သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လွ်ပ္စစ္ဓာတ္အား ျပန္ျပည့္ၿမဲစြမ္းအင္သံုးဖို႔ တိုက္တြန္း


ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားလိုင္းကိုကိုင္၍ သစ္ပင္ခုတ္ေနသူတဦး။ ေအာက္တိုဘာ ၁၇၊ ၂၀၁၅။

တႏုိင္ငံလံုး လွ်ပ္စစ္မီးရရွိေရး ရည္မွန္း ေဆာင္ရြက္ေနတဲ့ ျမန္မာႏုိင္ငံမွာ သဘာ၀ပတ္၀န္းက်င္ကို မထိခုိက္ေစတဲ့ ျပန္ျပည့္ၿမဲစြမ္းအင္က မဂၢါ၀ပ္ ၄ ေသာင္းေက်ာ္ အထိ ရရွိႏုိင္ၿပီး လိုအပ္ခ်က္ထက္ေတာင္ ပိုလွ်ံေနတယ္လို႔ စြမ္းအင္အေရး ေဆာင္ရြက္ေနသူေတြက ေထာက္ျပပါတယ္။ ေရအားလွ်ပ္စစ္စီမံကိန္းႀကီးေတြနဲ႔ ေက်ာက္မီးေသြး အသံုးျပဳမယ့္အစား ျပန္ျပည့္ၿမဲစြမ္းအင္ကို ေျပာင္းလဲလာေရး ဆိုတာမွာ လက္ေတြ႔ ျဖစ္ႏုိင္ေျခ အလားအလာေတြနဲ႔ ပတ္သက္လို႔ Save the Natural Resource စာနာအဖြဲ႔ရဲ႕ ဒါ႐ုိက္တာ ကိုဧပရယ္ၾကဴၾကဴးကို ဗီြအိုေအ႐ုံးခ်ဳပ္မွာ မသိဂႌထုိက္က ေမးျမန္း တင္ျပထားပါတယ္။

ျမန္မာႏုိင္ငံတြင္းက လက္ရွိ ရွိေနတဲ့ ျပန္ျပည့္ၿမဲစြမ္းအင္ ရင္းျမစ္ေတြကို စုစည္း သုေတသန ျပဳခ်က္အရ လွ်ပ္စစ္ဓာတ္အား မဂၢါ၀ပ္ ၄၂,၀၀၀ ထိ ထုတ္ႏုိ္င္ၿပီး ဒီပမာဏဟာဆိုရင္ ျမန္မာႏုိင္ငံ လိုအပ္ေနတဲ့ လွ်ပ္စစ္စြမ္းအင္ ပမာဏထက္ ပိုမ်ားေနတာပါ။ ကမၻာ့ဘဏ္႐ုံးခ်ဳပ္မွာ ျမန္မာ့လွ်ပ္စစ္က႑နဲ႔ ပတ္သက္ၿပီး လာေရာက္ ေဆြးေႏြးတဲ့ အရပ္ဘက္အဖြဲ႔အစည္း Save the Natural Resource စာနာအဖြဲ႔ရဲ႕ ဒါ႐ုိက္တာ ကိုဧပရယ္ၾကဴၾကဴးက အခုလို ေျပာပါတယ္။

“NEP လုိ႔ေျပာတဲ့ Natural Electrification Plan မွာ ၾကည့္လုိက္မယ္ဆုိရင္ ျမန္မာႏုိင္ငံအတြက္ ၂၀၃၀ မွာ အျမင့္ဆုံးလုိေနတဲ့ လွ်ပ္စစ္ဓာတ္အားက ၁၄၅၄၂ မဂၢါဝပ္၊ အနိမ့္ဆုံးလိုအပ္ခ်က္ကေတာ့ ၉၁၀၀ မဂၢါဝပ္ေပါ့ေနာ္၊ အဲေတာ့ လက္ရွိက ၆၀၀၀ ေလာက္ထုတ္တယ္၊ ၂၀၃၀ က်ရင္ ၁၄၀၀၀ ေလာက္ လုိတယ္ေပါ့။ ဒါေပမယ့္ Renewable Energy က တြက္ခ်က္ထားတဲ့ဟာေတြအရ ဆုိရင္ ၄၂၀၀၀ မဂၢါဝပ္ေလာက္က ဒီ Renewable Energy ကေန ရႏုိင္တယ္ေပါ့။ ဒါေၾကာင့္မုိ႔ ခုန ဆည္္အႀကီးႀကီးေတြ ေဆာက္မယ့္ဟာေတြ၊ ေက်ာက္မီးေသြး ေဆာက္မယ့္ဟာေတြထက္ ဒီဟာေတြေပၚမွာ ဒီလိုမ်ဳိး တြက္ခ်က္ထားတဲ့ ေရြးခ်ယ္စရာေလးေတြ ရွိတယ္။

“ဒါေပမယ့္ အဲဒီမွာ အမ်ားႀကီးေျပာလာၾကမွာေပါ့၊ နည္းပညာအရ အခက္အခဲရွိတယ္၊ တျခားလုပ္စရာေတြက အမ်ားႀကီး အခက္အခဲရွိတယ္ ေျပာေနေပမယ့္လည္း ဆည္ႀကီးေတြေဆာက္မယ့္ ေငြေတြ၊ ေက်ာက္မီးေသြးေတြ ေဆာက္မယ့္ေငြေတြက ဒီထဲမွာ ရင္းႏွီးျမႇဳပ္ႏွံလိုက္ရင္ ၂၀၃၀ မွာ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံအတြက္ လွ်ပ္စစ္မီး လုံေလာက္ႏုိင္တယ္။ ၿပီးေတာ့ စီးပြားေရးလုပ္ဖုိ႔အတြက္လည္း ဒီလွ်ပ္စစ္မီးေတြက လုံေလာက္ႏုိင္ပါတယ္ဗ်။”

ကမၻာ့ဘဏ္က ပံ့ပိုးေဆာင္ရြက္ေနတဲ့ အစိုးရရဲ႕ NEP အမ်ိဳးသား လွ်ပ္စစ္စြမ္းအင္ဆိုင္ရာ စီမံကိန္းမွာေတာ့ ျမန္မာ့လွ်ပ္စစ္ လိုအပ္ခ်က္ကို ေရအားလွ်ပ္စစ္ စက္႐ုံႀကီးေတြနဲ႔ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္စက္႐ုံေတြက အဓိကထားထုတ္ဖို႔ ရည္မွန္း ေဆာင္ရြက္ေနၿပီး သဘာ၀ပတ္၀န္းက်င္အေရး ေဆာင္ရြက္သူေတြကေတာ့ ဒီအစား ရွိေနၿပီးျဖစ္တဲ့ ျပန္ျပည့္ၿမဲစြမ္းအင္ကို အဓိက အသံုးျပဳဖို႔ တိုက္တြန္းေနၾကတာ ျဖစ္ပါတယ္။ လက္ရွိ ျမန္မာႏုိင္ငံမွာရွိေနတဲ့ ျပန္ျပည့္ၿမဲစြမ္းအင္ ရင္းျမစ္ေတြကိုလည္း ကိုဧပရယ္ၾကဴၾကဴးက အခုလို ေျပာပါတယ္။

“ေလအားလွ်ပ္စစ္ေပါ့၊ ေလအားလွ်ပ္စစ္အေနနဲ႔ေတာ့ က်ေနာ္တုိ႔ အခုမွ သုေတသနလုပ္တဲ့ဟာေတြ၊ စမ္းသပ္တဲ့အဆင့္ေတြပဲ ရွိပါေသးတယ္။ အဲေတာ့ ျပန္ျပည့္ၿမဲစြမ္းအင္လုိ႔ ေျပာလုိ႔ရွိရင္ အေသးစား ေရအားလွ်ပ္စစ္ေလးေတြ၊ အေသးေလးေတြ ေပါ့ေနာ္၊ အဲဒါေတြရယ္၊ ေနေရာင္ျခည္စြမ္းအင္သုံးရယ္၊ Biomass လို႔ ေျပာတဲ့ဟာေတြရယ္ အဲဒါေတြက ျပန္ျပည့္ၿမဲစြမ္းအင္ အေနနဲ႔ ျမန္မာႏုိင္ငံမွာ ရွိေနပါတယ္ဗ်။”

ျပန္ျပည့္ၿမဲစြမ္းအင္ကို အဓိကထား အသံုးျပဳဖို႔အေရးမွာ နည္းပညာပိုင္းဆိုင္ရာ အခက္အခဲေတြ ႀကံဳေတြ႔ႏုိင္ေပမယ့္လည္း ႏုိင္ငံတကာ အဖြဲ႔အစည္းေတြရဲ႕ အေထာက္အပံ့ေတြ ရႏုိ္င္တယ္လို႔လည္း ေထာက္ျပပါတယ္။ ဒါ့အျပင္ ေရအားလွ်ပ္စစ္ စီမံကိန္းႀကီးေတြနဲ႔ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ အေရးေတြက ျမန္မာ့ႏုိင္ငံေရး အေပၚမွာပါ ႐ုိက္ခတ္ႏုိင္တယ္လို႔လည္း သူက သံုးသပ္ပါတယ္။

“ေက်ာက္မီးေသြးကိစၥရယ္၊ ေရအားလွ်ပ္စစ္ အႀကီးႀကီးေတြရယ္၊ ၿပီးရင္ ဂက္စ္ေတြရယ္ေပါ့၊ အဲဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈလုိ႔ ေျပာလုိ႔ရွိရင္ ရင္းႏွီးျမႇဳပ္ႏွံမႈက အမ်ားႀကီးလာပါတယ္။ အဲဒီအခ်ိန္မွာ က်ေနာ္တုိ႔ စဥ္းစားရတာက တကမၻာလုံးၿခဳံၿပီး စဥ္းစားေနတဲ့ Paris Climate Change တခုတည္း မဟုတ္ပါဘူး။ ႏုိင္ငံေရးအေျခအေနပါ ထည့္စဥ္းစားရပါတယ္။ အဲေတာ့ ေနာက္ကေနလာတဲ့၊ ဥပမာ ေရအားလွ်ပ္စစ္နဲ႔ပတ္သက္ၿပီး လာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဆုိရင္ ျမစ္ေတြေပၚမွာ အဓိကျဖစ္တဲ့အတြက္ေၾကာင့္ ျမစ္ေတြေဘးနားမွာဆုိရင္ ျမန္မာႏုိင္ငံ တုိင္းရင္းသား လက္နက္ကုိင္ေတြ ရွိပါတယ္။ ၿငိမ္းခ်မ္းေရးကိစၥလည္း အခုထိ ပိတ္ေနတယ္ေပါ့၊ ဆက္ေဆြးေႏြးလုိ႔မရတဲ့ကိစၥေတြ ရွိတယ္။

“ေက်ာက္မီးေသြးနဲ႔ ပတ္သက္ရင္လည္း ေက်ာက္မီးေသြးနဲ႔ ပတ္သက္တဲ့ဟာမွာ သဘာဝပတ္ဝန္းက်င္ ထိခုိက္မႈေတြ အမ်ားႀကီးရွိမယ္ေပါ့ေနာ္။ အဲေတာ့ ျမန္မာႏုိင္ငံအေနနဲ႔ ပတ္သက္ၿပီး ေျပာရလို႔ရွိရင္ေတာ့ ေရအားလွ်ပ္စစ္ အႀကီးႀကီးေတြ၊ ေက်ာက္မီးေသြးေတြ၊ တျခား ရင္းႏွီးျမႇဳပ္ႏွံမႈ အႀကီးႀကီးေတြက ျမန္မာႏုိင္ငံမွာရွိေနတဲ့ ပဋိ့ပကၡေတြ၊ ၿငိမ္းခ်မ္းေရးေတြ မသြားေသးဘဲနဲ႔ ဝင္လာလို႔ရွိရင္ ဒီဟာေတြက ေနာက္ထပ္ ပဋိပကၡေတြ ထပ္ၿပီး ျဖစ္ပြားေစႏုိင္တယ္ေပါ့။ ဒါ ပထမတခ်က္ပါ။

“ေနာက္ ဒုတိယတခ်က္ကေတာ့ ျမန္မာႏုိင္ငံ စြမ္းအင္ျပည့္ၿဖိဳးဖို႔အတြက္ကို ျပန္ျပည့္ၿမဲစြမ္းအင္ အေနနဲ႔လည္း ဒီမွာ ေရြးခ်ယ္စရာေတြ၊ သုေတသနလုပ္ထားတဲ့ဟာေတြ ရွိပါတယ္။ အဲဒီေတာ့ ျပန္ျပည့္ၿမဲစြမ္းအင္ အေနနဲ႔ သြားလုိ႔ရတဲ့ဟာ ရွိလုိ႔ရွိရင္ က်ေနာ္တုိ႔ သဘာဝပတ္ဝန္းက်င္လည္း ထိခုိက္မႈ ေလ်ာ့က်ေစတယ္၊ ေနာက္တခုက သုေတသန လုပ္ထားတဲ့ဟာေတြက ဒီျမန္မာႏုိင္ငံထဲမွာပဲေန၊ ျမန္မာႏုိင္ငံ တကယ့္အေျခအေနကို သိေနၾကတဲ့သူေတြ လုပ္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ ခုန Conflict Sensitivity လုိ႔ေျပာတဲ့ ပဋိပကၡျဖစ္တဲ့ ေနရာေဒသေတြ အေၾကာင္းလည္း သိရွိၿပီးျဖစ္ပါတယ္။”

လွ်ပ္စစ္စြမ္းအင္ ျပည့္မီေရးအတြက္ဆိုရင္ လက္ရွိထုတ္ေနတဲ့ လွ်ပ္စစ္ဓာတ္အား ပမာဏထဲက ေလလြင့္မႈနည္းေအာင္ မဟာဓာတ္အားလိုင္း စနစ္ေတြ၊ စက္ပစၥည္းေတြ ျပဳျပင္ေျပာင္းလဲဖို႔၊ ေနာက္ လွ်ပ္စစ္ဓာတ္အား ျဖန္႔ေ၀မႈအပိုင္းမွာ စီမံခန္႔ခြဲမႈ ေကာင္းေအာင္လုပ္ဖို႔လည္း တိုက္တြန္းပါတယ္။ လက္ရွိမွာေတာ့ ကမၻာ့ဘဏ္ေခ်းေငြ ေဒၚလာ သန္း ၄၀၀ နဲ႔ ျမန္မာအစိုးရက ပင္မဓာတ္အားလိုင္း ကြန္ရက္ကို တိုးခ်ဲ႕ တည္ေဆာက္ေနပါတယ္။

--------------------------------

(Unicode)

မြန်မာ့လျှပ်စစ်ဓာတ်အား ပြန်ပြည့်မြဲစွမ်းအင်သုံးဖို့ တိုက်တွန်း

တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်း ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ပြန်ပြည့်မြဲစွမ်းအင်က မဂ္ဂါဝပ် ၄ သောင်းကျော် အထိ ရရှိနိုင်ပြီး လိုအပ်ချက်ထက်တောင် ပိုလျှံနေတယ်လို့ စွမ်းအင်အရေး ဆောင်ရွက်နေသူတွေက ထောက်ပြပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေး အသုံးပြုမယ့်အစား ပြန်ပြည့်မြဲစွမ်းအင်ကို ပြောင်းလဲလာရေး ဆိုတာမှာ လက်တွေ့ ဖြစ်နိုင်ခြေ အလားအလာတွေနဲ့ ပတ်သက်လို့ Save the Natural Resource စာနာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုဧပရယ်ကြူကြူးကို ဗွီအိုအေရုံးချုပ်မှာ မသိင်္ဂီထိုက်က မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းက လက်ရှိ ရှိနေတဲ့ ပြန်ပြည့်မြဲစွမ်းအင် ရင်းမြစ်တွေကို စုစည်း သုတေသန ပြုချက်အရ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂,၀၀၀ ထိ ထုတ်နိုင်ပြီး ဒီပမာဏဟာဆိုရင် မြန်မာနိုင်ငံ လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင် ပမာဏထက် ပိုများနေတာပါ။ ကမ္ဘာ့ဘဏ်ရုံးချုပ်မှာ မြန်မာ့လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီး လာရောက် ဆွေးနွေးတဲ့ အရပ်ဘက်အဖွဲ့အစည်း Save the Natural Resource စာနာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုဧပရယ်ကြူကြူးက အခုလို ပြောပါတယ်။

“NEP လို့ပြောတဲ့ Natural Electrification Plan မှာ ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ၂၀၃၀ မှာ အမြင့်ဆုံးလိုနေတဲ့ လျှပ်စစ်ဓာတ်အားက ၁၄၅၄၂ မဂ္ဂါဝပ်၊ အနိမ့်ဆုံးလိုအပ်ချက်ကတော့ ၉၁၀၀ မဂ္ဂါဝပ်ပေါ့နော်၊ အဲတော့ လက်ရှိက ၆၀၀၀ လောက်ထုတ်တယ်၊ ၂၀၃၀ ကျရင် ၁၄၀၀၀ လောက် လိုတယ်ပေါ့။ ဒါပေမယ့် Renewable Energy က တွက်ချက်ထားတဲ့ဟာတွေအရ ဆိုရင် ၄၂၀၀၀ မဂ္ဂါဝပ်လောက်က ဒီ Renewable Energy ကနေ ရနိုင်တယ်ပေါ့။ ဒါကြောင့်မို့ ခုန ဆည်အကြီးကြီးတွေ ဆောက်မယ့်ဟာတွေ၊ ကျောက်မီးသွေး ဆောက်မယ့်ဟာတွေထက် ဒီဟာတွေပေါ်မှာ ဒီလိုမျိုး တွက်ချက်ထားတဲ့ ရွေးချယ်စရာလေးတွေ ရှိတယ်။

“ဒါပေမယ့် အဲဒီမှာ အများကြီးပြောလာကြမှာပေါ့၊ နည်းပညာအရ အခက်အခဲရှိတယ်၊ တခြားလုပ်စရာတွေက အများကြီး အခက်အခဲရှိတယ် ပြောနေပေမယ့်လည်း ဆည်ကြီးတွေဆောက်မယ့် ငွေတွေ၊ ကျောက်မီးသွေးတွေ ဆောက်မယ့်ငွေတွေက ဒီထဲမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ၂၀၃၀ မှာ ကျနော်တို့ မြန်မာနိုင်ငံအတွက် လျှပ်စစ်မီး လုံလောက်နိုင်တယ်။ ပြီးတော့ စီးပွားရေးလုပ်ဖို့အတွက်လည်း ဒီလျှပ်စစ်မီးတွေက လုံလောက်နိုင်ပါတယ်ဗျ။”

ကမ္ဘာ့ဘဏ်က ပံ့ပိုးဆောင်ရွက်နေတဲ့ အစိုးရရဲ့ NEP အမျိုးသား လျှပ်စစ်စွမ်းအင်ဆိုင်ရာ စီမံကိန်းမှာတော့ မြန်မာ့လျှပ်စစ် လိုအပ်ချက်ကို ရေအားလျှပ်စစ် စက်ရုံကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတွေက အဓိကထားထုတ်ဖို့ ရည်မှန်း ဆောင်ရွက်နေပြီး သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေကတော့ ဒီအစား ရှိနေပြီးဖြစ်တဲ့ ပြန်ပြည့်မြဲစွမ်းအင်ကို အဓိက အသုံးပြုဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ ပြန်ပြည့်မြဲစွမ်းအင် ရင်းမြစ်တွေကိုလည်း ကိုဧပရယ်ကြူကြူးက အခုလို ပြောပါတယ်။

“လေအားလျှပ်စစ်ပေါ့၊ လေအားလျှပ်စစ်အနေနဲ့တော့ ကျနော်တို့ အခုမှ သုတေသနလုပ်တဲ့ဟာတွေ၊ စမ်းသပ်တဲ့အဆင့်တွေပဲ ရှိပါသေးတယ်။ အဲတော့ ပြန်ပြည့်မြဲစွမ်းအင်လို့ ပြောလို့ရှိရင် အသေးစား ရေအားလျှပ်စစ်လေးတွေ၊ အသေးလေးတွေ ပေါ့နော်၊ အဲဒါတွေရယ်၊ နေရောင်ခြည်စွမ်းအင်သုံးရယ်၊ Biomass လို့ ပြောတဲ့ဟာတွေရယ် အဲဒါတွေက ပြန်ပြည့်မြဲစွမ်းအင် အနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေပါတယ်ဗျ။”

ပြန်ပြည့်မြဲစွမ်းအင်ကို အဓိကထား အသုံးပြုဖို့အရေးမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နိုင်ပေမယ့်လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တွေ ရနိုင်တယ်လို့လည်း ထောက်ပြပါတယ်။ ဒါ့အပြင် ရေအားလျှပ်စစ် စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အရေးတွေက မြန်မာ့နိုင်ငံရေး အပေါ်မှာပါ ရိုက်ခတ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“ကျောက်မီးသွေးကိစ္စရယ်၊ ရေအားလျှပ်စစ် အကြီးကြီးတွေရယ်၊ ပြီးရင် ဂက်စ်တွေရယ်ပေါ့၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုလို့ ပြောလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုက အများကြီးလာပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ စဉ်းစားရတာက တကမ္ဘာလုံးခြုံပြီး စဉ်းစားနေတဲ့ Paris Climate Change တခုတည်း မဟုတ်ပါဘူး။ နိုင်ငံရေးအခြေအနေပါ ထည့်စဉ်းစားရပါတယ်။ အဲတော့ နောက်ကနေလာတဲ့၊ ဥပမာ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆိုရင် မြစ်တွေပေါ်မှာ အဓိကဖြစ်တဲ့အတွက်ကြောင့် မြစ်တွေဘေးနားမှာဆိုရင် မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိပါတယ်။ ငြိမ်းချမ်းရေးကိစ္စလည်း အခုထိ ပိတ်နေတယ်ပေါ့၊ ဆက်ဆွေးနွေးလို့မရတဲ့ကိစ္စတွေ ရှိတယ်။

“ကျောက်မီးသွေးနဲ့ ပတ်သက်ရင်လည်း ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့ဟာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အများကြီးရှိမယ်ပေါ့နော်။ အဲတော့ မြန်မာနိုင်ငံအနေနဲ့ ပတ်သက်ပြီး ပြောရလို့ရှိရင်တော့ ရေအားလျှပ်စစ် အကြီးကြီးတွေ၊ ကျောက်မီးသွေးတွေ၊ တခြား ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတွေက မြန်မာနိုင်ငံမှာရှိနေတဲ့ ပဋိ့ပက္ခတွေ၊ ငြိမ်းချမ်းရေးတွေ မသွားသေးဘဲနဲ့ ဝင်လာလို့ရှိရင် ဒီဟာတွေက နောက်ထပ် ပဋိပက္ခတွေ ထပ်ပြီး ဖြစ်ပွားစေနိုင်တယ်ပေါ့။ ဒါ ပထမတချက်ပါ။

“နောက် ဒုတိယတချက်ကတော့ မြန်မာနိုင်ငံ စွမ်းအင်ပြည့်ဖြိုးဖို့အတွက်ကို ပြန်ပြည့်မြဲစွမ်းအင် အနေနဲ့လည်း ဒီမှာ ရွေးချယ်စရာတွေ၊ သုတေသနလုပ်ထားတဲ့ဟာတွေ ရှိပါတယ်။ အဲဒီတော့ ပြန်ပြည့်မြဲစွမ်းအင် အနေနဲ့ သွားလို့ရတဲ့ဟာ ရှိလို့ရှိရင် ကျနော်တို့ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှု လျော့ကျစေတယ်၊ နောက်တခုက သုတေသန လုပ်ထားတဲ့ဟာတွေက ဒီမြန်မာနိုင်ငံထဲမှာပဲနေ၊ မြန်မာနိုင်ငံ တကယ့်အခြေအနေကို သိနေကြတဲ့သူတွေ လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ခုန Conflict Sensitivity လို့ပြောတဲ့ ပဋိပက္ခဖြစ်တဲ့ နေရာဒေသတွေ အကြောင်းလည်း သိရှိပြီးဖြစ်ပါတယ်။”

လျှပ်စစ်စွမ်းအင် ပြည့်မီရေးအတွက်ဆိုရင် လက်ရှိထုတ်နေတဲ့ လျှပ်စစ်ဓာတ်အား ပမာဏထဲက လေလွင့်မှုနည်းအောင် မဟာဓာတ်အားလိုင်း စနစ်တွေ၊ စက်ပစ္စည်းတွေ ပြုပြင်ပြောင်းလဲဖို့၊ နောက် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုအပိုင်းမှာ စီမံခန့်ခွဲမှု ကောင်းအောင်လုပ်ဖို့လည်း တိုက်တွန်းပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း ၄၀၀ နဲ့ မြန်မာအစိုးရက ပင်မဓာတ်အားလိုင်း ကွန်ရက်ကို တိုးချဲ့ တည်ဆောက်နေပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG