သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၁၀၀ ကျော်ပြီဖြစ်ကြောင်း AI ထုတ်ပြန်


(Zawgyi/Unicode)

အီရန်နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့ကစတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ အနည်းဆုံး လူ ၁၀၆ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International) က ပြောပါတယ်။

ဒီအရေအတွက်ဟာဆိုရင် ပြီးခဲ့တဲ့ နှစ်နှစ်ကဖြစ်ခဲ့တဲ့ လူထုဆန္ဒပြမှုတွေအတွင်း သေဆုံးရမှုရဲ့ ၄ ဆ ရှိတယ်လို့လည်း AI အဖွဲ့ကြီးက ပြောပါတယ်။ မျက်မြင်တွေ့သူတွေ၊ လူမှုကွန်ရက်မီဒီယာ တွေ၊ နောက် ပြည်ပအခြေစိုက် အီရန် လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အစီရင်ခံချက်တွေကို အခြေခံပြီး လုံခြုံရေးတပ်ဖွဲ့လက်ချက်နဲ့ ဆန္ဒပြသူ ၁၀၆ ဦး သေဆုံးရတယ်လို့ AI အဖွဲ့ကြီးက ဆုံးဖြတ်တာဖြစ်ကြောင်း ဒီအဖွဲ့ရဲ့ အီရန်ဆိုင်ရာကျွမ်းကျင်သူ Raha Bahreini က ဗွီအိုအေ ပါရှန်ဌာနနဲ့ အင်္ဂါနေ့ မေးမြန်းမှုအတွင်း ပြောဆိုတာဖြစ်ပါတယ်။

မြို့ကြီး မြို့ငယ် ၂၁ ခုမှာ အသေအပျောက်ရှိခဲ့ပြီး အနောက်ပိုင်းမြို့တွေဖြစ်တဲ့ Kermanshah, Javanroud, Bandar-e Mahshahr နဲ့ သူ့ရဲ့ ဆင်ခြေဖုံးဒေသတွေ၊ Mariwan , Behbahan တို့မှာ အသေအပျောက်အများဆုံး ဖြစ်တယ်လို့လည်း AI အဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက အီရန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ဆန္ဒပြသူ ၇ ဦး သေဆုံးမှုကို ဗွီအိုအေ ပါရှန်ဌာနက သီးခြားအတည်ပြုချက် ရရှိထားပါတယ်။ သောကြာနေ့က စခဲ့တဲ့ အီရန်ဆန္ဒပြမှုတွေအတွင်း သေဆုံးသူတွေရှိတယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြပေမယ့် သေဆုံးသူ၊ ဒဏ်ရာရသူ အရေအတွက်ကိုရော ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်လို့ရော ထုတ်ပြန်မထားပါဘူး။

တိုက်ရိုက် လင့်ခ်


................


(Unicode)





XS
SM
MD
LG