သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ဘယ္လိုဆုံးျဖတ္ၿပီး ဘယ္ေလာက္ထိေရာက္မႈရွိႏိုင္မလဲ


Myanmar's leader Aung San Suu Kyi addresses judges of the International Court of Justice for the second day of three days of hearings in The Hague, Netherlands, Wednesday, Dec. 11, 2019. Aung San Suu Kyi will represent Myanmar in a case filed by Gambia at the ICJ, the United Nati
တိုက္႐ိုက္ လင့္ခ္

လူမ်ိဳးတုံးသတ္ျဖတ္မႈ ဟန္႔တားဖို႔ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး အာဖရိကတိုက္ Gambia ႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ စြဲဆိုတဲ့ကိစၥကို ICJ က ဘယ္လိုဆုံးျဖတ္လာႏိုင္ပါသလဲ၊ အဆိုးဆုံးနဲ႔ အေကာင္းဆုံး ျဖစ္လာႏိုင္တဲ့ အေျခအေနေတြက ဘာေတြလဲ။ ICJ ရဲ႕ယခင္အ ဆုံးအျဖတ္ေတြကိုေကာ သက္ဆိုင္ရာႏိုင္ငံေတြက ဘယ္လိုတုံ႔ျပန္ခဲ့ၾကသလဲ ဆိုတာေတြကို ႏိုင္ငံတကာတကၠသိုလ္ေတြမွာ ဥပေဒပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ပညာရွင္ေဒါက္တာျမင့္ဇံ က ရွင္းျပထားပါတယ္။ ဦးေက်ာ္ဇံသာရဲ႕ ျမန္မာ့အေရးသုံးသပ္ခ်က္က႑မွာ ေဒါက္တာျမင့္ဇံက အခုလို စေျပာခဲ့တာပါ။

ေျဖ ။ ။ Worst-Case Scenario လို႔ တေယာက္က ေျပာတယ္။ ဆရာႀကီးဆီက စကားႏိႈက္မယူပါေစနဲ႔။ အခုေတာ့ စကားႏိႈက္တယ္လို႔ ဦးေက်ာ္ဇံသာကို မစြပ္စြဲလိုပါဘူး။ ဒါေပမဲ့ ေျပာရရင္ ျဖစ္မယ္လို႔ ေျပာတာမဟုတ္ဘူးေနာ္။ ဂမ္ဘီယာ ေျပာတဲ့ဟာကို တရားသူႀကီး အမ်ားစုနဲ႔ Provisional Measures ထုတ္ေပးၿပီ ဆိုပါစို႔။ ထုတ္ေပးရင္ ျမန္မာက လက္ခံမလား၊ လက္မခံဘူးလားဆိုတာက တစ္ခ်က္ပါ။ အဲဒါကေတာ့ ျမန္မာအစိုးရေပၚ မူတည္ပါတယ္။ ေနာက္တစ္ခုက အဲဒီလို လက္ခံၿပီး လုပ္တယ္ဆိုပါေတာ့၊ ဒါမွမဟုတ္ တရားသူႀကီးအမ်ားစုက အမႈကို ဆက္လက္ဖို႔ ျမန္မာႏုိင္ငံကို Genocide အရ တာဝန္ရိွ၊မရိွ။ ျမန္မာႏုိင္ငံအစိုးရ - ဒါကို က်ေနာ္ထည့္ေျပာပါမယ္ - ျမန္မာႏိုင္ငံသားတုိင္းကို စြဲတယ္ဆိုတာ မဟုတ္ပါဘူး။ တရားခံဆိုတဲ့ စကားလံုးကလည္း မဟုတ္ပါဘူး။ အမ်ားသံုးသံုးရင္ ျမန္မာႏိုင္ငံအစိုးရကို တရားၿပိဳင္အစိုးရအေနနဲ႔ သံုးတယ္လို႔ေျပာမွ မွန္ပါမယ္။ ပိုၿပီးတိက်ပါမယ္။ တရားခံ မဟုတ္ပါဘူး။ ရာဇဝတ္တရားရံုး မဟုတ္ပါဘူး။ အခုနေျပာတာကို ျပန္ေကာက္ရမယ္ဆိုရင္ Provisional Measures ကို ထုတ္ေပးတယ္။ ျမန္မာႏိုင္ငံအစိုးရက (၄) လအတြင္း အဲဒါနဲ႔ ပတ္သက္ၿပီး ျပန္ၿပီးေတာ့ ICJ ကို သတင္းပို႔ဖို႔ ဂမ္ဘီယာရဲ ႔ (၄၇) မ်က္ႏွာ ေလွ်ာက္လႊဲခ်က္မွာ တင္ျပထားပါတယ္။ အဲဒါကို သတင္းပို႔မယ္၊ မပို႔ဘူးဆိုတာေတာ့ က်ေနာ္အေနနဲ႔ အနာဂတ္ကိုေတာ့ မမွန္းႏုိင္ဘူး။
သို႔ေသာ္ အတိတ္ကို ျပန္ေျပာရရင္ ဘယ္ေလာက္ၾကာမလဲလို႔ က်ေနာ့္ကို ေမးၾကတယ္။ ေမးေတာ့ - သာမန္အားျဖင့္ ရိုးရိုးအမႈေတြကို က်ေနာ္ၾကည့္ေတာ့ (၂) ႏွစ္၊ (၃) ႏွစ္၊ (၁) ႏွစ္ခြဲ - အေမရိကန္သံရံုးက ဓါးစားခံေတြျဖစ္တဲ့ အမႈက အားလံုးေပါင္း (၇) လအတြင္း အဓိကအမိန္႔ခ်ပါတယ္။

ေမး ။ ။ အဲဒါကေတာ့ အီရန္ႏုိင္ငံ Iran Tehran ၿမိဳ ႔ေတာ္မွာ အေမရိကန္သံရံုး ဝန္ထမ္းေတြကို အီရန္ဘက္က ဓါးစားခံ ဖမ္းဆီးထားတဲ့ ကိစၥလား။

ေျဖ ။ ။ ဟုတ္ပါတယ္။ (၇) လအတြင္း အၿပီးသတ္ အမိန္႔ခ်ပါတယ္။ အခု တခ်ဳိ ႔အမႈေတြက (၂) ႏွစ္ၾကာတာ ရိွပါတယ္။ ဒီ Genocide Case နဲ႔ ပတ္သက္ၿပီး Bosnia–Herzegovina ဆိုၿပီး ယခင္ ၁၉၉၀ မတိုင္ခင္က Yugoslavia ရဲ ႔ ျပည္နယ္တစိတ္တေဒသျဖစ္တဲ့၊ ေနာက္ ႏုိင္ငံသစ္ျဖစ္လာတဲ့ Bosnia–Herzegovina က Yugoslavia ကို စြဲတယ္။ ၂၀ မတ္လ ၁၉၉၃ က တရားစြဲတာ အၿပီးသတ္ခ်မွတ္ခ်က္က ေနာင္ (၁၃) ႏွစ္နဲ႔ (၁၁) လၾကာ ၂၇ ႏွစ္၊ ေဖေဖၚဝါရီလ ၂၀၀၇ က်မွ ထုတ္တယ္။ အဲဒီေတာ့ Yugoslavia ဥပမာနဲ႔ပဲ ေျပာပါရေစ။ အဆိုးဆံုးက ဘာလဲဆိုရင္ Bosina တင္တဲ့ (၅) ခ်က္မွာ (၄) ခ်က္ကို ICJ က ပယ္ခ်တယ္။
နံပတ္တစ္က Yugoslavia၊ ေနာက္က်ေတာ့ Serbia ျဖစ္သြားတယ္။ Genocide ကို မက်ဴးလြန္ခဲ့ဘူး။ တရားသူႀကီးက ကနဦး (၃) ဦးလား၊ (၄) ဦးလား မသိဘူး။

ေနာက္တခါ Serbia ဟာ Genocide ျဖစ္ေအာင္ လံႈေဆာ္ျခင္းလည္း မရိွခဲ့ဘူး။ (၃) Serbia ဟာ Genocide ကို က်ဴးလြန္ဖို႔ တျခားသူမ်ားနဲ႔ တျခားႏိုင္ငံမ်ားနဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္းလည္း မရိွခဲ့ဘူး။ (၄) Serbia ဟာ အထူးသျဖင့္ တရားစြဲၿပီးမွျဖစ္တဲ့ ၁၉၉၅ ဇူလိုင္လကျဖစ္တဲ့ Srebrenica ေဒသမွာ ျဖစ္တဲ့ Genocide အမႈကို မျဖစ္ပြားေအာင္ ကာကြယ္ဖို႔ တာဝန္ရိွတဲ့ အဲဒီတာဝန္ကိုေတာ့ သူမထမ္းေဆာင္ႏိုင္ခဲ့ဘူးလို႔ ေျပာတယ္။ အဲဒီေတာ့ အဲဒီအျပင္ ေလ်ာ္ေၾကးေပးဖို႔ မလိုဘူး။ အမ်ားစုက ဆံုးျဖတ္တာ။ Genocide နဲ႔ ပတ္သက္ၿပီး ကာကြယ္ရန္ Serbia ဟာ ပ်က္ကြက္ခဲ့တယ္ဆိုတာကပဲ တရားရံုးရဲ ႔ ဆံုးျဖတ္ခ်က္ျဖစ္တယ္။ ေလ်ာ္ေၾကးေပးစရာ မလိုဘူးလို႔ ေျပာတယ္။ အဲဒါက (၁၃) ႏွစ္နဲ႔ (၁၁) လမွာ Serbia နဲ႔ ပတ္သက္တဲ့ အဆုိးဆံုးအေျခအေနပါ။

ျမန္မာမွာလဲ ဘယ္ေလာက္ၾကာမလဲ မသိဘူး။ ဒီထက္ ၾကာမလား၊ မၾကာဘူးလား က်ေနာ္မေျပာလိုဘူး။ ဒီလိုမ်ား ျဖစ္မလာေတာ့ မထင္ဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ Genocide အမႈကေတာ့ (၁၃) ႏွစ္နဲ႔ (၁၁) ၾကာၿပီးေတာ့ Bosnia ဟာ သူေတာင္းတဲ့ (၅) ခ်က္ထဲက (၁) ခ်က္ပဲ ရပါတယ္။

ေမး ။ ။ အဆိုးဆံုး ျဖစ္လာႏုိင္တဲ့ အေျခအေန - Bosnia–Herzegovina Balkan ျပႆနာနဲ႔ နမူနာေပးၿပီးေတာ့ (၁၃) ႏွစ္အထိ ၾကာတယ္။ ေနာက္ဆံုးၾကေတာ့ အခ်က္ (၅) ခ်က္မွာ (၁) ခ်က္ပဲ ျဖစ္တယ္။ အဲဒီအထိျဖစ္တာလဲ ေလ်ာ္ေၾကးေပးစရာ မလိုဘဲနဲ႔ ၿပီးျပတ္သြားတယ္ဆိုတဲ့သေဘာ ေျပာပါတယ္။ အဲဒီေတာ့ အဲဒီအဆင့္အထိ မေရာက္ဘဲနဲ႔ အေကာင္းဆံုး ျဖစ္လာႏုိင္တဲ့ အေျခအေနေကာ ရိွလား။

ေျဖ ။ ။ အေကာင္းဆံုး ျဖစ္လာႏုိင္တဲ့ အေျခအေနကေတာ့ တရားသူႀကီး (၁၇) ဦးမွာ (၉) ဦးက ဂမ္ဘီယာရဲ ႔ ေလွ်ာက္လႊဲခ်က္က မခိုင္လံုတဲ့အတြက္ေၾကာင့္မို႔ ပယ္တယ္ဆိုပါေတာ့၊ အဲဒီလိုဆိုရင္ေတာ့ အဲဒီမွာတင္ ကိစၥျပတ္သြားမယ္လို႔ ထင္တယ္။ ဒါကို ဂမ္ဘီယာကလည္း ထပ္ၿပီးအယူခံပိုင္ခြင့္ မရိွဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက အျပည္ျပည္ဆိုင္ရာ တရားရံုးက အယူခံတရားရံုးလည္း မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ ရာဇဝတ္ရံုးလည္း မဟုတ္တဲ့အတြက္ေၾကာင့္မို႔ အျပည္ျပည္ဆိုင္ရာ ဥပေဒအရ ႏုိင္ငံခ်င္း ျဖစ္တဲ့ျပႆနာေတြကို ေျဖရွင္းတဲ့ျပႆနာ။ အဲဒါကေတာ့ အေကာင္းဆံုးကေတာ့ အဲဒါပါပဲ။

ေမး ။ ။ ေနာက္ အဲဒီလိုျဖစ္မလာဘဲနဲ႔ Provisional Measures ထုတ္ေပးခဲ့မယ္ဆိုရင္ေကာ အခ်ိန္ဘယ္ေလာက္အၾကာမွာ ျဖစ္လာလိမ့္မယ္လို႔ ထင္ပါသလဲ။ ယူဆပါလဲ။

ေျဖ ။ ။ ဘယ္ေလာက္ၾကာမလဲဆိုတာေတာ့ Provisional Measures ကို ထုတ္ေပးဖို႔ ဆိုတာက အခုန က်ေနာ္ေျပာတဲ့ Yugoslavia Case မွာ ၂၀ မတ္ ၁၉၉၃ က ေလွ်ာက္တာ ပထမ Provisional Measures ကို ၈ ဧၿပီ ၁၉၉၃ မွာ ထုတ္ေပးၿပီးေတာ့ ဒုတိယ Provisional Measures ကို လတ္တေလာ ေဆာင္ရြက္မႈ အဂၤလိပ္လိုေျပာမိတယ္။ ၂၀ စက္တင္ဘာ ၁၉၉၃ ဆိုလိုတာက (၆) လအတြင္း ႏွစ္ခု ထုတ္ေပးတယ္။

ေမး ။ ။ အဲဒီလို Measures ထုတ္ေပးလို႔ Serbia ဘက္ လိုက္ေလ်ာခဲ့ပါသလား။

ေျဖ ။ ။ အခုနက တမင္တကာ အခ်ိန္မရိွဘူးလို႔ ခ်န္ခဲ့တယ္။ အဲဒီ Provisional Measures ေတြကို Yugoslavia ေနာက္ ျဖစ္လာတဲ့ Serbia က မလိုက္နာခဲ့ဘူး။ အခုန အေကာင္းဆံုးအေျခအေနကိုေတာ့ ေျပာၿပီးပါၿပီ။ ပယ္တယ္ဆိုရင္ေတာ့ အေကာင္းဆံုး အေျခအေနေပါ့။ ဂမ္ဘီယာရဲ ႔ ေလွ်ာက္လႊဲခ်က္က တရားသူႀကီး အနည္းဆံုး (၉) ဦးက ပယ္တယ္ဆိုရင္ေတာ့ ဒီမွာတင္ ကိစၥက ျပတ္သြားမယ္လို႔ ထင္ပါေၾကာင္း ေျပာလိုပါတယ္။

ေမး ။ ။ အဲဒီေတာ့ အခုနေျပာသလို ICJ ရဲ ႔ ထုတ္ျပန္ခ်က္ကို မလိုက္နာဘူး၊ ပယ္တယ္ဆိုရင္ ဒီဟာကို အတင္းအက်ပ္ လိုက္နာေအာင္ ဘယ္လို Enforce လုပ္ႏုိင္ပါလဲ။ ICJ အေနနဲ႔။

ေျဖ ။ ။ ICJ ရဲ ႔ ဆံုးျဖတ္ခ်က္ကို လိုက္နာဖို႔ဆိုတာက တာဝန္ရိွတယ္။ ကုလသမဂၢ ပဌိျငင္ … စာခ်ဳပ္ လံုၿခံဳေရးေကာင္စီမွာ ICJ ရဲ ႔ က်ေနာ္ အဂၤလိပ္လို ဖတ္မျပေတာ့ဘူး၊ ေတာ္ၾကာေန အခ်ိန္ကုန္မွာဆိုလို႔။ ျမန္မာလို ျပန္ထားတာက ICJ ရဲ ႔ ဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ေသာ သက္ဆိုင္ရာႏုိင္ငံက လက္မခံခဲ့ရင္ လံုၿခံဳေရးေကာင္စီသို႔ တင္ျပႏုိင္မည္။ လံုၿခံဳေရးေကာင္စီက လိုအပ္သည္ဟု ယူဆလွ်င္ အႀကံျပဳခ်က္မ်ား ICJ ၏ ဆံုးျဖတ္ခ်က္မ်ားကို မည္သို႔အေကာင္အထည္ေဖာ္ႏိုင္မည္ကို ဆံုးျဖတ္ႏုိင္သည္။ ဒါပဲ။ အဲဒီေတာ့ အင္အားအသံုးျပဳမယ္ဆိုၿပီး ဘယ္မွာမွ မေရးထားဘူး။

ေနာက္ၿပီးေတာ့ ႏွစ္ခု ေျပာမယ္။ ပထမအမႈက Nicaragua ႏုိင္ငံ၊ ေတာင္အေမရိက၊ အလယ္ပိုင္းႏိုင္ငံက ေတာ္လွန္ေရးအစိုးရ၊ တကယ့္ေတာ္လွန္ေရးအစိုးရ၊ အေရၿခံဳေတာ္လွန္ေရး၊ ျမန္မာႏိုင္ငံက ေတာ္လွန္ေရးအစိုးရ မဟုတ္ဘူး။ တကယ့္ကို ႏွစ္ (၄၀) ေက်ာ္ၾကာ လက္ယာအာဏာရွင္စနစ္ကို ျဖဳတ္ခ်ၿပီး ေတာ္လွန္ေရးအစိုးရ တက္လာတယ္။ အဲဒါကို အေမရိကန္က တန္ျပန္သူပုန္ေတြကို အားေပးၿပီးေတာ့ Nicaragua ကမ္းေျခနဲ႔ ဆိပ္ကမ္းေတြမွာ ေရျမဳပ္ဗံုးေတြ လာခ်တာ၊ အျပည္ျပည္ဆိုင္ရာ ဥပေဒကို ေဖာက္ဖ်က္ပါတယ္ဆိုၿပီး စြဲဆိုတာ၊ (၂) ႏွစ္ၾကာတယ္။

ေမး ။ ။ အဲဒီကိစၥက Nicaragua ႏိုင္ငံကမ္းေျခမွာ အေမရိကန္ဘက္က သြားၿပီးေတာ့ ဗံုးေတြသြားေထာင္တဲ့ ကိစၥကို ေျပာေနတာ ျဖစ္ပါတယ္ေနာ္။

ေျဖ ။ ။ ဟုတ္ပါတယ္။ မႏုိင္မွန္သိေတာ့ အေမရိကန္က အဲဒီစီရင္ပိုင္ခြင့္ (၃) မ်ဳိး ရိွတယ္။ ပထမစီရင္ပိုင္ခြင့္နဲ႔ သူဘာသာသူ ႏုတ္ထြက္လိုက္တယ္။ ျမန္မာက ႀကိဳတင္လက္ခံထားျခင္း မရိွဘူး။ အေမရိကန္က ႀကိဳတင္လက္ခံထားျခင္း ရိွတယ္။ ဒီအမႈေတြမွာ တျခားတဘက္က လက္ခံရင္ က်ေနာ္တို႔ကလည္း ICJ ရဲ ႔ စီရင္ပိုင္ခြင့္ကို လက္ခံပါတယ္လို႔။ အဲဒါကို ေလ်ာ္ေၾကးေပးရမယ္လို႔ ဆံုးျဖတ္တယ္။ ဒါေပမဲ့ ေလ်ာ္ေၾကးပမာဏကို ICJ က ေနာက္မွသတ္မွတ္မယ္လို႔ ေျပာတယ္။ အဲဒါကို သတ္မွတ္ဖို႔ Nicaragua က လံုၿခံဳေရးေကာင္စီကို တိုင္တယ္။ လံုၿခံဳေရးေကာင္စီက အေမရိကန္က ႀကီးငါးႀကီး ဗီတုိအာဏာရိွေတာ့ ဗီတိုအာဏာနဲ႔ ပယ္ခ်တယ္။ အဲဒါက နံပတ္တစ္ပါ။

နံပတ္ႏွစ္က အျခားအမႈနဲ႔ ပတ္သက္ၿပီး ေျပာပါမယ္။ အေမရိကန္ကိုယ္တိုင္က တရားလိုလုပ္ၿပီးေတာ့ တရားစြဲတယ္။ အီရန္မွာ သံတမန္ေတြကို ဓါးစားခံေတြအျဖစ္နဲ႔ အီရန္အစိုးရ ဖမ္းထားတယ္။ ခ်က္ခ်င္းလႊတ္ေပးဖို႔ တရားသူႀကီး (၁၅) ဦးစလံုးက ဗမာျပည္မွာေတာ့ အဲဒီေလာက္ေတာ့ ျဖစ္မွာမဟုတ္ဘူး။ ဂမ္ဘီယာစြဲတဲ့အမႈမွာ။ တရားသူႀကီး (၁၅) ဦးစလံုးက ကန္႔ကြက္မဲမရိွ၊ ၾကားေနမဲမရိွ၊ ခ်က္ခ်င္းလႊတ္ေပးဖို႔ ဆံုးျဖတ္တယ္။ အီရန္က မလိုက္နာဘူး။ ဘာမွမတတ္ႏိုင္ဘူး။ ေနာက္တခါ ေနာက္ (၆) လအၾကာမွာ အီရန္က အျပည္ျပည္ဆိုင္ရာဥပေဒ ေဖာက္ဖ်က္တယ္ဆိုၿပီး (၁၂) မဲ (၃) မဲနဲ႔ ဆံုးျဖတ္တယ္။ ခ်က္ခ်င္းလႊတ္ေပးဖို႔ အမိန္႔ေပးခဲ့တယ္။ ဘယ္မွာလႊတ္လို႔လဲ။ ေနာက္ထပ္ (၇) လေနမွ သူတုိ႔အခ်င္းခ်င္း အေမရိကန္အစိုးရက အီရန္ေတြရဲ ႔လူေတြကို လႊတ္ေပးလို႔ လႊတ္ဖို႔လုပ္တယ္။

သို႔ေသာ္ Genocide Convention – Diplomatic Relation Convention ကို ႏွစ္ႏိုင္ငံစလံုး အေမရိကန္နဲ႔ အီရန္။ ျမန္မာျပည္ကိစၥမွာ ျမန္မာနဲ႔ ဂမ္ဘီယာတို႔ ထိုးထားတယ္။ အဲဒါဆို သေဘာထားကြဲလြဲမွရိွရင္ တႏုိင္ငံက တျခားတႏုိင္ငံကို ေလွ်ာက္ထားႏုိင္တယ္လို႔ ေရးထားတယ္။ အဲဒီ စီရင္ပိုင္ခြင့္ကေတာ့ ထြက္လို႔မရဘူး။ ကုလသမဂၢမွ ထြက္မွပဲ အဲဒီစီရင္ပိုင္ခြင့္ကို ျငင္းလို႔ရမွာ။ အဲဒီေတာ့ ဘယ္ေလာက္ၾကာမလဲဆိုတာ - မလိုက္နာခဲ့တာရိွတယ္။ ေနာက္ဆံုးတခ်က္ က်ေနာ္ေျပာမယ္ - ၁၉၄၉ ခုနွစ္ ဒီဇင္ဘာလ (၁၉) ရက္ေန႔က Albania ကို ေပါင္ ရွစ္သိန္းေျခာက္ေသာင္းလား မသိဘူး၊ ေလ်ာ္ေၾကးေပးရမွာ - ၿဗိတိန္ႏိုင္ငံ ေရပိုင္နက္ ေရလက္ၾကားထဲမွာ စစ္သေဘၤာေတြ ျဖတ္သြားလို႔ဆိုၿပီးေတာ့ အဲဒါကို တရားသူႀကီး (၁၂) ဦး၊ (၁၃) ဦးက အမိန္႔ခ်တာ၊ Albania က မေပးဘူး။ ဘာမွလဲ လုပ္လို႔မရဘူး။ မေပးေတာ့ လံုၿခံဳေရးေကာင္စီကို ၿဗိတိန္က တိုင္တယ္လို႔ က်ေနာ္ မၾကားမိပါဘူး။ လံုၿခံဳေရးေကာင္စီကလည္း Albania ကို အေရးယူတယ္လို႔လဲ မၾကားမိဘူး။

သို႔ေသာ္ ၁၉၉၇ ခုႏွစ္မွာ Albania က ကြန္ျမဴနစ္အစိုးရေဟာင္း ျပဳတ္သြားၿပီးေတာ့ ေနာက္အစိုးရတက္ေတာ့ Albania က ၿဗိတိန္ကို ျပန္ေပးမယ္ဆိုတဲ့ သတင္းကိုေတာ့ က်ေနာ္ ဖတ္လိုက္ရတယ္။ ဘယ္ေလာက္ျပန္ေပးတယ္၊ အတိုးေကာ၊ အရင္းေကာ၊ အတိုးအရင္းေပါင္း ဘယ္ေလာက္ေပးတယ္ဆိုတာေတာ့ က်ေနာ္ မသိပါဘူး။ အဲဒီေတာ့ ဒီ (၃) ခု - တျခားႏုိင္ငံမွာ ျဖစ္ခဲ့တဲ့ မလိုက္နာခဲ့တဲ့ (၃) ခုကိုပဲ ဥပမာေပးပါရေစ။ ေျဖပါရေစ။

==Unicode==

လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အာဖရိကတိုက် Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုတဲ့ကိစ္စကို ICJ က ဘယ်လိုဆုံးဖြတ်လာနိုင်ပါသလဲ၊ အဆိုးဆုံးနဲ့ အကောင်းဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေတွေက ဘာတွေလဲ။ ICJ ရဲ့ယခင်အ ဆုံးအဖြတ်တွေကိုကော သက်ဆိုင်ရာနိုင်ငံတွေက ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ ဆိုတာတွေကို နိုင်ငံတကာတက္ကသိုလ်တွေမှာ ဥပဒေပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပညာရှင်ဒေါက်တာမြင့်ဇံ က ရှင်းပြထားပါတယ်။ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက် ကဏ္ဍမှာ ဒေါက်တာမြင့်ဇံက အခုလို စပြောခဲ့တာပါ။

ဖြေ ။ ။ Worst-Case Scenario လို့ တယောက်က ပြောတယ်။ ဆရာကြီးဆီက စကားနှိုက်မယူပါစေနဲ့။ အခုတော့ စကားနှိုက်တယ်လို့ ဦးကျော်ဇံသာကို မစွပ်စွဲလိုပါဘူး။ ဒါပေမဲ့ ပြောရရင် ဖြစ်မယ်လို့ ပြောတာမဟုတ်ဘူးနော်။ ဂမ်ဘီယာ ပြောတဲ့ဟာကို တရားသူကြီး အများစုနဲ့ Provisional Measures ထုတ်ပေးပြီ ဆိုပါစို့။ ထုတ်ပေးရင် မြန်မာက လက်ခံမလား၊ လက်မခံဘူးလားဆိုတာက တစ်ချက်ပါ။ အဲဒါကတော့ မြန်မာအစိုးရပေါ် မူတည်ပါတယ်။ နောက်တစ်ခုက အဲဒီလို လက်ခံပြီး လုပ်တယ်ဆိုပါတော့၊ ဒါမှမဟုတ် တရားသူကြီးအများစုက အမှုကို ဆက်လက်ဖို့ မြန်မာနိုင်ငံကို Genocide အရ တာဝန်ရှိ၊မရှိ။ မြန်မာနိုင်ငံအစိုးရ - ဒါကို ကျနော်ထည့်ပြောပါမယ် - မြန်မာနိုင်ငံသားတိုင်းကို စွဲတယ်ဆိုတာ မဟုတ်ပါဘူး။ တရားခံဆိုတဲ့ စကားလုံးကလည်း မဟုတ်ပါဘူး။ အများသုံးသုံးရင် မြန်မာနိုင်ငံအစိုးရကို တရားပြိုင်အစိုးရအနေနဲ့ သုံးတယ်လို့ပြောမှ မှန်ပါမယ်။ ပိုပြီးတိကျပါမယ်။ တရားခံ မဟုတ်ပါဘူး။ ရာဇဝတ်တရားရုံး မဟုတ်ပါဘူး။ အခုနပြောတာကို ပြန်ကောက်ရမယ်ဆိုရင် Provisional Measures ကို ထုတ်ပေးတယ်။ မြန်မာနိုင်ငံအစိုးရက (၄) လအတွင်း အဲဒါနဲ့ ပတ်သက်ပြီး ပြန်ပြီးတော့ ICJ ကို သတင်းပို့ဖို့ ဂမ်ဘီယာရဲ့ (၄၇) မျက်နှာ လျှောက်လွှဲချက်မှာ တင်ပြထားပါတယ်။ အဲဒါကို သတင်းပို့မယ်၊ မပို့ဘူးဆိုတာတော့ ကျနော်အနေနဲ့ အနာဂတ်ကိုတော့ မမှန်းနိုင်ဘူး။
သို့သော် အတိတ်ကို ပြန်ပြောရရင် ဘယ်လောက်ကြာမလဲလို့ ကျနော့်ကို မေးကြတယ်။ မေးတော့ - သာမန်အားဖြင့် ရိုးရိုးအမှုတွေကို ကျနော်ကြည့်တော့ (၂) နှစ်၊ (၃) နှစ်၊ (၁) နှစ်ခွဲ - အမေရိကန်သံရုံးက ဓါးစားခံတွေဖြစ်တဲ့ အမှုက အားလုံးပေါင်း (၇) လအတွင်း အဓိကအမိန့်ချပါတယ်။

မေး ။ ။ အဲဒါကတော့ အီရန်နိုင်ငံ Iran Tehran မြို့တော်မှာ အမေရိကန်သံရုံး ဝန်ထမ်းတွေကို အီရန်ဘက်က ဓါးစားခံ ဖမ်းဆီးထားတဲ့ ကိစ္စလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ (၇) လအတွင်း အပြီးသတ် အမိန့်ချပါတယ်။ အခု တချို့အမှုတွေက (၂) နှစ်ကြာတာ ရှိပါတယ်။ ဒီ Genocide Case နဲ့ ပတ်သက်ပြီး Bosnia–Herzegovina ဆိုပြီး ယခင် ၁၉၉၀ မတိုင်ခင်က Yugoslavia ရဲ့ ပြည်နယ်တစိတ်တဒေသဖြစ်တဲ့၊ နောက် နိုင်ငံသစ်ဖြစ်လာတဲ့ Bosnia–Herzegovina က Yugoslavia ကို စွဲတယ်။ ၂၀ မတ်လ ၁၉၉၃ က တရားစွဲတာ အပြီးသတ်ချမှတ်ချက်က နောင် (၁၃) နှစ်နဲ့ (၁၁) လကြာ ၂၇ နှစ်၊ ဖေဖေါ်ဝါရီလ ၂၀၀၇ ကျမှ ထုတ်တယ်။ အဲဒီတော့ Yugoslavia ဥပမာနဲ့ပဲ ပြောပါရစေ။ အဆိုးဆုံးက ဘာလဲဆိုရင် Bosina တင်တဲ့ (၅) ချက်မှာ (၄) ချက်ကို ICJ က ပယ်ချတယ်။
နံပတ်တစ်က Yugoslavia၊ နောက်ကျတော့ Serbia ဖြစ်သွားတယ်။ Genocide ကို မကျူးလွန်ခဲ့ဘူး။ တရားသူကြီးက ကနဦး (၃) ဦးလား၊ (၄) ဦးလား မသိဘူး။

နောက်တခါ Serbia ဟာ Genocide ဖြစ်အောင် လှုံဆော်ခြင်းလည်း မရှိခဲ့ဘူး။ (၃) Serbia ဟာ Genocide ကို ကျူးလွန်ဖို့ တခြားသူများနဲ့ တခြားနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းလည်း မရှိခဲ့ဘူး။ (၄) Serbia ဟာ အထူးသဖြင့် တရားစွဲပြီးမှဖြစ်တဲ့ ၁၉၉၅ ဇူလိုင်လကဖြစ်တဲ့ Srebrenica ဒေသမှာ ဖြစ်တဲ့ Genocide အမှုကို မဖြစ်ပွားအောင် ကာကွယ်ဖို့ တာဝန်ရှိတဲ့ အဲဒီတာဝန်ကိုတော့ သူမထမ်းဆောင်နိုင်ခဲ့ဘူးလို့ ပြောတယ်။ အဲဒီတော့ အဲဒီအပြင် လျော်ကြေးပေးဖို့ မလိုဘူး။ အများစုက ဆုံးဖြတ်တာ။ Genocide နဲ့ ပတ်သက်ပြီး ကာကွယ်ရန် Serbia ဟာ ပျက်ကွက်ခဲ့တယ်ဆိုတာကပဲ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ လျော်ကြေးပေးစရာ မလိုဘူးလို့ ပြောတယ်။ အဲဒါက (၁၃) နှစ်နဲ့ (၁၁) လမှာ Serbia နဲ့ ပတ်သက်တဲ့ အဆိုးဆုံးအခြေအနေပါ။

မြန်မာမှာလဲ ဘယ်လောက်ကြာမလဲ မသိဘူး။ ဒီထက် ကြာမလား၊ မကြာဘူးလား ကျနော်မပြောလိုဘူး။ ဒီလိုများ ဖြစ်မလာတော့ မထင်ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ Genocide အမှုကတော့ (၁၃) နှစ်နဲ့ (၁၁) ကြာပြီးတော့ Bosnia ဟာ သူတောင်းတဲ့ (၅) ချက်ထဲက (၁) ချက်ပဲ ရပါတယ်။

မေး ။ ။ အဆိုးဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေ - Bosnia–Herzegovina Balkan ပြဿနာနဲ့ နမူနာပေးပြီးတော့ (၁၃) နှစ်အထိ ကြာတယ်။ နောက်ဆုံးကြတော့ အချက် (၅) ချက်မှာ (၁) ချက်ပဲ ဖြစ်တယ်။ အဲဒီအထိဖြစ်တာလဲ လျော်ကြေးပေးစရာ မလိုဘဲနဲ့ ပြီးပြတ်သွားတယ်ဆိုတဲ့သဘော ပြောပါတယ်။ အဲဒီတော့ အဲဒီအဆင့်အထိ မရောက်ဘဲနဲ့ အကောင်းဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေကော ရှိလား။

ဖြေ ။ ။ အကောင်းဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေကတော့ တရားသူကြီး (၁၇) ဦးမှာ (၉) ဦးက ဂမ်ဘီယာရဲ့ လျှောက်လွှဲချက်က မခိုင်လုံတဲ့အတွက်ကြောင့်မို့ ပယ်တယ်ဆိုပါတော့၊ အဲဒီလိုဆိုရင်တော့ အဲဒီမှာတင် ကိစ္စပြတ်သွားမယ်လို့ ထင်တယ်။ ဒါကို ဂမ်ဘီယာကလည်း ထပ်ပြီးအယူခံပိုင်ခွင့် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အပြည်ပြည်ဆိုင်ရာ တရားရုံးက အယူခံတရားရုံးလည်း မဟုတ်ဘူး။ နောက်ပြီးတော့ ရာဇဝတ်ရုံးလည်း မဟုတ်တဲ့အတွက်ကြောင့်မို့ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ နိုင်ငံချင်း ဖြစ်တဲ့ပြဿနာတွေကို ဖြေရှင်းတဲ့ပြဿနာ။ အဲဒါကတော့ အကောင်းဆုံးကတော့ အဲဒါပါပဲ။

မေး ။ ။ နောက် အဲဒီလိုဖြစ်မလာဘဲနဲ့ Provisional Measures ထုတ်ပေးခဲ့မယ်ဆိုရင်ကော အချိန်ဘယ်လောက်အကြာမှာ ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလဲ။ ယူဆပါလဲ။

ဖြေ ။ ။ ဘယ်လောက်ကြာမလဲဆိုတာတော့ Provisional Measures ကို ထုတ်ပေးဖို့ ဆိုတာက အခုန ကျနော်ပြောတဲ့ Yugoslavia Case မှာ ၂၀ မတ် ၁၉၉၃ က လျှောက်တာ ပထမ Provisional Measures ကို ၈ ဧပြီ ၁၉၉၃ မှာ ထုတ်ပေးပြီးတော့ ဒုတိယ Provisional Measures ကို လတ်တလော ဆောင်ရွက်မှု အင်္ဂလိပ်လိုပြောမိတယ်။ ၂၀ စက်တင်ဘာ ၁၉၉၃ ဆိုလိုတာက (၆) လအတွင်း နှစ်ခု ထုတ်ပေးတယ်။

မေး ။ ။ အဲဒီလို Measures ထုတ်ပေးလို့ Serbia ဘက် လိုက်လျောခဲ့ပါသလား။

ဖြေ ။ ။ အခုနက တမင်တကာ အချိန်မရှိဘူးလို့ ချန်ခဲ့တယ်။ အဲဒီ Provisional Measures တွေကို Yugoslavia နောက် ဖြစ်လာတဲ့ Serbia က မလိုက်နာခဲ့ဘူး။ အခုန အကောင်းဆုံးအခြေအနေကိုတော့ ပြောပြီးပါပြီ။ ပယ်တယ်ဆိုရင်တော့ အကောင်းဆုံး အခြေအနေပေါ့။ ဂမ်ဘီယာရဲ့ လျှောက်လွှဲချက်က တရားသူကြီး အနည်းဆုံး (၉) ဦးက ပယ်တယ်ဆိုရင်တော့ ဒီမှာတင် ကိစ္စက ပြတ်သွားမယ်လို့ ထင်ပါကြောင်း ပြောလိုပါတယ်။

မေး ။ ။ အဲဒီတော့ အခုနပြောသလို ICJ ရဲ့ ထုတ်ပြန်ချက်ကို မလိုက်နာဘူး၊ ပယ်တယ်ဆိုရင် ဒီဟာကို အတင်းအကျပ် လိုက်နာအောင် ဘယ်လို Enforce လုပ်နိုင်ပါလဲ။ ICJ အနေနဲ့။

ဖြေ ။ ။ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ဆိုတာက တာဝန်ရှိတယ်။ ကုလသမဂ္ဂ ပဌိငြင် … စာချုပ် လုံခြုံရေးကောင်စီမှာ ICJ ရဲ့ ကျနော် အင်္ဂလိပ်လို ဖတ်မပြတော့ဘူး၊ တော်ကြာနေ အချိန်ကုန်မှာဆိုလို့။ မြန်မာလို ပြန်ထားတာက ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်သော သက်ဆိုင်ရာနိုင်ငံက လက်မခံခဲ့ရင် လုံခြုံရေးကောင်စီသို့ တင်ပြနိုင်မည်။ လုံခြုံရေးကောင်စီက လိုအပ်သည်ဟု ယူဆလျှင် အကြံပြုချက်များ ICJ ၏ ဆုံးဖြတ်ချက်များကို မည်သို့အကောင်အထည်ဖော်နိုင်မည်ကို ဆုံးဖြတ်နိုင်သည်။ ဒါပဲ။ အဲဒီတော့ အင်အားအသုံးပြုမယ်ဆိုပြီး ဘယ်မှာမှ မရေးထားဘူး။

နောက်ပြီးတော့ နှစ်ခု ပြောမယ်။ ပထမအမှုက Nicaragua နိုင်ငံ၊ တောင်အမေရိက၊ အလယ်ပိုင်းနိုင်ငံက တော်လှန်ရေးအစိုးရ၊ တကယ့်တော်လှန်ရေးအစိုးရ၊ အရေခြုံတော်လှန်ရေး၊ မြန်မာနိုင်ငံက တော်လှန်ရေးအစိုးရ မဟုတ်ဘူး။ တကယ့်ကို နှစ် (၄၀) ကျော်ကြာ လက်ယာအာဏာရှင်စနစ်ကို ဖြုတ်ချပြီး တော်လှန်ရေးအစိုးရ တက်လာတယ်။ အဲဒါကို အမေရိကန်က တန်ပြန်သူပုန်တွေကို အားပေးပြီးတော့ Nicaragua ကမ်းခြေနဲ့ ဆိပ်ကမ်းတွေမှာ ရေမြုပ်ဗုံးတွေ လာချတာ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်ပါတယ်ဆိုပြီး စွဲဆိုတာ၊ (၂) နှစ်ကြာတယ်။

မေး ။ ။ အဲဒီကိစ္စက Nicaragua နိုင်ငံကမ်းခြေမှာ အမေရိကန်ဘက်က သွားပြီးတော့ ဗုံးတွေသွားထောင်တဲ့ ကိစ္စကို ပြောနေတာ ဖြစ်ပါတယ်နော်။

ဖြေ ။ ။ ဟုတ်ပါတယ်။ မနိုင်မှန်သိတော့ အမေရိကန်က အဲဒီစီရင်ပိုင်ခွင့် (၃) မျိုး ရှိတယ်။ ပထမစီရင်ပိုင်ခွင့်နဲ့ သူဘာသာသူ နုတ်ထွက်လိုက်တယ်။ မြန်မာက ကြိုတင်လက်ခံထားခြင်း မရှိဘူး။ အမေရိကန်က ကြိုတင်လက်ခံထားခြင်း ရှိတယ်။ ဒီအမှုတွေမှာ တခြားတဘက်က လက်ခံရင် ကျနော်တို့ကလည်း ICJ ရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံပါတယ်လို့။ အဲဒါကို လျော်ကြေးပေးရမယ်လို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ လျော်ကြေးပမာဏကို ICJ က နောက်မှသတ်မှတ်မယ်လို့ ပြောတယ်။ အဲဒါကို သတ်မှတ်ဖို့ Nicaragua က လုံခြုံရေးကောင်စီကို တိုင်တယ်။ လုံခြုံရေးကောင်စီက အမေရိကန်က ကြီးငါးကြီး ဗီတိုအာဏာရှိတော့ ဗီတိုအာဏာနဲ့ ပယ်ချတယ်။ အဲဒါက နံပတ်တစ်ပါ။

နံပတ်နှစ်က အခြားအမှုနဲ့ ပတ်သက်ပြီး ပြောပါမယ်။ အမေရိကန်ကိုယ်တိုင်က တရားလိုလုပ်ပြီးတော့ တရားစွဲတယ်။ အီရန်မှာ သံတမန်တွေကို ဓါးစားခံတွေအဖြစ်နဲ့ အီရန်အစိုးရ ဖမ်းထားတယ်။ ချက်ချင်းလွှတ်ပေးဖို့ တရားသူကြီး (၁၅) ဦးစလုံးက ဗမာပြည်မှာတော့ အဲဒီလောက်တော့ ဖြစ်မှာမဟုတ်ဘူး။ ဂမ်ဘီယာစွဲတဲ့အမှုမှာ။ တရားသူကြီး (၁၅) ဦးစလုံးက ကန့်ကွက်မဲမရှိ၊ ကြားနေမဲမရှိ၊ ချက်ချင်းလွှတ်ပေးဖို့ ဆုံးဖြတ်တယ်။ အီရန်က မလိုက်နာဘူး။ ဘာမှမတတ်နိုင်ဘူး။ နောက်တခါ နောက် (၆) လအကြာမှာ အီရန်က အပြည်ပြည်ဆိုင်ရာဥပဒေ ဖောက်ဖျက်တယ်ဆိုပြီး (၁၂) မဲ (၃) မဲနဲ့ ဆုံးဖြတ်တယ်။ ချက်ချင်းလွှတ်ပေးဖို့ အမိန့်ပေးခဲ့တယ်။ ဘယ်မှာလွှတ်လို့လဲ။ နောက်ထပ် (၇) လနေမှ သူတို့အချင်းချင်း အမေရိကန်အစိုးရက အီရန်တွေရဲ့လူတွေကို လွှတ်ပေးလို့ လွှတ်ဖို့လုပ်တယ်။

သို့သော် Genocide Convention – Diplomatic Relation Convention ကို နှစ်နိုင်ငံစလုံး အမေရိကန်နဲ့ အီရန်။ မြန်မာပြည်ကိစ္စမှာ မြန်မာနဲ့ ဂမ်ဘီယာတို့ ထိုးထားတယ်။ အဲဒါဆို သဘောထားကွဲလွဲမှရှိရင် တနိုင်ငံက တခြားတနိုင်ငံကို လျှောက်ထားနိုင်တယ်လို့ ရေးထားတယ်။ အဲဒီ စီရင်ပိုင်ခွင့်ကတော့ ထွက်လို့မရဘူး။ ကုလသမဂ္ဂမှ ထွက်မှပဲ အဲဒီစီရင်ပိုင်ခွင့်ကို ငြင်းလို့ရမှာ။ အဲဒီတော့ ဘယ်လောက်ကြာမလဲဆိုတာ - မလိုက်နာခဲ့တာရှိတယ်။ နောက်ဆုံးတချက် ကျနော်ပြောမယ် - ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့က Albania ကို ပေါင် ရှစ်သိန်းခြောက်သောင်းလား မသိဘူး၊ လျော်ကြေးပေးရမှာ - ဗြိတိန်နိုင်ငံ ရေပိုင်နက် ရေလက်ကြားထဲမှာ စစ်သင်္ဘောတွေ ဖြတ်သွားလို့ဆိုပြီးတော့ အဲဒါကို တရားသူကြီး (၁၂) ဦး၊ (၁၃) ဦးက အမိန့်ချတာ၊ Albania က မပေးဘူး။ ဘာမှလဲ လုပ်လို့မရဘူး။ မပေးတော့ လုံခြုံရေးကောင်စီကို ဗြိတိန်က တိုင်တယ်လို့ ကျနော် မကြားမိပါဘူး။ လုံခြုံရေးကောင်စီကလည်း Albania ကို အရေးယူတယ်လို့လဲ မကြားမိဘူး။

သို့သော် ၁၉၉၇ ခုနှစ်မှာ Albania က ကွန်မြူနစ်အစိုးရဟောင်း ပြုတ်သွားပြီးတော့ နောက်အစိုးရတက်တော့ Albania က ဗြိတိန်ကို ပြန်ပေးမယ်ဆိုတဲ့ သတင်းကိုတော့ ကျနော် ဖတ်လိုက်ရတယ်။ ဘယ်လောက်ပြန်ပေးတယ်၊ အတိုးကော၊ အရင်းကော၊ အတိုးအရင်းပေါင်း ဘယ်လောက်ပေးတယ်ဆိုတာတော့ ကျနော် မသိပါဘူး။ အဲဒီတော့ ဒီ (၃) ခု - တခြားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ မလိုက်နာခဲ့တဲ့ (၃) ခုကိုပဲ ဥပမာပေးပါရစေ။ ဖြေပါရစေ။

XS
SM
MD
LG