သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယ္လီဖိုးနီးယား မီးေဘး ျမန္မာႏြယ္ဖြားတို႔ အေတြ႔အႀကံဳ


(Zawgyi/Unicode)

ကယ္လီဖုိးနီးယားျပည္နယ္မွာ ေလာင္ကၽြမ္းေနတဲ့ ေတာမီးဟာ ေလာေလာဆယ္ Los Angelis (LA) ၿမဳိ႕နားတဝိုက္ ေဒသတခ်ဳိ႕ကုိ ကူးစက္ ေလာင္ကၽြမ္းေနၿပီး ေဒသခံေတြ ေဘးလြတ္ရာကို တိမ္းေ႐ွာင္ၾကဖုိ႔၊ ျပည္နယ္ အစိုးရက သတိေပးထားပါတယ္။ ဒီေတာမီးကို ေဒသခံေတြ ဘယ္လုိရင္ဆိုင္ေနရသလဲ၊ ေလာင္ကၽြမ္းမႈ ေနာက္ဆုံးအေျခအေနနဲ႔ ကူညီ ကယ္ဆယ္ေရး ဘယ္လုိလုပ္ေဆာင္ေနၾကသလဲ ဆိုတာနဲ႔ ပတ္သက္လို႔ ေဒသခံေတြကိုေမးျမန္းထားတဲ့ ကုိဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု အေနာက္ဖက္ျခမ္း ကယ္လီဖုိးနီးယားျပည္နယ္မွာ ၿပီးခဲ့တဲ့ သီးတင္ပတ္ေတြထဲ ေတာမီး စတင္ ေလာင္ကၽြမ္းခဲ့ၿပီး၊ အဲဒီမီးဟာ အခုဆိုရင္ ကယ္လီဖုိးနီးယားေတာင္ဘက္ ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕နားတဝိုက္ကို ကူးစားလာခဲ့တာပါ။ ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕ San Fernando Valley မွာေနတဲ့ ျမန္မာႏြယ္ဖြား ဦးေစာေဝဇံက ေတာမီး အေျခအေနကို ရွင္းျပပါတယ္။

“တနာရီနဲ႔ တနာရီျခားတာနဲ႔ ေလတိုက္ႏႈန္းက မေန႔ကေပါ့ေနာ္ ပိုလို႔ပိုလို႔ ျပင္းလာတဲ့အခါက်ေတာ့ မီးေလာင္တဲ့ ႏႈန္းက တနာရီကို ဧက ၂၀၀-၃၀၀ ႏႈန္းနဲ႔ ေလာင္ေနပါတယ္။ ဆိုေတာ့ ၁၃၀၀ ဧကအထိ မေန႔ကေလာင္ပါတယ္။ က်ေနာ္တို႔ Ventura County မွာ။ simi valley မွာ။ အဲဒီကေလာင္ေနတာကေနမွ တခါ Yosemite ဆုိတဲ့ေနရာ simi valley မွာ ထပ္ေလာင္ပါတယ္။ မေန႔ကပဲ က်ေနာ္တို႔ရဲ႕ LA ေကာင္တီမွာ Calabasas မွာ ေလာင္ပါတယ္။ အဲဒါလည္း ထိန္းႏိုင္လိုက္တယ္။ San Bernardino ေကာင္တီမွာေတာ့ ေလာင္ေနတာေတာ့ နည္းနည္းေတာ့ ၾကာပါၿပီ အခုအထိ ေလာင္ေနတုန္းပဲ အဲဒါကေတာ့။”

ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕ ေျမာက္ဘက္ Ventura County မွာေနတဲ့ မႏွင္းေဝဇံကေတာ့ ေတာမီးဟာ သူတို႔ေနအိမ္နဲ႔ ၁ မိုင္ အကြာအေဝးအထိ ကူးစက္လာခဲ့ၿပီး၊ ေနအိမ္ကို စြန္႔ခြာရမယ့္ အေျခအေန ႀကဳံခဲ့ရတယ္လို႔ ဆုိပါတယ္။

“မနက္ ထတဲ့အခ်ိန္မွာေပါ့ေနာ္ မီးက ၆ နာရီေလာက္က စေလာင္တာေပါ့ေနာ္။ East side ဘက္က စေလာင္တာ ။ ေလာင္တဲ့အခါမွာ သူတို႔က ခ်က္ခ်င္း evacuation လုပ္သြားတယ္။ အမတို႔ေနတာက Freeway 23 ရဲ႕ west side ဘက္မွာေနတာ Highway နဲ႔ နီးတာေပါ့ေနာ္ မီးေလာင္တာ တေျဖးေျဖး ဧကေတြမ်ားမ်ားလာၿပီးေတာ့ လူေတြကလည္း evacuate လုပ္ရတယ္။ ကေလးေတြလည္း ခ်က္ခ်င္း ေက်ာင္းေတြက မေန႔က အကုန္လံုး ပိတ္လိုက္ေရာ။ အခုက ေလတိုက္တာက ေျပာင္းသြားၿပီးေတာ့ west ကိုတိုက္တယ္။ အဲဒီ west ကိုတိုက္တဲ့အခါ မီးက freeway ေပၚကို တက္ၿပီးေတာ့ အမတို႔ဘက္ကို ေရာက္လာေရာ အဲဒီအခ်ိန္မွာ အမတို႔နဲ႔ နီးတယ္။ ၁ မိုင္ေလာက္ပဲ ေ၀းတယ္။ အဲဒီအခ်ိန္မွာ အမခင္ပြန္းကလည္း အလုပ္သြားေနတယ္။ ကေလး ၂ ေယာက္နဲ႔ ေခြး ၂ ေကာင္နဲ႔ အိမ္မွာ အမ အထုတ္အပိုးလုပ္တာ ေပါ့ေနာ္ ။ မီးက ၁ မိုင္ပဲ ေ၀းေတာ့ ေၾကာက္ေနတာေပါ့ေနာ္။ ဒါေပမယ့္ evacuate မလုပ္လိုက္ရဘူး။”

ေလာ့စ္အိန္ဂ်လိစ္ တဝိုက္ေတာမီးေၾကာင့္ ေဒသအာဏာပိုင္ေတြက ကူညီကယ္ဆယ္ေရးေတြ အေလးထားေဆာင္ရြက္ေနၿပီး မီးျငိမ္းသတ္ရင္း မီးသတ္သမားတခ်ဳိ႕ အသက္ေပးသြားရတယ္လုိ႔ ဦးေစာေဝဇံက ေျပာပါတယ္။

“ဒီ မီးသတ္ တပ္ဖြဲ႔ကေနၿပီးေတာ့ သူတို႔ evacuate လုပ္ဖို႔အတြက္ စီစဥ္ပါတယ္။ သူတို႔ ေနရာေတြ သတ္မွတ္ေပးပါတယ္။ လူေတြလည္း အကုန္လံုးေရႊ႕ေျပာင္းရတယ္၊ တရိစာၦန္ေတြဆိုရင္လည္း ဥပမာ ေခြးေတြ ေၾကာင္ေတြဆိုရင္လည္း သူတို႔ shelter ပို႔ပါတယ္။ ျမင္းေတြဆိုရင္လညး္ ျမင္းေမြးတဲ့ေနရာ ေတြမွာ ထားတယ္။ တရိစာၦန္ေတြဆိုရင္ အဲဒီလို ေရြ႕ပါတယ္။ TV မွာလည္း ေၾကညာတယ္။ အေရးႀကီးတဲ့ paper works ေတြေပါ့ေနာ္ အေရးႀကီးတဲ့ စာရြက္စာတမ္းေတြ passport တို႔ ဘာတို႔ အိမ္ပိုင္ဆိုင္မႈ စတဲ့ စာရြက္စာတမ္းေတြကိုယူၿပီး အျမန္ဆံုးအိမ္ကို စြန္႔ခြာဖို႔အတြက္ စသျဖင့္ ေၾကညာပါတယ္။ မီးသတ္၀န္ထမ္းေတြ ႀကိဳးစားၿပီးေတာ့ မီးၿငိွမ္းသက္ၿပီးေတာ့ ၀န္ထမ္းေတြ ေသသြားတာလည္း က်ေနာ္ TV မွာေတြ႔ခဲ့ရပါတယ္။ သူတို႔ဟာ ႀကိဳးစားပမ္းစားလုပ္ၿပီးေတာ့ ေသဆံုးသြားၾကတဲ့ လူေတြရွိတယ္။ အသက္စြန္႔ၿပီးေတာ့ မီးၿငိွမ္းသတ္ၿပီးေတာ့ ကာကြယ္ဖို႔ကို သူတို႔ ႀကိဳးစားၾကတယ္ေပါ့။”

သဲကႏၲာရနဲ႔ ေတာင္ၾကားကလာတဲ့ ပူျပင္းေျခာက္ေသြ႔တဲ့ ေလျပင္းေၾကာင့္ ကယ္လီဖုိးနီးယား ျပည္နယ္မွာ ႏွစ္စဥ္ဆိုသလို ေတာမီးေလာင္ ကၽြမ္းေလ့ရွိေပမယ့္ ႀကဳိတင္သတိေပးတဲ့စနစ္ ေကာင္းတယ္လို႔ ဦးေစာေဝဇံက သုံးသပ္ပါတယ္။

“ေလျပင္းတိုက္ေတာ့မယ္ဆိုရင္ TV ထဲမွာ ေၾကညာပါတယ္။ Red flag warning အရင္ေပးပါတယ္။ သတိထားၾကဖို႔အတြက္ ။ သူတို႔ သတိထားဖို႔ ေျပာတာပဲ ရွိေသးတယ္ တကယ္ သူတို႔ ေျပာတဲ့အခ်ိန္ မီးေလာင္တာပဲ ဆိုတဲ့အခါက်ေတာ့ သူတို႔က ႀကိဳတင္ျပင္ဆင္ထားတာရွိပါတယ္။ မီးသတ္တပ္ဖြဲ႔ကေနၿပီးေတာ့ ေနာက္ၿပီးေတာ့ ေလယာဥ္ပ်ံ ေတြနဲ႔ helicopter ေတြနဲ႔ ဒီ ဓါတုေဆးရည္ေတြေရာ၊ ေရေတြေရာ ပတ္ျဖန္းၿပီးေတာ့ မီးေလာင္တဲ့ေနရာေတြကို ကာကြယ္မႈေတြလုပ္တယ္။ ေနာက္တခုက ေနာက္ဆက္လာႏိုင္မယ့္ မီးကူးႏိုင္မယ့္ဟာေတြကို သူတို႔က ႀကိဳတင္ၿပီးေတာ့ မီးရိႈ႕လိုက္တယ္။ ႀကိဳတင္ၿပီးေတာ့ မီးကို ျခားေစတာေပါ့။ မီးကို မီးရိႈ႕ၿပီးတားတာ။ ၿပီးခဲ့တဲ့အပတ္ မီးေလာင္တဲ့အခါမွာ သူတို႔ CCTV security TV တခုကေနၿပီး Truck ကားတစီး ျဖတ္သြားတာမွာ အဲဒီကအျဖတ္ ေဘးမွာ ၀ုန္းခနဲ မီးထေလာင္တယ္။ အဲဒီကားကေနၿပီးေတာ့ တခုခု ပစ္ခ်လိုက္လို႔ မီးေလာင္သြားတာလား ဘာလဲေတာ့မသိဘူး အဲဒီကားကို သူတို႔ camera ထဲမွာ မိပါတယ္။”

ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ Getty Center အႏုပညာျပခန္းနား ေလာင္တဲ့မီးကို ၄၀% ေလာက္ ထိန္းခ်ဳပ္ႏုိင္ၿပီလို႔ မီးသတ္သမားေတြက ၾကာသပေတး ေန႔မွာ ေျပာပါတယ္။

ေျမာက္ပိုင္းကယ္လီဖိုးနီးယား၊ ဆန္ဖရန္စစၥကိုၿမိဳ႕ေျမာက္ဘက္မွာ ေလာင္ေနတဲ့ ေတာမီးေၾကာင့္ လူေပါင္း ၂ သိန္းနီးပါး မီးေဘးကေန ထြက္ေျပး ၾကရပါတယ္။ အဲဒီမီးရဲ႕ ၆၀% ေလာက္ကို မီးသတ္တပ္ဖြဲ႔က ထိန္းခ်ဳပ္ႏုိင္ခဲ့ၿပီး၊ မီးေဘးေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးရသူတခ်ဳိ႕ အိမ္ျပန္ခြင့္ စရေနၾကၿပီ ျဖစ္ပါတယ္။

.......................

ကယ်လီဖိုးနီးယား မီးဘေး မြန်မာနွယ်ဖွားတို့ အတွေ့အကြုံ

(Zawgyi/Unicode)

ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ လောလောဆယ် Los Angelis (LA) မြို့နားတဝိုက် ဒေသတချို့ကို ကူးစက် လောင်ကျွမ်းနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့၊ ပြည်နယ် အစိုးရက သတိပေးထားပါတယ်။ ဒီတောမီးကို ဒေသခံတွေ ဘယ်လိုရင်ဆိုင်နေရသလဲ၊ လောင်ကျွမ်းမှု နောက်ဆုံးအခြေအနေနဲ့ ကူညီ ကယ်ဆယ်ရေး ဘယ်လိုလုပ်ဆောင်နေကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေသခံတွေကိုမေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့ သီးတင်ပတ်တွေထဲ တောမီး စတင် လောင်ကျွမ်းခဲ့ပြီး၊ အဲဒီမီးဟာ အခုဆိုရင် ကယ်လီဖိုးနီးယားတောင်ဘက် လော့စ်အိန်ဂျလိစ်မြို့နားတဝိုက်ကို ကူးစားလာခဲ့တာပါ။ လော့စ်အိန်ဂျလိစ်မြို့ San Fernando Valley မှာနေတဲ့ မြန်မာနွယ်ဖွား ဦးစောဝေဇံက တောမီး အခြေအနေကို ရှင်းပြပါတယ်။

“တနာရီနဲ့ တနာရီခြားတာနဲ့ လေတိုက်နှုန်းက မနေ့ကပေါ့နော် ပိုလို့ပိုလို့ ပြင်းလာတဲ့အခါကျတော့ မီးလောင်တဲ့ နှုန်းက တနာရီကို ဧက ၂၀၀-၃၀၀ နှုန်းနဲ့ လောင်နေပါတယ်။ ဆိုတော့ ၁၃၀၀ ဧကအထိ မနေ့ကလောင်ပါတယ်။ ကျနော်တို့ Ventura County မှာ။ simi valley မှာ။ အဲဒီကလောင်နေတာကနေမှ တခါ Yosemite ဆိုတဲ့နေရာ simi valley မှာ ထပ်လောင်ပါတယ်။ မနေ့ကပဲ ကျနော်တို့ရဲ့ LA ကောင်တီမှာ Calabasas မှာ လောင်ပါတယ်။ အဲဒါလည်း ထိန်းနိုင်လိုက်တယ်။ San Bernardino ကောင်တီမှာတော့ လောင်နေတာတော့ နည်းနည်းတော့ ကြာပါပြီ အခုအထိ လောင်နေတုန်းပဲ အဲဒါကတော့။”

လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက် Ventura County မှာနေတဲ့ မနှင်းဝေဇံကတော့ တောမီးဟာ သူတို့နေအိမ်နဲ့ ၁ မိုင် အကွာအဝေးအထိ ကူးစက်လာခဲ့ပြီး၊ နေအိမ်ကို စွန့်ခွာရမယ့် အခြေအနေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

“မနက် ထတဲ့အချိန်မှာပေါ့နော် မီးက ၆ နာရီလောက်က စလောင်တာပေါ့နော်။ East side ဘက်က စလောင်တာ ။ လောင်တဲ့အခါမှာ သူတို့က ချက်ချင်း evacuation လုပ်သွားတယ်။ အမတို့နေတာက Freeway 23 ရဲ့ west side ဘက်မှာနေတာ Highway နဲ့ နီးတာပေါ့နော် မီးလောင်တာ တဖြေးဖြေး ဧကတွေများများလာပြီးတော့ လူတွေကလည်း evacuate လုပ်ရတယ်။ ကလေးတွေလည်း ချက်ချင်း ကျောင်းတွေက မနေ့က အကုန်လုံး ပိတ်လိုက်ရော။ အခုက လေတိုက်တာက ပြောင်းသွားပြီးတော့ west ကိုတိုက်တယ်။ အဲဒီ west ကိုတိုက်တဲ့အခါ မီးက freeway ပေါ်ကို တက်ပြီးတော့ အမတို့ဘက်ကို ရောက်လာရော အဲဒီအချိန်မှာ အမတို့နဲ့ နီးတယ်။ ၁ မိုင်လောက်ပဲ ဝေးတယ်။ အဲဒီအချိန်မှာ အမခင်ပွန်းကလည်း အလုပ်သွားနေတယ်။ ကလေး ၂ ယောက်နဲ့ ခွေး ၂ ကောင်နဲ့ အိမ်မှာ အမ အထုတ်အပိုးလုပ်တာ ပေါ့နော် ။ မီးက ၁ မိုင်ပဲ ဝေးတော့ ကြောက်နေတာပေါ့နော်။ ဒါပေမယ့် evacuate မလုပ်လိုက်ရဘူး။”

လော့စ်အိန်ဂျလိစ် တဝိုက်တောမီးကြောင့် ဒေသအာဏာပိုင်တွေက ကူညီကယ်ဆယ်ရေးတွေ အလေးထားဆောင်ရွက်နေပြီး မီးငြိမ်းသတ်ရင်း မီးသတ်သမားတချို့ အသက်ပေးသွားရတယ်လို့ ဦးစောဝေဇံက ပြောပါတယ်။

“ဒီ မီးသတ် တပ်ဖွဲ့ကနေပြီးတော့ သူတို့ evacuate လုပ်ဖို့အတွက် စီစဉ်ပါတယ်။ သူတို့ နေရာတွေ သတ်မှတ်ပေးပါတယ်။ လူတွေလည်း အကုန်လုံးရွှေ့ပြောင်းရတယ်၊ တရိစ္ဆာန်တွေဆိုရင်လည်း ဥပမာ ခွေးတွေ ကြောင်တွေဆိုရင်လည်း သူတို့ shelter ပို့ပါတယ်။ မြင်းတွေဆိုရင်လည်း မြင်းမွေးတဲ့နေရာ တွေမှာ ထားတယ်။ တရိစ္ဆာန်တွေဆိုရင် အဲဒီလို ရွေ့ပါတယ်။ TV မှာလည်း ကြေညာတယ်။ အရေးကြီးတဲ့ paper works တွေပေါ့နော် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ passport တို့ ဘာတို့ အိမ်ပိုင်ဆိုင်မှု စတဲ့ စာရွက်စာတမ်းတွေကိုယူပြီး အမြန်ဆုံးအိမ်ကို စွန့်ခွာဖို့အတွက် စသဖြင့် ကြေညာပါတယ်။ မီးသတ်ဝန်ထမ်းတွေ ကြိုးစားပြီးတော့ မီးငြှိမ်းသက်ပြီးတော့ ဝန်ထမ်းတွေ သေသွားတာလည်း ကျနော် TV မှာတွေ့ခဲ့ရပါတယ်။ သူတို့ဟာ ကြိုးစားပမ်းစားလုပ်ပြီးတော့ သေဆုံးသွားကြတဲ့ လူတွေရှိတယ်။ အသက်စွန့်ပြီးတော့ မီးငြှိမ်းသတ်ပြီးတော့ ကာကွယ်ဖို့ကို သူတို့ ကြိုးစားကြတယ်ပေါ့။”

သဲကန္တာရနဲ့ တောင်ကြားကလာတဲ့ ပူပြင်းခြောက်သွေ့တဲ့ လေပြင်းကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်မှာ နှစ်စဉ်ဆိုသလို တောမီးလောင် ကျွမ်းလေ့ရှိပေမယ့် ကြိုတင်သတိပေးတဲ့စနစ် ကောင်းတယ်လို့ ဦးစောဝေဇံက သုံးသပ်ပါတယ်။

“လေပြင်းတိုက်တော့မယ်ဆိုရင် TV ထဲမှာ ကြေညာပါတယ်။ Red flag warning အရင်ပေးပါတယ်။ သတိထားကြဖို့အတွက် ။ သူတို့ သတိထားဖို့ ပြောတာပဲ ရှိသေးတယ် တကယ် သူတို့ ပြောတဲ့အချိန် မီးလောင်တာပဲ ဆိုတဲ့အခါကျတော့ သူတို့က ကြိုတင်ပြင်ဆင်ထားတာရှိပါတယ်။ မီးသတ်တပ်ဖွဲ့ကနေပြီးတော့ နောက်ပြီးတော့ လေယာဉ်ပျံ တွေနဲ့ helicopter တွေနဲ့ ဒီ ဓါတုဆေးရည်တွေရော၊ ရေတွေရော ပတ်ဖြန်းပြီးတော့ မီးလောင်တဲ့နေရာတွေကို ကာကွယ်မှုတွေလုပ်တယ်။ နောက်တခုက နောက်ဆက်လာနိုင်မယ့် မီးကူးနိုင်မယ့်ဟာတွေကို သူတို့က ကြိုတင်ပြီးတော့ မီးရှို့လိုက်တယ်။ ကြိုတင်ပြီးတော့ မီးကို ခြားစေတာပေါ့။ မီးကို မီးရှို့ပြီးတားတာ။ ပြီးခဲ့တဲ့အပတ် မီးလောင်တဲ့အခါမှာ သူတို့ CCTV security TV တခုကနေပြီး Truck ကားတစီး ဖြတ်သွားတာမှာ အဲဒီကအဖြတ် ဘေးမှာ ဝုန်းခနဲ မီးထလောင်တယ်။ အဲဒီကားကနေပြီးတော့ တခုခု ပစ်ချလိုက်လို့ မီးလောင်သွားတာလား ဘာလဲတော့မသိဘူး အဲဒီကားကို သူတို့ camera ထဲမှာ မိပါတယ်။”

လော့စ်အိန်ဂျလိစ်မြို့ Getty Center အနုပညာပြခန်းနား လောင်တဲ့မီးကို ၄၀% လောက် ထိန်းချုပ်နိုင်ပြီလို့ မီးသတ်သမားတွေက ကြာသပတေး နေ့မှာ ပြောပါတယ်။

မြောက်ပိုင်းကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုမြို့မြောက်ဘက်မှာ လောင်နေတဲ့ တောမီးကြောင့် လူပေါင်း ၂ သိန်းနီးပါး မီးဘေးကနေ ထွက်ပြေး ကြရပါတယ်။ အဲဒီမီးရဲ့ ၆၀% လောက်ကို မီးသတ်တပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီး၊ မီးဘေးကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူတချို့ အိမ်ပြန်ခွင့် စရနေကြပြီ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG