သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အမျိုးသမီးတွေ ဘော်လုံးပွဲ ကြည့်ခွင့်ရပြီ


အီရန်အမျိုးသမီးတွေ ဘော်လုံးပွဲ ကြည့်ခွင့်ရပြီ
အီရန်အမျိုးသမီးတွေ ဘော်လုံးပွဲ ကြည့်ခွင့်ရပြီ

အီရန်အမျိုးသမီးတွေဟာ နှစ်ပေါင်း ၃၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပွဲလက်မှတ်တွေကို ကိုယ်တိုင်ဝယ်ပြီး ကွင်းထဲဝင်ပြီးတော့ ဘောလုံးပွဲကြည့်ခွင့် ကြာသပတေးနေ့က ရခဲ့ကြပါတယ်။

အီရန်-ကမ္ဘောဒီးယား အမျိုးသားအသင်းတွေ ကမ္ဘာ့ဖလားခြေစစ်ပွဲကန်တာကို ဝင်ကြည့်ခွင့် ရကြတာပါ။

တီဟီရန်မြို့တော်က Azadi ဘောလုံးကွင်းထဲကို အမျိုးသမီးတွေ ဝင်ရောက်နေတာကို ဘောလုံးဝါသနာရှင်တွေ ဆိုရှယ်မီဒီယာ ပေါ်မှာတင်တဲ့ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

အမျိုးသမီးတွေအတွက် အကာအရံတွေချပြီး သီးခြားခွဲထားတဲ့ နေရာတခုကို အာဏာပိုင်တွေက သတ်မှတ်ပေးထားပါတယ်။

Azadi ဘောလုံးကွင်းထဲမှာ ပွဲကြည့်စင် ၃၆ ခုရှိတဲ့ထဲ အမျိုးသမီးတွေအတွက်က လေးခုကိုပဲ သတ်မှတ်ပေးထားတာပါ။

၁၉၇၉ ခုနှစ်မှာ အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံအဖြစ် ထူထောင်ပြီးတဲ့နောက် အမျိုးသား ဘောလုံးပွဲတွေကို အမျိုးသမီးတွေ ဘောလုံးကွင်းထဲ ဝင်မကြည့်ရဘူးဆိုပြီး အီရန် ဘာသာရေးခေါင်းဆောင်တွေက ပိတ်ပင်ကန့်သတ်ခဲ့တာပါ။

အစ္စလာမ်မစ် သမ္မတနိုင်ငံဖြစ်လာပြီးတဲ့နောက် အမျိုးသမီးတွေ ဘောလုံးကွင်းထဲ နောက်ဆုံးဝင်ကြည့်ခွင့်ရခဲ့တာ ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက Sahar Khodayari ဆိုတဲ့ အသက် ၂၉ နှစ်အရွယ် အီရန်အမျိုးသမီးဟာ အမျိုးသားယောင်ဆောင်ပြီး တော့ ဘောလုံးပွဲဝင်ကြည်ဖို့ကြိုးစားတာမှာ အဖမ်းခံခဲ့ရပြီး ထောင် ၆ လ ချခံရမယ်ဆိုတာ စက်တင်ဘာလအစောပိုင်းမှာ သိခဲ့ရပြီး တဲ့နောက် သူ့ကိုဆင့်ခေါ်ထားတဲ့ တရားရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုမီးရှို့ခဲ့ပါတယ်။ သူဟာ ဆေးရုံရောက်ပြီး သီတင်းနှစ်ပတ် မပြည့်ခင်မှာပဲ သေဆုံးသွားခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် အီရန်အမျိုးသမီးတွေကို ကွင်းထဲဝင်ပြီး ဘောလုံးပွဲကြည့်ခွင့်ပြုရေး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က အီရန် အပေါ် ဖိအားတိုးမြှင့်ခဲ့ပါတယ်။

ကြာသပတေးနေ့က ခြေစစ်ပွဲမှာတော့ အီရန်အသင်းက ကမ္ဘောဒီးယားအသင်းကို ၁၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

...............

{Unicode}












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG