သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်California တောမီး ပိုမိုကျယ်ပြန့်


California တောင်ပိုင်းမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကို ငြိမ်းသတ်ဖို့ မီးသတ်သမားတွေ ဆက်ပြီး ကြိုးစား နေရဆဲ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ San Diego မြောက်ပိုင်းအထိ နောက်ထပ် မီးကူးလာပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ ရက် ကတည်းက လောင်ကျွမ်းနေတဲ့ မီးကြောင့် အဆောက်အဦးပေါင်း အနည်း ဆုံး ၅၀၀ ပျက်စီးသွားပြီး ဖြစ်သလို လူပေါင်း တသိန်း ကိုးသောင်းလောက်ကို လည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

တနင်္လာနေ့က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ နေရာ ၆ ခုမှာ ကို ပြန့်နှံ့သွားခဲ့သလို တခြားနေရာ လေးတွေမှာလည်း လောင်ကျွမ်း နေတာ ဖြစ်ပါတယ်။ မီးသတ်သမား ၅၇၀၀ ကျော် နဲ့ ငြိမ်းသတ်နေရသလို၊ မီးအရှိန်လျော့အောင် ရဟတ်ယာဉ်တွေနဲ့ ဆေးတွေ ရေတွေ ဖြန်း နေရတာပါ။

Santa Ana အနောက်လေက မပြတ်တိုက်ခတ်နေတာမို့ ပစိဖိတ် ကမ်းရိုးတန်း တလျှောက် Los Angeles ကနေ မြောက်ပိုင်း ကီလို ၁၇၀ ကျော်က Santa Barbara အထိ မီးကူးစက် လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။

သမ္မတ Donald Turmp က ကယ်လီဖိုးနီးယား ပြည်နယ်အတွက် ဗဟိုအစိုးရ အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့ပြီး ဗဟိုအစိုးရ ဌာနတွေ ကယ်ဆယ် ကူညီရေးမှာ ပူးပေါင်း ကူညီဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် သစ်တောနဲ့ မီးဘေးကာကွယ်ရေး ဌာနက အင်္ဂါနေ့က ထုတ်ပြန်ရာမှာတော့ ဒီနှစ်အတွက် ဧရိယာ ဟက်တာ ၄ သိန်း ကျော် မီးလောင်ကျွမ်းခဲ့ တယ်လို့ဆိုပါတယ်။

တောင်California တောမီး ပိုမိုကျယ်ပြန့်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG