သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သံတမန္နည္းနဲ႔ ေျပလည္မႈရရွိေရး ေဆာ္ဒီ-အီရန္လိုလား


ပင္လယ္ေကြ႔ေဒသမွာ ႐ုတ္တရက္ စစ္ျဖစ္လာႏုိင္ေျခကို ေလွ်ာ့ခ်ေရးအတြက္ ႏွစ္ဘက္အျငင္းပြားေနတာေတြကို သံတမန္ေရးနဲ႔ ေစ့စပ္ညႇိႏိႈင္းတာေတြကေနတဆင့္ ေျဖရွင္းခ်င္တယ္ဆိုတာ ေဆာ္ဒီအာေရးဗ် နဲ႔ အီရန္ ႏွစ္နုိ္င္ငံစလံုးက သေဘာထားရွိၾက တယ္လုိ႔ ပါကစၥတန္ႏုိ္င္ငံက ဗုဒၶဟူးေန႔မွာေျပာပါတယ္။

အီရန္္နဲ႔ေဆာ္ဒီအၾကား တင္းမာမႈျမင့္မားလာေနတာကို ေျဖေလွ်ာ့ဖို႔နဲ႔ ျဖစ္ႏုိင္ေျခေဆြးေႏြးပြဲေတြကို ၾကားဝင္စီစဥ္ေပးဖို႔ ပါကစၥတန္ ရဲ႕ သံတမန္ေရး ႀကိဳးပမ္းခ်က္ကေန အခုလို ျဖစ္ထြန္းတုိးတက္လာတာလို႔ ပါကစၥတန္ႏုိင္ငံျခားေရး ဝန္ႀကီး Shah Mehmood Qureshi က သတင္းေထာက္ေတြကို ေျပာပါတယ္။

အီရန္နဲ႔ ေဆာ္ဒီႏုိင္ငံေတြရဲ႕ ၿမိဳ႕ေတာ္ေတြဆီ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Imran Khan နဲ႔အတူ လိုက္ပါသြားၿပီးတဲ့ေနာက္ ဝန္ႀကီး Qureshi က အခုလိုေျပာတာပါ။ ေဆာ္ဒီႏုိင္ငံရဲ႕ အေရးပါတဲ့ ေရနံလုပ္ငန္းဆိုင္ရာ ေနရာႏွစ္ခုကုိ ၿပီးခဲ့တဲ့လက တိုက္ခိုက္ခံရအၿပီး ႏွစ္ဘက္ၾကား နားလည္မႈ ပိုၿပီးလြဲမွားလာေနတာကို ဘယ္လိုေက်ာ္လႊားႏုိင္မယ္ဆိုတာ ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြနဲ႔ ဝန္ႀကီးခ်ဳပ္ Khan ၊ ႏုိင္ငံျခားေရးဝန္ႀကီး Qureshi တို႔ ေဆြးေႏြးခဲ့ၾကတာပါ။
ေရနံလုပ္ငန္းေနရာေတြကို တိုက္ခိုက္တာ အီရန္ လက္ခ်က္လို႔ ေဆာ္ဒီနဲ႔ အေမရိကန္တို႔က စြပ္စြဲထားေပမယ့္ အီရန္ကေတာ့ ျငင္း ထားပါတယ္။ ေဆာ္ဒီဦးေဆာင္တဲ့ စစ္ေရးၫြန္႔ေပါင္းအဖြဲ႔ကို တိုက္ခိုက္ေနတဲ့ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ယီမင္အေျခစိုက္ ဟူသီသူပုန္ေတြက စက္တင္ဘာလ ၁၄ ရက္ေန႔က တိုက္ခိုက္မႈာ သူတို႔လက္ခ်က္လို႔ ေၾကညာထားပါတယ္။

(Unicode)

သံတမန်နည်းနဲ့ ပြေလည်မှုရရှိရေး ဆော်ဒီ-အီရန်လိုလား

ပင်လယ်ကွေ့ဒေသမှာ ရုတ်တရက် စစ်ဖြစ်လာနိုင်ခြေကို လျှော့ချရေးအတွက် နှစ်ဘက်အငြင်းပွားနေတာတွေကို သံတမန်ရေးနဲ့ စေ့စပ်ညှိနှိုင်းတာတွေကနေတဆင့် ဖြေရှင်းချင်တယ်ဆိုတာ ဆော်ဒီအာရေးဗျ နဲ့ အီရန် နှစ်နိုင်ငံစလုံးက သဘောထားရှိကြ တယ်လို့ ပါကစ္စတန်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
အီရန်နဲ့ဆော်ဒီအကြား တင်းမာမှုမြင့်မားလာနေတာကို ဖြေလျှော့ဖို့နဲ့ ဖြစ်နိုင်ခြေဆွေးနွေးပွဲတွေကို ကြားဝင်စီစဉ်ပေးဖို့ ပါကစ္စတန် ရဲ့ သံတမန်ရေး ကြိုးပမ်းချက်ကနေ အခုလို ဖြစ်ထွန်းတိုးတက်လာတာလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က သတင်းထောက်တွေကို ပြောပါတယ်။
အီရန်နဲ့ ဆော်ဒီနိုင်ငံတွေရဲ့ မြို့တော်တွေဆီ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan နဲ့အတူ လိုက်ပါသွားပြီးတဲ့နောက် ဝန်ကြီး Qureshi က အခုလိုပြောတာပါ။ ဆော်ဒီနိုင်ငံရဲ့ အရေးပါတဲ့ ရေနံလုပ်ငန်းဆိုင်ရာ နေရာနှစ်ခုကို ပြီးခဲ့တဲ့လက တိုက်ခိုက်ခံရအပြီး နှစ်ဘက်ကြား နားလည်မှု ပိုပြီးလွဲမှားလာနေတာကို ဘယ်လိုကျော်လွှားနိုင်မယ်ဆိုတာ နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ ဝန်ကြီးချုပ် Khan ၊ နိုင်ငံခြားရေးဝန်ကြီး Qureshi တို့ ဆွေးနွေးခဲ့ကြတာပါ။
ရေနံလုပ်ငန်းနေရာတွေကို တိုက်ခိုက်တာ အီရန် လက်ချက်လို့ ဆော်ဒီနဲ့ အမေရိကန်တို့က စွပ်စွဲထားပေမယ့် အီရန်ကတော့ ငြင်း ထားပါတယ်။ ဆော်ဒီဦးဆောင်တဲ့ စစ်ရေးညွန့်ပေါင်းအဖွဲ့ကို တိုက်ခိုက်နေတဲ့ အီရန်ကျောထောက်နောက်ခံပြု ယီမင်အခြေစိုက် ဟူသီသူပုန်တွေက စက်တင်ဘာလ ၁၄ ရက်နေ့က တိုက်ခိုက်မှုာ သူတို့လက်ချက်လို့ ကြေညာထားပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG