သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ရာသီဖောက်ပြန်မှု တိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ စပိန်မှာ စတင်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres

(Zawgyi/Unicode)

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တိုက်ဖျက်ကြမလား၊ ရာသီဥတုဖောက်ပြန်မှုရဲ့ ပြင်းထန်တဲ့ သက်ရောက်မှုတွေကို လက်လျှော့ ရင်ဆိုင်မလားဆိုတဲ့ လမ်း နှစ် လမ်းကို ရွေးကြရလိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က ပြောကြားလိုက်ပါတယ်။

စပိန်နိုင်ငံ Madrid မြို့တော်မှာ ဒီကနေ့ စတင်တဲ့ ရာသီဥတုဆိုင်ရာ ညီလာခံဖွင့်ပွဲမှာ အတွင်းရေးမှူးချုပ် Guterres က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီညီလာခံကနေ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက မျှော်လင့်ချက်လမ်းကို သွားမှာလား၊ လက်လျှော့အရှုံးပေးတဲ့လမ်းကို သွားမှာလားဆိုတာကို သတ်မှတ်မှာဖြစ်ကြောင်းနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် သိပ္ပံနည်းပညာတွေ၊ အရင်းအမြစ်တွေ ရှိပြီးသားဖြစ်ပြီး နိုင်ငံရေးအရ စိတ်ဆန္ဒသာ လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောကြားသွားတာ ဖြစ်ပါတယ်။

၂၁ ရာစုမှာ လူမှုအကြပ်အတည်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာ ၂ ခုက ဆက်စပ်နေတာမို့ ဒီပြဿနာ ၂ ခုလုံးကို အညီအမျှ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ညီလာခံအလှည့်ကျ ဥက္ကဋ္ဌ Carolina Schmidt ကလည်း ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ရရှိခဲ့တဲ့ ပါရီသဘောတူညီချက်ထဲက ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးနဲ့ ရာသီဥတုဖောက်ပြန်မှု ဒဏ်ခံရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ဓါတ်ငွေ့ထုတ်လွှတ်နေတဲ့ ချမ်းသာတဲ့နိုင်ငံတွေက လျော်ကြေးပေးရေးတို့နဲ့ဆိုင်တဲ့ အလုပ်ဖြစ်မယ့် နိုင်ငံတကာစနစ်တခု ဖန်တီးရေးကို အခုညီလာခံမှာ ဆွေးနွေးကြမှာပါ။

ပါရီသဘောတူစာချုပ်ထဲကနေ အမေရိကန်အစိုးရက နုတ်ထွက်ထားပေမဲ့ ၂၀၂၀ နိုဝင်ဘာလ ၄ ရက်နေ့အထိ အဖွဲ့ဝင်အဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။ အထူးသံတမန် Marcia Bernicat ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ညီလာခံတက်ရောက်နေပါတယ်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖဲ့ွ့ကို ဦးဆောင်တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကတော့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဓိဌာန် ဆက်လက်ခိုင်မာနေဆဲဖြစ်တယ်လို့ လွှတ်တော်ကိုယ်စား ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ရာသီဖောက်ပြန်မှု တိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ စပိန်မှာ စတင်
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG