သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီေျပာင္းလဲမႈအေရး ပိုၿပီးလုပ္ေဆာင္ဖို႔ ကမာၻတဝန္း ဆႏၵျပေတာင္းဆို


ဥတုရာသီေျပာင္းလဲမႈအေရး ပိုၿပီးလုပ္ေဆာင္ဖို႔ ကမာၻတဝန္း ဆႏၵျပ

(Zawgyi/Unicode)

ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမူကို တားဆီးေရး ပိုမိုလုပ္ေဆာင္ေပးဖို႔ ဥေရာပနဲ႔ အာရွ တေလွ်ာက္ ၿမိဳ႕ႀကီးေတြမွာ ေသာၾကာေန႔က လူေထာင္ေပါင္းမ်ားစြာ ဆႏၵျပ ေတာင္းဆိုၾကပါ တယ္။

ဒီဆႏၵျပပြဲေတြကို ၾသစေတ်းလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕ကေန စတင္လိုက္ၿပီး ဆႏၵျပသူေတြအေန နဲ႔ New South Wales ျပည္နယ္က လစ္ဘရယ္ပါတီဌာနခ်ဳပ္မွာ စုေဝးကာ ေက်ာက္မီးေသြး၊ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔စီမံကိန္းေတြ အသစ္ထပ္မလုပ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ၾသစေတ်းလ်ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ ဒီ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမူေၾကာင့္လို႔ ဆႏၵျပသူေတြ ယံုၾကည္ထားတဲ့ ေတာမီးေတြ မၾကာခင္ သီတင္းပတ္ေတြထဲ ျပင္းျပင္းထန္ထန္ ေလာင္ကၽြမ္းခဲ့အၿပီးမွာ ဒီဆႏၵျပပြဲေတြ ျဖစ္လာတာပါ။

အိႏိၵယ၊ ဂ်ာမနီ၊ ေတာင္ကိုရီးယား၊ အစၥေရးလ္၊ တူရကီ၊ အီတလီ၊ စပိန္နဲ႔ ျပင္သစ္တို႔မွာ လည္း ဆႏၵျပ ေတာင္းဆိုၾကပါတယ္။

Friday for Future အနာဂတ္အတြက္ ေသာၾကာလို႔ နာမည္ေပးထားတဲ့ ဥတုရာသီဆိုင္ရာ လႈပ္ရွားမူအဖြဲ႔က ဒီဆႏၵျပပြဲေတြကို ႏိုင္ငံေပါင္း ၁၅၃ ႏိုင္ငံက ၿမိဳ႕ႀကီးေပါင္း ၂,၃၀၀ မွာ လုပ္ေဆာင္သြားဖို႔ရွိတယ္လို႔ ဆိုပါတယ္။

ဆြီဒင္က ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ တက္ႂကြလႈပ္ရွားသူ ဆယ္ေက်ာ္သက္အရြယ္ Greta Thunberg အေနနဲ႔ ေပၚတူဂီႏုိင္ငံ၊ လစၥဘြန္းၿမိဳ႕မွာလုပ္မယ့္ ေက်ာင္းသားဆႏၵျပပြဲေတြမွာ မေန႔က ပါဝင္ဖို႔ ရွိခဲ့ေပမယ့္ ရာသီဥတုဆိုးဝါးတာေၾကာင့္ သူ႕ရဲ႕ရြက္ေလွ နယူးေယာက္ကေန အတၱလန္တစ္သမုဒၵရာကို ျဖတ္တာမွာ ေႏွာင့္ေႏွးမူေတြနဲ႔ ၾကံဳခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ဥတုရာသီပြောင်းလဲမှုအရေး ပိုပြီးလုပ်ဆောင်ဖို့ ကမ္ဘာတဝန်း ဆန္ဒပြတောင်းဆို

(Unicode)

ရာသီဥတုဖောက်ပြန်ပြောင်းလဲမူကို တားဆီးရေး ပိုမိုလုပ်ဆောင်ပေးဖို့ ဥရောပနဲ့ အာရှ တလျှောက် မြို့ကြီးတွေမှာ သောကြာနေ့က လူထောင်ပေါင်းများစွာ ဆန္ဒပြ တောင်းဆိုကြပါ တယ်။

ဒီဆန္ဒပြပွဲတွေကို သြစတျေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကနေ စတင်လိုက်ပြီး ဆန္ဒပြသူတွေအနေ နဲ့ New South Wales ပြည်နယ်က လစ်ဘရယ်ပါတီဌာနချုပ်မှာ စုဝေးကာ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေ အသစ်ထပ်မလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

သြစတျေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဒီ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမူကြောင့်လို့ ဆန္ဒပြသူတွေ ယုံကြည်ထားတဲ့ တောမီးတွေ မကြာခင် သီတင်းပတ်တွေထဲ ပြင်းပြင်းထန်ထန် လောင်ကျွမ်းခဲ့အပြီးမှာ ဒီဆန္ဒပြပွဲတွေ ဖြစ်လာတာပါ။

အိန္ဒိယ၊ ဂျာမနီ၊ တောင်ကိုရီးယား၊ အစ္စရေးလ်၊ တူရကီ၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်တို့မှာ လည်း ဆန္ဒပြ တောင်းဆိုကြပါတယ်။

Friday for Future အနာဂတ်အတွက် သောကြာလို့ နာမည်ပေးထားတဲ့ ဥတုရာသီဆိုင်ရာ လှုပ်ရှားမူအဖွဲ့က ဒီဆန္ဒပြပွဲတွေကို နိုင်ငံပေါင်း ၁၅၃ နိုင်ငံက မြို့ကြီးပေါင်း ၂,၃၀၀ မှာ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဆွီဒင်က ဥတုရာသီပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက်အရွယ် Greta Thunberg အနေနဲ့ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာလုပ်မယ့် ကျောင်းသားဆန္ဒပြပွဲတွေမှာ မနေ့က ပါဝင်ဖို့ ရှိခဲ့ပေမယ့် ရာသီဥတုဆိုးဝါးတာကြောင့် သူ့ရဲ့ရွက်လှေ နယူးယောက်ကနေ အတ္တလန်တစ်သမုဒ္ဒရာကို ဖြတ်တာမှာ နှောင့်နှေးမူတွေနဲ့ ကြုံခဲ့ရပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG