သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အတွက် ကန်စစ်ရေးအကူအညီ ဖျက်သိမ်း


အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis
အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis

ပါကစ္စတန်နိုင်ငံကို ပေးလာတဲ့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၃၀၀ ကို လုံးဝ ရပ်ဆိုင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ အမေရိကန် စစ်ဘက်က ဆုံးဖြတ်လိုက်ပါပြီ။

ပါကစ္စတန်နိုင်ငံတွင်းမှာ အခြေစိုက်ပြီး လှုပ်ရှားနေတယ်လို့ဆိုတဲ့ စစ်သွေးကြွတွေကို ပါကစ္စတန်က ထိထိရောက်ရောက် နှိမ်နင်းမှု မရှိဘူးဆိုပြီး နှစ်ပေါင်းများစွာပေးလာတဲ့ ဒီအကူအညီကို ဒီနှစ်အစောပိုင်းကစပြီး ဆိုင်းငံ့ထားတာပါ။

အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှာ ၁၇ နှစ်ကြာ လက်နက်ကိုင်ပုန်ကန်နေသူတွေကို သူတို့နိုင်ငံထဲမှာ ခိုလှုံခွင့်ပေးထားတယ် ဆိုတဲ့ စွပ်စွဲချက်ကို ပါကစ္စတန်အစိုးရကတော့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ပါကစ္စတန်ဘက်ကသာ သူတို့ရဲ့ လုပ်ဆောင်ပုံကို ပြောင်းလဲမယ်ဆိုရင် ဆိုင်းငံ့ထားခဲ့တဲ့ စစ်ရေးအကူအညီ ပြန်ရနိုင်ခြေရှိတဲ့ သဘောမျိုး အမေရိကန် တာဝန်ရှိသူတွေက ပြောထားဖူးပါတယ်။

စစ်သွေးကြွတွေကို ပါကစ္စတန်ကနှိမ်နင်းတဲ့ ခိုင်မာတဲ့လုပ်ဆောင်ချက်တွေကို တွေ့ရမယ်ဆိုရင် အကူအညီ ဒေါ်လာ သန်း ၃၀၀ ကို ပြန်ပေးနိုင်တဲ့ အမိန့်အာဏာက ကာကွယ်ရေးဝန်ကြီး Jim Mattis ဆီမှာရှိပါတယ်။ ဒါပေမဲ့ ဝန်ကြီး Mattis က ဆက်မပေး တော့ဖို့ ဆုံးဖြတ်လိုက်တာလို့ အမေရိကန် တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးုဝန်ကြီး Mike Pompeo နဲ့ စစ်ဘက် ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီး Joseph Dunford တို့ သိပ်မကြာခင် မှာ ပါကစ္စတန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားချိန်မှာပဲ စစ်ရေးအကူအညီပေးတာကို လုံးဝရပ်လိုက်တဲ့အကြောင်း ကာကွယ်ရေး ဌာနက ကြေညာလိုက်တာပါ။

ပါကစ္စတန်အတွက် ကန်စစ်ရေးအကူအညီ ဖျက်သိမ်း
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG