သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဝန်းကျင်ကောင်းရဖို့ မိခင်နဲ့ကလေးငယ်တွေ အမေများနေ့တောင်းဆို 


ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ရေး အတွက် ဗြိတိန် နိုင်ငံ လန်ဒန်မြို့တော်က လမ်းမတွေပေါ်မှာ တနင်္ဂနွေနေ့က မိခင်တွေနဲ့ ကလေးတွေ ထောင်နဲ့ချီပြီး ချီတက် တောင်းဆိုခဲ့ကြပါတယ်။ ချီတက်ခဲ့သူ တဦးဖြစ်တဲ့ Rosamund Kissi-Debrah ကတော့ သမီးဖြစ်သူ Ella က ပန်းနာရပ်ကြပ်ဖြစ်ပြီး ဆုံးပါးခဲ့ရသူပါ။

သမီးဖြစ်သူရဲ့ ဝေဒနာက လန်ဒန် အရှေ့တောင်ပိုင်းက လေထု ညစ်ညမ်းမှုကြောင့် ဖြစ်ရတာလို့လည်း ယုံကြည်ထားကြတာပါ။ လေထုညစ်ညမ်းမှုကို ကိုင်တွယ် ဖြေရှင်းဖို့ ဆိုရင် ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းမှသာ ဖြစ်မှာပါလို့ Rosamund က ပြောပါတယ်။

သမီးဖြစ်သူ ဆုံးပါးခဲ့ပြီးနောက်မှာတော့ လေထုညစ်ညမ်းမှုကို လူတွေ ပိုပြီး သိရှိလာရေး အတွက် ဖောင်ဒေးရှင်း တခုကို စတင် ထူထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ချီတက်ပွဲကိုတော့ Hyde Park Corner ကနေစပြီး Parliament Square ထိ ချီတက်ခဲ့ကြတာပါ။ ချီတက်ပွဲကို တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ ရုပ်သံတင်ဆက်သူ Konnie Huq ကတော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ထက် အရေးကြီးတာ မရှိဘူးလို့ ပြောပါတယ်။ နိုင်ငံတကာ အမျိုးသမီး များနေ့မှာဘဲ အခုလို မိခင်တွေ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

သဘာဝဝန်းကျင်ကောင်းရဖို့ မိခင်နဲ့ကလေးငယ်တွေ အမေများနေ့တောင်းဆို
please wait

No media source currently available

0:00 0:00:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG