သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္၊ အီရန္၊ ႐ုရွား သံုးႏုိင္ငံ ပူးတြဲ ေရတပ္စစ္ေရးေလ့က်င့္မည္


ဖ်က္သေဘၤာ Xining ေပၚမတက္ခင္ ဂုဏ္ျပဳတပ္ဖြဲ႔ကို စစ္ေဆး ေနသည့္ တ႐ုတ္သမၼတ Xi Jinping ။ ဧၿပီ ၂၃၊ ၂၀၁၉။

(Zawgyi/Unicode)

တ႐ုတ္၊ အီရန္နဲ႔ ႐ုရွားတို႔ ပူးတြဲၿပီး အိႏိၵယသမုဒၵရာနဲ႔ အိုမန္ပင္လယ္ေကြ႔ထဲမွာ ေရတပ္စစ္ေရးေလ့က်င့္မႈေတြ လုပ္မယ္လို႔ တ႐ုတ္ နဲ႔ အီရန္ တာဝန္ရွိသူေတြက ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။

အီရန္နဲ႔ အေမရိကန္ၾကား ေဒသတြင္းမွာ တင္းမာမႈျမင့္ေနခ်ိန္မွာပဲ ဒီဇင္ဘာလ ၂၇ ရက္၊ ေသာၾကာေန႔ကေန ဒီဇင္ဘာလ ၃၀ ရက္ေန႔ထိ သံုးႏိုင္ငံ ပူးတြဲ ေရတပ္စစ္ေရးေလ့က်င့္ၾကမွာပါ။

တ႐ုတ္ႏုိ္္င္ငံရဲ႕ ပဲ့ထိန္းဒံုးက်ည္တပ္ ဖ်က္သေဘၤာ Xining ကို ဒီစစ္ေရးေလ့က်င့္မႈအတြက္ လႊတ္မယ္လုိ႔ တ႐ုတ္ ကာကြယ္ေရး ဌာနေျပာခြင့္ရ Wu Qian က ဒီဇင္ဘာလ ၂၆ ရက္ ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။ စုစုေပါင္း ပါဝင္မယ့္ တပ္ဖြဲ႔ဝင္ ဒါမွမဟုတ္ သေဘၤာ အေရအတြက္ေတြကိုေတာ့ သူက အေသးစိတ္ေျပာမသြားပါဘူး။

ဒီစစ္ေရးေလ့က်င့္မႈေတြဟာ ေဒသတြင္းမွာ လံုျခံဳေရး တည္ၿငိမ္ေစမယ္လို႔ အီရန္ လက္နက္ကိုင္္တပ္ဖြဲ႔မ်ားဆိုင္ရာ အႀကီးတန္း ေျပာခြင့္ရ Aboldazl Shekarchi က တီဟီရန္ၿမိဳ႕ေတာ္မွာ ေျပာပါတယ္။ စစ္ေရးေလ့က်င့္မႈရဲ႕ရည္ရြယ္ခ်က္က ေဒသတြင္းမွာ ႏုိင္ငံ တကာ ကူးသန္းေရာင္းဝယ္မႈ ေဘးကင္းလံုျခံဳေရး၊ အၾကမ္းဖက္ဝါဒနဲ႔ ပင္လယ္ဓားျပ ႏွိမ္နင္းမႈတို႔ အားေကာင္းေစဖို႔ျဖစ္တယ္လုိ႔ လည္း အီရန္ေျပာခြင့္ရက ေျပာပါတယ္။

ပါရွန္းပင္လယ္ေကြ႔ေဒသေရျပင္မွာ တိုက္ခိုက္ခံရတာေတြ ျဖစ္ၿပီးတဲ့ေနာက္ အဲဒီေဒသမွာ အေမရိကန္ဦးေဆာင္တဲ့ ေရတပ္ဖြဲ႔ေတြ ခ်ထားဖို႔ အေမရိကန္က အဆိုျပဳဖူးပါတယ္။ တိုက္ခုိက္မႈေတြရဲ႕ လက္သည္အျဖစ္ အေမရိကန္နဲ႔ မဟာမိတ္ေတြက အီရန္ကို အျပစ္တင္ေျပာဆိုေပမယ့္ အီရန္ကေတာ့ ျငင္းပါတယ္။

----------------------------------

(Unicode)

တရုတ်၊ အီရန်၊ ရုရှား သုံးနိုင်ငံ ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မည်

တရုတ်၊ အီရန်နဲ့ ရုရှားတို့ ပူးတွဲပြီး အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်လယ်ကွေ့ထဲမှာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်လို့ တရုတ် နဲ့ အီရန် တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အီရန်နဲ့ အမေရိကန်ကြား ဒေသတွင်းမှာ တင်းမာမှုမြင့်နေချိန်မှာပဲ ဒီဇင်ဘာလ ၂၇ ရက်၊ သောကြာနေ့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ သုံးနိုင်ငံ ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်ကြမှာပါ။

တရုတ်နို််င်ငံရဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော Xining ကို ဒီစစ်ရေးလေ့ကျင့်မှုအတွက် လွှတ်မယ်လို့ တရုတ် ကာကွယ်ရေး ဌာနပြောခွင့်ရ Wu Qian က ဒီဇင်ဘာလ ၂၆ ရက် ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ စုစုပေါင်း ပါဝင်မယ့် တပ်ဖွဲ့ဝင် ဒါမှမဟုတ် သင်္ဘော အရေအတွက်တွေကိုတော့ သူက အသေးစိတ်ပြောမသွားပါဘူး။

ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်းမှာ လုံခြုံရေး တည်ငြိမ်စေမယ်လို့ အီရန် လက်နက်ကိုင််တပ်ဖွဲ့များဆိုင်ရာ အကြီးတန်း ပြောခွင့်ရ Aboldazl Shekarchi က တီဟီရန်မြို့တော်မှာ ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်က ဒေသတွင်းမှာ နိုင်ငံ တကာ ကူးသန်းရောင်းဝယ်မှု ဘေးကင်းလုံခြုံရေး၊ အကြမ်းဖက်ဝါဒနဲ့ ပင်လယ်ဓားပြ နှိမ်နင်းမှုတို့ အားကောင်းစေဖို့ဖြစ်တယ်လို့ လည်း အီရန်ပြောခွင့်ရက ပြောပါတယ်။

ပါရှန်းပင်လယ်ကွေ့ဒေသရေပြင်မှာ တိုက်ခိုက်ခံရတာတွေ ဖြစ်ပြီးတဲ့နောက် အဲဒီဒေသမှာ အမေရိကန်ဦးဆောင်တဲ့ ရေတပ်ဖွဲ့တွေ ချထားဖို့ အမေရိကန်က အဆိုပြုဖူးပါတယ်။ တိုက်ခိုက်မှုတွေရဲ့ လက်သည်အဖြစ် အမေရိကန်နဲ့ မဟာမိတ်တွေက အီရန်ကို အပြစ်တင်ပြောဆိုပေမယ့် အီရန်ကတော့ ငြင်းပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG