သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရန်ကာကွယ်ဖို့ ဆော်ဒီကို ကန်တပ်တွေထပ်ပို့


ဆော်ဒီ-ဂျော်ဒန်နယ်စပ် တနေရာတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်သည့် အမေရိကန်တပ်ဖွဲ့ဝင်တချို့။ (မေ ၁၇၊ ၂၀၁၇)
ဆော်ဒီ-ဂျော်ဒန်နယ်စပ် တနေရာတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်သည့် အမေရိကန်တပ်ဖွဲ့ဝင်တချို့။ (မေ ၁၇၊ ၂၀၁၇)

အီရန်နိုင်ငံရဲ့ ရန်လိုတဲ့ အပြုအမူတွေကို ဟန့်တားနိုင်ဖို့အတွက် အမေရိကန်က ဆော်ဒီနိုင်ငံကို နောက်ထပ် တပ်ဖွဲ့ဝင် ရာပေါင်းများစွာ စေလွှတ်သွားမှာဖြစ်ပါတယ်။

အမေရိကန်က ဆော်ဒီနိုင်ငံကို ပို့ဆောင်သွားမယ့်အထဲမှာ တိုက်လေယာဉ်အုပ်စု ၂ စု၊ နောက်ထပ် Patriot ဒုံးကျည် ပစ်လွှတ်တဲ့စင်တွေ၊ THAAD ဒုံးခွင်းဒုံးစနစ်နဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်မှာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က သတင်းထောက်တွေကို သောကြာနေ့က ပြောကြားလိုက်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ အချိန်အတော်ကြာကတည်းက အတူရပ်တည်လာတဲ့ လုံခြုံရေးမဟာမိတ်ဖြစ်ပြီး သူတို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်ဖို့နဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံထားတဲ့ နိုင်ငံတကာ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ဖို့အတွက် နောက်ထပ်အကူအညီတွေ တောင်းခဲ့တယ်လို့ အီရန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြီးတန်းအကြံပေးလည်းဖြစ်တဲ့ Brian Hook က ပြောပါတယ်။

အခုလို တပ်ဖွဲ့တွေ စေလွှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံရဲ့ ရန်လိုမှုတွေကို ရင်ဆိုင်နေရတဲ့ ဒေသတွင်း မဟာမိတ် အတော်များများကလည်း ထောက်ခံကြတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လက ဆော်ဒီနိုင်ငံက ရေနံထုတ်လုပ်တဲ့ စက်ရုံတွေ တိုက်ခိုက်ခံရချိန်ကစပြီး အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀၀ လောက် ဆော်ဒီနိုင်ငံကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို အီရန်နိုင်ငံကလုပ်ခဲ့တာ ဖြစ်တယ်လို့ ပြစ်တင်ခဲ့ကြပြီး အီရန် အနောက်တောင်ပိုင်းကနေ လုပ်ခဲ့တာလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း အီရန်ဘက်ကတော့ ဒါကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ဒေသတွင်းမှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံခဲ့ရတဲ့ ပြီးခဲ့တဲ့ မေလကစပြီး အမေရိကန်က ဒေသတွင်းမှာ နောက်ထပ်တပ်ဖွဲ့ဝင် ၁ သောင်း ၄ ထောင် စေလွှတ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး Esper က ပြောပါတယ်။

------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG