သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ကို အစၥေရး ပူးေပါင္းတုံ႔ျပန္မည္ဟု ကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာဆို


အစၥေရးလ္၀န္ႀကီးခ်ဳပ္ Benjamin Netanyahu နဲ႔ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo

အေမရိကန္နဲ႔ အစၥေရးလၾကား ဆက္ဆံေရး ခုိင္မာမႈရွိေၾကာင္းနဲ႔ အီရန္အေပၚ တုံ႔ျပန္ဖုိ႔ ပူးေပါင္းႀကိဳးပမ္းမယ့္အေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က ထပ္မံအတည္ျပဳ ေျပာဆုိလုိက္ပါတယ္။

ဆီးရီးယားကေန အေမရိကန္ တပ္ဖဲြ႔ေတြ ျပန္လည္႐ုပ္သိမ္းလုိက္တာကုိ အီရန္က အခြင့္ေကာင္းယူမွာ စုိးရိမ္မႈေတြ ရွိေနခ်ိန္မွာပဲ အစၥေရးလ္၀န္ႀကီးခ်ဳပ္ Benjamin Netanyahu နဲ႔ ဒီကေန႔ ေတြ႔ဆုံခဲ့ၿပီး ၂ ႏုိင္ငံၾကား ဆက္ဆံေရးခိုင္မာေၾကာင္း ေျပာဆုိခဲ့တာပါ။

အစၥေရးလ္ ႏုိင္ငံကုိ သာမက ေဒသတြင္းကုိပါ အီရန္ႏုိင္ငံက ၿခိမ္းေျခာက္လာမယ့္ အႏၱရာယ္ကုိ တုံ႔ျပန္ဖုိ႔ ႀကိဳးပမ္းမႈေတြနဲ႔ အေရွ႕အလယ္ပုိင္းေဒသ တည္ၿငိမ္ေရး စိတ္ကူးေတြ၊ အေရွ႕အလယ္ပုိင္းေဒသနဲ႔ ပတ္သက္လုိ႔ ကမာၻႀကီး ရင္ဆုိင္ေနရတဲ့ စိန္ေခၚမႈေတြကုိလည္း ေဆြးေႏြးျဖစ္ခဲ့ေၾကာင္း ၀န္ႀကီး Pompeo ကေျပာပါတယ္။

၀န္ႀကီး Pompeo အပါအ၀င္ အေမရိကန္သမၼတ Mike Pence ဦးေဆာင္တဲ့ ကုိယ္စားလွယ္အဖဲြ႔ တူရကီႏုိင္ငံ Ankara ၿမိဳ႕ေတာ္မွာ တူရကီသမၼတနဲ႔ ေတြ႔ဆုံၿပီး ဆီးရီးယားႏုိင္ငံတြင္း တူရကီရဲ႕ ထုိးစစ္ေတြ ရပ္ဆုိင္းဖုိ႔ ေဆြးေႏြးခဲ့ၿပီး ေနာက္တရက္မွာပဲ အစၥေရးလ္၀န္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆုံခဲ့တာပါ။ အေမရိကန္က ၾကား၀င္ေစ့စပ္မႈေၾကာင့္ တူရကီစစ္တပ္က အပစ္အခတ္ ရပ္စဲဖုိ႔ သေဘာတူခဲ့တဲ့အေပၚ အစၥေရးလ္ ၀န္ႀကီးခ်ဳပ္ကုိ သတင္းေထာက္ေတြက ေမးျမန္းရာမွာေတာ့ အေကာင္းဆုံး ရလဒ္ေတြ ထြက္ေပၚမယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာေပမဲ့ အေသးစိတ္ကုိေတာ့ မေျပာခဲ့ပါဘူး။

..................

{Unicode}

အီရန်ကို အစ္စရေး ပူးပေါင်းတုံ့ပြန်မည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို

အမေရိကန်နဲ့ အစ္စရေးလကြား ဆက်ဆံရေး ခိုင်မာမှုရှိကြောင်းနဲ့ အီရန်အပေါ် တုံ့ပြန်ဖို့ ပူးပေါင်းကြိုးပမ်းမယ့်အကြောင်း အမေရီကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ထပ်မံအတည်ပြု ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားကနေ အမေရိကန် တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းလိုက်တာကို အီရန်က အခွင့်ကောင်းယူမှာ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံကြား ဆက်ဆံရေးခိုင်မာကြောင်း ပြောဆိုခဲ့တာပါ။

အစ္စရေးလ် နိုင်ငံကို သာမက ဒေသတွင်းကိုပါ အီရန်နိုင်ငံက ခြိမ်းခြောက်လာမယ့် အန္တရာယ်ကို တုံ့ပြန်ဖို့ ကြိုးပမ်းမှုတွေနဲ့ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေး စိတ်ကူးတွေ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်လို့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ဝန်ကြီး Pompeo ကပြောပါတယ်။

ဝန်ကြီး Pompeo အပါအဝင် အမေရိကန်သမ္မတ Mike Pence ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တူရကီနိုင်ငံ Ankara မြို့တော်မှာ တူရကီသမ္မတနဲ့ တွေ့ဆုံပြီး ဆီးရီးယားနိုင်ငံတွင်း တူရကီရဲ့ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ ဆွေးနွေးခဲ့ပြီး နောက်တရက်မှာပဲ အစ္စရေးလ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တာပါ။ အမေရိကန်က ကြားဝင်စေ့စပ်မှုကြောင့် တူရကီစစ်တပ်က အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့တဲ့အပေါ် အစ္စရေးလ် ဝန်ကြီးချုပ်ကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ အကောင်းဆုံး ရလဒ်တွေ ထွက်ပေါ်မယ်လို့ မျှော်လင့်ကြောင်း ပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG