သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California တောင်ပိုင်း တောမီး အဆောက်အဦး ၁၂၀၀၀ မီးလောင်ကျွမ်းမယ့် အန္တရာယ်ရှိ


California Wildfires

အမေရိကန်ပြည်ထောင်စု၊ တောင်ကာလီဖိုးနီးယားပြည်နယ် Ventura ခရိုင်မှာ တောမီး ဆက်လက်လောင်ကျွမ်းနေပြီး အဆောက်အဦးပေါင်း ၁ သောင်း ၂ ထောင်ခန့် အန္တရာယ် ကျရောက်နေတဲ့အတွက် စာသင်ကျောင်းများကို ပိတ်ထားလိုက် ရပါတယ်။

တနင်္ဂနွေနေ့ကစတင်လာတဲ့ မီးဘေးကြောင့် Los Angeles မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၉၀ ကျော်အကွာမှာ ဒါဇင်နဲ့ချီတဲ့ အိမ်တွေ လောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။ ဒီမီးကို ငြိမ်းသတ်ဖို့ Los Angeles မီးသတ်ဌာနက ရာနဲ့ချီတဲ့ မီးသတ်သမားတွေ ဖြန့်ချထားပြီး ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကိုပါ အကူအညီ ခေါ်ယူထားရပါတယ်။

ကာလီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က Ventura ခရိုင်မှာ အရေးပေါ် အခြေအနေ ကြေညာပြီး နောက်တနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဒေသခံတွေ စွန့်ခွာဖို့ အဆင်သင့်ပြင်ထားကြရမယ်လို့ ညွှန်ကြားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒေသခံတွေအနေနဲ့ လုံခြုံစွာနေထိုင်ကြဖို့၊ အန္တရာယ်ရှိတဲ့ ဒေသတွေကနေ ထွက်ခွာကြဖို့လည်း သူ့ရဲ့ Twitter ကနေ တိုက်တွန်းလိုက်ပါတယ်။

California Wildfires
please wait

No media source currently available

0:00 0:00:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG