သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဩစတေးလျတောမီး သတိပေးချက်ထုတ်ပြန်


(Zawgyi/Unicode)

သြစတြေးလျနိုင်ငံ New South Wales နဲ့ Queensland ပြည်နယ်တွေမှာ တောမီးတွေ နေရာအတော်များများမှာ လောင်ကျွမ်းနေတာကြောင့် အန္တရာယ်ရှိတဲ့အဆင့် သတိပေးချက်တွေကို အစိုးရအရာရှိတွေက ထုတ်ပြန်ထားပါတယ်။

New South Wales ပြည်နယ်မှာ ပြည်နယ် ဝန်ကြီးချုပ် Gladys Berejiklian က ဒီကနေ့ပဲ အရေးပေါ်အခြေအနေ ကြေညာပါတယ်။

ဒီလိုကြေညာလိုက်တဲ့အတွက် မီးသတ်ဝန်ထမ်းတွေ အနေနဲ့ အစိုးရပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်ပေးနိုင်ဖို့ ဒေသခံတွေကို နေရာကနေ မဖြစ်မနေ ရွှေ့ပြောင်းခိုင်းတာ လမ်းမတွေကို ပိတ်ပြီး လျှပ်စစ်မီးနဲ့ ရေ ဖြန့်ဝေမှု ဖြတ်တောက်ပစ်တာတွေ လုပ်ဆောင်ခွင့် ရမှာဖြစ်ပြီး ဒီအရေးပေါ်ကြေညာချက်ကို အနည်းဆုံး သီတင်းတပတ်လောက် ထားရှိမှာဖြစ်ပါတယ်။

New South Wales ပြည်နယ်တွင်း တောမီး လောင်ကျွမ်းမှုပေါင်း ၆၀ ကျော် ရှိနေပြီး ဒီအထဲက တဝက်ကျော်လောက်ကို မီး မထိန်းနိုင်သေးဘူးလို့ မြို့ပြ မီးသတ်ဌာနက ကော်မရှင်နာမင်း Shane Fitzsimmons က ပြောပါတယ်။

ဒီအထဲက တောမီး ၁၀ ခုကိုတော့ စောင့်ကြည့်ပြီး လိုအပ်ရင် ချက်ချင်းတုံ့ပြန်ဖို့ သတိပေးအဆင့် သတ်မှတ်ထားသလို၊ မနေ့ကနဲ့ ဒီနေ့ ရာသီဥတုအခြေအနေအရ ပိုပြီး ဆိုးလာနိုင်ဖွယ်ရှိနေတာကြောင့် ပြည်နယ်မြောက်ပိုင်းမှာ သတိပေးချက် အဆင့်တိုး သတ်မှတ်နိုင်ကြောင်းလည်း ကော်မရှင်နာမင်း Fitzsimmons က ပြောပါတယ်။

မနက်ဖြန် အင်္ဂါနေ့မှာ ရာသီဥတု ပို ပူပြီး လေပြင်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားတာကြောင့် တောမီးအခြေအနေ ပိုဆိုးလာနိုင်ဖွယ် ရှိပါတယ်။ New South Wales ပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ တောမီးကြောင့် သေဆုံးသူ သုံးဦးရှိပြီး လူနေအိမ်ခြေ ၁၅၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG