖြစ်ကြောင်း သမ္မတ Trump က ကြေညာလိုက်တာကြောင့် အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ လွှတ်တော်အမတ်တွေအကြား အံ့အားသင့်စရာ ဖြစ်သွားခဲ့ပြီး ၁ ရက်အကြာမှာ ဝန်ကြီး Mattis ရာထူးက နုတ်ထွက်မယ့် သတင်း ထွက်ပေါ်လာတာပါ။ သမ္မတ Trump ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင် အရေအတွက်ကိုလည်း လျော့ချဖို့ စဉ်းစားနေပါတယ်။

သမ္မတနဲ့ သူ့အကြား သဘောထား မတိုက်ဆိုင်မှုတွေ ရှိတဲ့အတွက် ရာထူးက နုတ်ထွက်တယ်ဆိုတာကို ရာထူးက နုတ်ထွက်တဲ့စာထဲမှာ ဝန်ကြီး Mattis က ထည့်သွင်း ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီး Jim Mattis နုတ်ထွက်ဖို့ရှိ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG